စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ယာသီးနှံ သုတေသနခွဲ ဆီထွက်သီးနှံသုတေသနဌာနစုသို့ စိုက်ပျိုးရေးတက္ကသိုလ် မှ ကျောင်းသားကျောင်းသူများလာရောက်လေ့လာ ခြင်း

IMG_3850
IMG_3851
IMG_3866
IMG_3852
IMG_3864
IMG_3857
IMG_3881
IMG_3900
IMG_3914
IMG_3911
IMG_3888
IMG_3840
IMG_3842
IMG_3850 IMG_3851 IMG_3866 IMG_3852 IMG_3864 IMG_3857 IMG_3881 IMG_3900 IMG_3914 IMG_3911 IMG_3888 IMG_3840 IMG_3842

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ယာသီးနှံ သုတေသနခွဲသို့ စိုက်ပျိုးရေးတက္ကသိုလ် အပင်မျိုးမွေးမြူရေး ဇီဝကမ္မ ဗေဒ နှင့်ဂေဟဗေဒ ဌာနမှ ပါမောက္ခ ဆရာ ဒေါက်တာစိုးဝင်း ဦးဆောင်သော ဆရာ ဆရာမ (၆)ဦးနှင့် Plant Breeding အထူး ပြုကျောင်းသားကျောင်းသူ ၂၇ ဦး တို့သည် ၂၀၂၂ခုနှစ် ဒီ ဇင် ဘာ (၁ )ရက်နေ့ ကလေ့လာ ရေး လာရောက် ခဲ့ကြပါသည်။

အဆိုပါလေ့လာရေးအဖွဲ့အား နှမ်းသီးနှံသုတေသနများ၊ နှမ်းသီးနှံ မျိုးကူးစပ်မွေးမြူရွေးချယ် ခြင်းနှင့်စပ်လျဉ်း၍ လက်ထောက် သုတေသနအရာ ရှိ ဒေါက်တာ ခင်ဆွေလှိုင် ထွန်းမှလည်းကောင်း၊ မြေပဲသီးနှံသုတေသနများ၊ မြေပဲသီးနှံ မျိုးကူးစပ်မွေးမြူရွေးချယ် ခြင်း နှင့်စပ်လျဉ်း၍ လက်ထောက် သုတေသနအရာရှိ ဒေါ်စိမ်းလဲ့မွန်မှလည်းကောင်း၊ နေကြာသီးနှံသုတေသနများ၊ နေကြာ သီးနှံ မျိုးကူးစပ်မွေးမြူရွေးချယ် ခြင်း နှင့်စပ်လျဉ်း၍ သုတေသနအရာရှိ ဒေါ်နန်းပပဝင်းမှလည်းကောင်း လုပ်ငန်း ဆောင်ရွက်ပုံ အဆင့်ဆင့် တို့အား မျှဝေပေးခဲ့ပါကြောင်းနှင့် ကျောင်းသား ကျောင်းသူများ မှသိလိုသည်များအား မေးမြန်း ခဲ့ကြရာ တာဝန်ရှိသူအသီးသီးမှ ပြန်လည် ဖြေကြား ခဲ့ကြပါကြောင်း သတင်း မှတ်တမ်း အဖြစ် ဖော်ပြ အပ်ပါသည်။