စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စပါးအစေ့တွင်းစာရှိ flo3 ဗီဇနှင့် ဆက်စပ်သည့် ကဆီဓာတ်ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ရုပ်သွင်ပြင်လက္ခဏာနှင့် ဗီဇအချက်အလက်များကို ခွဲခြားလေ့လာခြင်း ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်း

DSC07032
DSC07043
DSC07014
DSC07016
DSC07047
DSC07050
DSC07032 DSC07043 DSC07014 DSC07016 DSC07047 DSC07050

၂၀၂၂ ခုနှစ် နိုဝင်လာ ( ၁၄ ) ရက်က စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စုဝေးခန်းမ၌ ပညာသင်များ၏ ပညာသင် ကာလအတွင်း တွေ့ကြုံရသော အတွေ့အကြုံများနှင့် ပညာသင် ဘွဲ့အတွက် တင်သွင်းခဲ့သော သုတေ သန စာတမ်းအား အသိ ပညာမျှဝေသည့် သုတေသန စာတမ်း ဖတ်ပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ “စပါးအစေ့တွင်းစာရှိ flo3 ဗီဇနှင့် ဆက်စပ်သည့် ကဆီဓာတ်ဖွဲ့စည်းတည်ဆောက်ပုံ ဆိုင်ရာ ရုပ်သွင်ပြင်လက္ခဏာ နှင့် ဗီဇအချက်အလက်များကို ခွဲခြားလေ့လာခြင်းးခေါင်းစဉ်ဖြင့် စာတမ်း ရှင် ဦးသိန်းလင်း မှဖတ်ကြားခဲ့ပါသည်။

အဆိုပါ စာတမ်းဖတ်ပွဲသို့ စိုက်ပျိုးရေးသုတေ သနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းစံသိန်းနှင့် ညွှန်ကြားရေးမှူးများ၊ သုတေသီပညာရှင်များ၊ဖိတ်ကြား ထားသည့် ဧည့်သည် တော်များ၊ သုတေသနဌာနစု အသီးသီးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါ သည်။

အဆိုပါစာတမ်းဖတ်ပွဲတွင် စာတမ်းရှင် ဦးသိန်းလင်းမှ စပါးသီးနှံသည် ကမ္ဘာပေါ်တွင် အရေးကြီးဆုံးအစားအစာသီးနှံများထဲတွင် တစ်ခု အပါ အဝင် ဖြစ်ပြီး လူတို့၏ ကယ်လိုရီ လိုအပ်ချက် ၂၁ ရာခိုင်နှုန်းကျော်ကို ထောက်ပံ့ပေးထားပါကြောင်း၊ လူနေမှု အဆင့်အတန်း တိုးတက်လာသည်နှင့်အညီ အရည်အသွေးမြင့်ဆန်လိုအပ်ချက်နှင့် စားသုံးမှု အရည်အသွေး ပြုပြင်စီမံမှု ပိုမိုကောင်းမွန်တိုးတက်ရန် လိုအပ်ပါကြောင်း၊ သို့ပါသောကြောင့် ဆန် စပါး၏ သွင်ပြင်လက္ခဏာနှင့် အထွက်နှုန်းအရည်အသွေးတို့သည် ပုံမှန်မဟုတ်သော အစေ့တွင်း စာ ဖွဲ့စည်းမှု၏ အပျက်သဘောဆောင်သော အလေးချိန် ကျဆင်းမှုနှင့် အစေ့အဆန် ပြည့်တင်းမှု နည်းပါးခြင်းတို့သည် စပါးအစေ့တွင်းစာရှိ ဇီဝကမ္မပေါင်းစပ်ဖွဲ့စည်းမှုဆိုင်ရာ ဓာတ်ပစ္စည်း ချို့ယွင်း ချက်ကြောင့် ဖြစ်သည်ဟုလေ့လာတွေ့ရှိချက်အရသိရပါကြောင်း၊ သို့ဖြစ်ပါ၍ ဤသုတေ သန လေ့လာမှုတွင် မျိုးထွန်းနည်းပညာကို အသုံးပြုရွေးချယ်ထားသော EM4, EM557, EM591, EM608, EM873 နှင့် EM1680 ဂျပန်စပါးမျိုး (၆) မျိုးကို အသုံးပြု၍ စပါးအစေ့တွင်းစာ ကဆီဓာတ် ပေါင်းစပ် ဖွဲ့စည်းမှုနှင့် ဆက်နွယ်သော Floury ဗီဇပါဝင်မှု၏ ရုပ်သွင်ပြင် လက္ခဏာနှင့် ဗီဇဆိုင်ရာ အချက် အလက်များကို ခွဲခြားလေ့လာခဲ့ခြင်း ဖြစ်ပါကြောင်း မိတ်ဆက်တင်ပြခဲ့ပါသည်။

