စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးသီးနှံ သုတေသနဌာနခွဲ၊ စပါးသီးနှံသုတေသနဗဟိုဌာန မိသားစု ၏ (၄၆)ကြိမ်မြောက် ထမနဲပွဲကျင်းပခြင်း

DSC00152
DSC00150
DSC00189
DSC00190
DSC00203
DSC00193
DSC00156
DSC00204
DSC00195
DSC00201
DSC00169
DSC00159
DSC00152 DSC00150 DSC00189 DSC00190 DSC00203 DSC00193 DSC00156 DSC00204 DSC00195 DSC00201 DSC00169 DSC00159

စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံ သုတေသနဌာနခွဲ၊ စပါးသီးနှံ သုတေသန ဗဟိုဌာနမိသားစု ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် (၄၆)ကြိမ်မြောက် ထမနဲပွဲအား ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ (၃)ရက်နံနက်ပိုင်းတွင် စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ပါသည်။

လမြတ်တပို့တွဲတွင် ထမနဲပွဲဆင်နွှဲကာ ထမနဲပူပူနွေးနွေးအား ဦးဦးဖျားဖျား ဆွမ်းတော် ကပ်ကြလျက် သံဃာတော်တို့အားလောင်းလှူခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ ဆွေမျိုးမိတ်သင်္ဂဟ များအား ဝေငှလှူဒါန်းခြင်းဖြင့် ပျော်ရွှင်စွာ ဆင်နွှဲသည့်အလေ့ အထရှိသည့် လတစ်လဖြစ်ပါသည်။ မြန်မာနိုင်ငံတစ်နံ့ တစ်လျားတွင် တပို့တွဲလ ရောက်တိုင်း ညီညွတ်မှု၏ ပြယုဂ်ဖြစ်သော စုပေါင်း ထမနဲထိုးပွဲတော် ကျင်းပ၍ လည်းကောင်း၊ အိမ်ထောင်စုအလိုက် ထမနဲထိုး၍လည်းကောင်း အလှူဒါနပြုခြင်းမှာ စိတ်ချမ်းမြေ့ဖွယ်ရိုးရာတစ်ရပ် ဖြစ်ပါ သည်။ အဆိုပါမြန်မာတို့၏ အစဉ်အလာ ယဉ်ကျေးမှုအားထိမ်းသိမ်းခြင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ကျင်းပမြဲ အစဉ်အလာအား ထိမ်းသိမ်ခြင်း အားဖြင့် အကြီးဆုံးဝန်ထမ်းများမှသည် အငယ်ဆုံး ဝန်ထမ်းများထိ ချစ်ခင် ရင်းနှီးစွာ အတူပါဝင်ဆင်နွဲနိုင်ရန် ရည်ရွယ်၍ကျင်းပသည့် ရာသီပွဲတစ်ခု ဖြစ်ပါသည်။

အဆိုပါ ထမနဲပွဲသို့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အကြီးအကဲများ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ အရာထမ်း၊အမှုထမ်းအငြီမ်းစားများ၊ စိုက်ပျိုးရေး သုတေသန ဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ချုပ် နှင့်ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများ၊ သီးနှံသုတေသနဌာနစုများ၊ နည်းပညာ သုတေသနဌာနစုများ၊ သုတေသန အထောက် အကူပြု ဌာနစုများမှအရာထမ်း၊ အမှုထမ်းနှင့်နေ့စားဝန်ထမ်းများ စုံစုံညီညီ တက်ရောက် ခဲ့ကြ ပါသည်။

အဆိုပါတက်ရောက်လာကြသည့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမိသားစုဝင်များမှ စပါး သီးနှံ သုတေသနဗဟိုဌာန၏ (၄၆)ကြိမ်မြောက် ထမနဲပွဲတွင် ရာသီစာဖြစ်သည့် ထမနဲနှင့် စားသောက်ဖွယ်ရာများကို သုံးဆောင်ကာ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြ ပါကြောင်း သတင်း မှတ်တမ်း အဖြစ် ဖော်ပြအပ်ပါသည်။