စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မွေးမြူရေးသုတေသန ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် စပါး၊ငါး သုတေသနစိုက်ခင်းသို့ သက်ဆိုင်ရာညွှန်ကြားရေးမှူးများ ကွင်းဆင်းစစ်ဆေးခြင်း

viber_image_2022-11-24_11-10-05-954
viber_image_2022-11-24_11-10-06-773
viber_image_2022-11-24_11-10-06-316
viber_image_2022-11-24_11-10-06-491
viber_image_2022-11-24_11-10-06-074
viber_image_2022-11-24_11-10-06-663
viber_image_2022-11-24_11-10-05-954 viber_image_2022-11-24_11-10-06-773 viber_image_2022-11-24_11-10-06-316 viber_image_2022-11-24_11-10-06-491 viber_image_2022-11-24_11-10-06-074 viber_image_2022-11-24_11-10-06-663

စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မွေးမြူရေးသုတေသန ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်မှုတစ်ခုအဖြစ် စပါးငါး-တွဲဘက် စိုက်ပျိုးမွေးမြူခြင်း သုတေ သနအား ဆောင်ရွက် လျက်ရှိပါသည်။ အဆိုပါ သုတေသနအားဆောင် ရွက်ရာတွင် စပါးငါးစိုက်ပျိုး မွေးမြူခြင်း သည်စပါးသီးသန့် သမရိုးကျစိုက်ပျိုးခြင်းထက် အကျိုးအမြတ် ပိုမိုရရှိမှုအား သိရှိနိုင် စေရန်နှင့် တောင်သူများ ဝင်ငွေတိုးပြီးလူမှုစီးပွားဘဝမြင့်မားလာစေရန်ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စိုက်ပျိုးမွေးမြူရေးစနစ် သုတေသနဌာနစု ကွင်းရှိ(၁.၅) ဧကစိုက်ခင်းတွင် ၂၀၂၂ မိုးနှောင်းရာသီတွင် ဆောင်ရွက်ထားရှိခြင်းဖြစ်ပါသည်။

စပါးစိုက်ပျိုးခြင်းနှင့် ငါးမွေးမြူခြင်းမှစွန့်ပစ်ပစ္စည်းများသည် စနစ်တစ်ခုနှင့်တစ်ခု တွင် အပြန်အလှန် အကျိုးသက်ရောက်မှုရှိ၍ သွင်းအားစုကုန်ကျ စရိတ်များ လျော့နည်း သက်သာစေနိုင်ခြင်း၊ စပါး-ငါးစနစ်ဖြင့် သဘာဝပတ်ဝန်းကျင်တွင် ဆိုးကျိုးများ လျော့နည်းသက်သာစေ နိုင်ခြင်းနှင့် စိုက်ပျိုးမွေးမြူရေးစနစ်လုပ်ငန်းများ၏ စွမ်းရည်ကို တည်တံ့ခိုင်မြဲအောင် ပံ့ပိုးကူညီနိုင်မည့်စနစ်ဖြစ်ခြင်းကြောင့် အဆိုပါသုတေသနအား ဆောင်ရွက် ထားရှိခြင်းဖြစ်ပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ စိုက်ပျိုးမွေး မြူရေးစနစ် စိုက်ခင်းတွင် ဆောင်ရွက် ထားသော စပါး-ငါး တွဲဘက်သုတေ သန စိုက်ခင်းသို့ စိုက်ပျိုး ရေးသုတေသနဦးစီးဌာန၊ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ထွေး၊ မွေးမြူရေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နီလာကြွယ်နှင့် တာဝန်ရှိသူများ မှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ စပါးစံကွက်ရိတ်သိမ်း နေမှုအခြေအနေများအားလည်းကောင်း၊ ထည့်သွင်းထားသည့် ထိုင်းငါးခုံးမ နှင့် ငါးဖန်းမများ၏ ကြီးထွားမှု စစ်ဆေးခြင်း မှတ်တမ်းကောက်ယူမှု လုပ်ငန်းများ ဆောင်ရွက်နေမှုအား လည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြ ပါကြောင်း သတင်းမှတ်တမ်း အဖြစ်ဖော်ပြ အပ်ပါသည်။