သုတေသနတွေ့ရှိချက် များအရ စပါးအစေ့တွင်းစာ ကဆီဓာတ်ပေါင်းစပ်ဖွဲ့စည်းမှုနှင့် ဆက်စပ်သော ဇီဝပစ္စည်းပေါင်းစပ်မှုဆိုင်ရာ အချက်အလက် များ ပေါ်တွင် များစွာသက်ရောက်မှု ရှိသည်ကို တွေ့ရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ဤသုတေသန လေ့လာမှုတွင် Nipponbare စပါးမျိုး လိုင်းကို အသုံးပြု၍ ဗီဇပြောင်းလဲမှုဆိုင်ရာ အချက်အလက် များအပေါ် နှိုင်းယှဉ် လေ့လာ ခဲ့ခြင်းဖြစ်ပါကြောင်း၊

စာတမ်းရှင်၏ လေ့လာမှုများအရ စပါးအစေ့တွင်းစာရှိ ကဆီဓာတ ပေါင်းစပ် ဖွဲ့စည်းမှုဆိုင်ရာ ရုပ်သွင်ပြင် လက္ခဏာရပ် များကို လေ့လာရာတွင် Thaichung 65 ကို အဓိက ထား နှိုင်းယှဉ် လေ့လာခဲ့ရာ မျိုးထွန်း နည်းပညာဖြင့် အသုံးပြုရွေးချယ်ထားသော ဗီဇ လက္ခဏာရပ် များစွာ ပါဝင်နေသည်ကို တွေ့ရှိ ရပါကြောင်း၊ ၎င်းမျိုးများ၏ အစေ့တွင်းစာ ရုပ်သွင်ပြင်ဗီဇ လက္ခဏာရပ် များစွာ ကွဲပြားခြား နားမှုရှိပါကြောင်း၊ ထို့အပြင် ဗီဇ ပြောင်းလဲမှု ဆိုင်ရာ အခြေအနေပေါ်မူတည်၍ ဗီဇနည်းမျိုးစုံဖြင့် ထိန်းချုပ်ထားသော ရှုပ်ထွေး သည့် မျိုးအရည် အချင်း လက္ခဏာများစွာ ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ စာတမ်းရှင်အနေဖြင့် စပါးမျိုးလိုင်းများတွင်ရှိသော ၎င်းအရည်အချင်း လက္ခဏာများကို သိရှိနားလည်ရန် ဗီဇကွန်ယက် တည်ဆောက် ခြင်းဆိုင်ရာ Whole Genome Sequencing နည်းပညာကို အသုံးပြု၍ စပါးမျိုး (၂) မျိုးတွင် စတင်လေ့လာခဲ့ပါ ကြောင်း၊ ထို့နောက် စပါးမျိုးလိုင်း များတွင် DNA ထုတ်ယူ၍ Floury Mutant ဖြစ်ပေါ်စေသည့်ပုံစံငယ် ဗီဇပြောင်းလဲမှုဆိုင်ရာ Nucleotide အချက်အလက်များကို လေ့လာခြင်းတို့ကို ဆောင်ရွက် ခဲ့ပါကြောင်း၊ ဗီဇကွန်ယက် နည်း ပညာ (Sanger Sequencing)ကို အသုံးပြု၍ စပါးခရိုမိုဇုန်း(၆) ဗီဇတည်နေရာ (LOC_Os06g13810) တွင် Single Nucleotide Polymorphisms (SNPs) Marker (၈) ခုဖြင့် အသုံးပြု၍ ရှာဖွေတွေ့ရှိခဲ့ပါကြောင်း၊ ရရှိလာသော ဗီဇကွန်ယက်(Sequence Data) အချက်အလက် များကို Nipponbare စပါးမျိုးလိုင်းအား ကိုးကား၍ မတူညီသော ဗီဇပြောင်းလဲမှုဆိုင်ရာ အချက် အလက်များကို နှိုင်းယှဉ်လေ့လာခဲ့ပါကြောင်း၊ ထို့နောက် Floury Mutant ဖြစ်ပေါ်စေသည့် ထိန်းချုပ် ဗီဇကို စပါးခရိုမိုဇုန်း(၆) ပေါ်ရှိ (LOC_Os06g13810-1) တည်နေရာတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ် ပါကြောင်း၊အဆိုပါ ဗီဇပြောင်းလဲမှုဆိုင်ရာ အကျိုးသက်ရောက်မှုများကြောင့် Floury ဗီဇ မျိုးထွန်းမှုတည် နေရာသည် Phosphofructokinase (PFK) ဗီဇအသိုက်အဝန်းနှင့် ဆက်နွယ် သည့် လုပ်ငန်း များကို မပျက်စီးမပြောင်းလဲအောင် ထိန်းသိမ်းထားသည်ကို တွေ့ရှိခဲ့ရ ပါကြောင်း၊ အသုံးပြုစပါးမျိုး များတွင် ၎င်း Floury ဗီဇ မျိုးထွန်းမှုတည်နေရာဖြစ်သည့် PFP1 ပရိုတင်းဗီဇတည်နေရာ (567 aa) တွင် တွေ့ရှိခဲ့ပါကြောင်း၊ ဆက်လက်၍ Floury ဗီဇနှင့် ဆက်စပ်သည့် ရုပ်သွင်ပြင်လက္ခဏာရပ် ဆိုင်ရာ ပြောင်းလဲမှုများကို ပုံရိပ်ဖမ်းစက် (Scanning Electron Microscope) အသုံးပြု၍ လေ့လာ ခဲ့ပါကြောင်း၊ ထို့နောက် စပါးအစေ့တွင်းစာ PFP1 Enzyme ပြုလုပ်ဆောင်ရွက်ပုံဆိုင်ရာ အဆင့်ဆင့် ကွဲပြားမှုကို စပါးပန်းပွင့်ပြီး ၁၄ ရက်သား အရွယ်ရှိ စပါးအစေ့တွင်းစာ ပြုလုပ် ဆောင်ရွက်ပုံ အဆင့်ဆင့်ကို Spectrophotometer အသုံးပြု၍ ရှာဖွေဖော်ထုတ်ခဲ့ပါကြောင်း၊ ထို့ပြင် စပါးအစေ့ တွင်းစာ ကဆီဓာတ် အသေးအဖွဲများ၏ ပုံသဏ္ဍာန် ဖွဲ့စည်းဖြစ်ပေါ်မှုကို ဓာတ် ရောင်ခြည် အသုံးပြု ၍ ရှာဖွေရေး စက်ကိရိယာ X-ray Diffractometer (Mini-Flex 600-C)ကို အသုံးပြု၍ ရှာဖွေဖော် ထုတ်ခဲ့ပါကြောင်း၊ နောက်ဆုံး တွင် တူညီသောဗီဇတည်နေရာ တစ်ခုတည်းပေါ်တွင် Floury Mutant ရုပ်သွင်ပြင်ဗီဇ လက္ခဏာရပ်ဆိုင်ရာ ခံနိုင်ရည်မဲ့မှုကို ကောက်ချက်ချနိုင်ရန် မျိုးကူးစပ်မွေးမြူ စမ်းသပ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ပြင် ရရှိလာသော စပါးမျိုးများတွင် ကဆီဓာတ်နှင့် ဆက်စပ်သည့် Floury ဗီဇပါဝင်မှုအပေါ် စပါးစေ့၏ ပုံသဏ္ဍာန် အရွယ်အစား၊ အလျား၊ အနံ၊ ထုထည် နှင့် အစေ့ ၁၀၀၀ အလေးချိန်တို့ကို တိုင်းတာဆောင်ရွက်ခဲ့ပါကြောင်း၊ သုတေသန သုံးသပ်တွေရှိချက်အရ ကဆီဓာတ် ပြောင်းလဲ ဖွဲ့စည်းမှုနှင့် ဆက်စပ်သည့် floury မျိုးထွန်းဗီဇဖြစ်ပေါ်မှုသည် enzyme များ၏ ပြုလုပ် ဆောင်ရွက်မှုများအပေါ် များစွာအကျိုးသက်ရောက်မှုရှိသည်ကို တွေ့ရှိခဲ့ရပြီး စပါး အစေ့တွင်းစာ ရုပ်သွင်ပြင်ဖွဲ့စည်းတည်ဆောက်ပုံ လက္ခဏာရပ်များစွာ ပုံမှန်မဟုတ်သည့် ပြောင်းလဲမှုရှိသည်ကို ပြသနေပါကြောင်း၊ ထို့ပြင် PFP1 အင်ဇိုင်း ပြုမူဆောင်ရွက်ပုံ အဆင့်ဆင့်၏ ကွဲပြား ခြားနားချက်များအပေါ်တွင်လည်း သက်ရောက်မှုရှိသည်ကို သုံးသပ် ရပါကြောင်း၊ ၎င်း ဖြစ်စဉ် တွင် Pyrophosphate (PPi)သည် သီးနှံပင်၏ စွမ်းအင် ထုတ်လုပ်မှုတွင် အဓိက စွမ်းအင်ပစ္စည်း တစ်ခုအနေဖြင့် စပါးပင်၏ စွမ်းအင်သိုလှောင်မှုကို ကောင်းကျိုး ဖြစ်ထွန်းစေသည်ဟု သုံးသပ် ရပါကြောင်း၊ သို့သော် Phosphofructokinase enzyme ပြောင်းလဲမှုတစ်ခုချင်းစီ၏ လုပ်ငန်း စဉ်နှင့် ၎င်းတို့၏ မတူညီသော လုပ်ငန်း တာဝန်အခြေအနေအရပ်ရပ်ဆိုင်ရာ ကြီးထွားမှု ဖြစ်စဉ်ကို သိရှိရန် လိုအပ်သည်ဟု သုံးသပ် ရပါကြောင်း စာတမ်းရှင်မှ အသိပေးတင်ပြခဲ့ပါသည်။ဆက်လက်၍ တက်ရောက်လာကြသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြား ရေးမှူးများ၊ သုတေသနပညာရှင်များမှ စာတမ်းရှင်၏ တွေ့ရှိချက် များအပေါ် သိလို သည်များအား မေးမြန်း ဆွေးနွေးခြင်း၊ အကြံပြု ခြင်းများ ပြုလုပ်ခဲ့ ကြပါကြောင်း သတင်း မှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။