စိုက်ပျိုးရေးသုတေသနဦးစီးဌာန တွင် ဆောင်ရွက်လျက်ရှိသည့် ကြံသီးနှံသုတေသနလုပ်ငန်းများအား ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများမှကွင်းဆင်းကြည့်ရှုခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန စက်မှုသီးနှံနှင့်နှစ်ရှည်ပင်များသုတေသနဌာနခွဲ၊ ကြံနှင့်သကြားထွက်သီးနှံသုတေသနဌာနစု၌ ၂၀၂၂ခုနှစ် မိုးနှောင်းရာသီတွင် ကြံသီးနှံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြံသီးနှံသုတေသနလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါသည်။
ထိုသို့ သုတေသနပြုဆောင်ရွက်ထားရှိမှုများအပေါ် ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများမှ ကွင်းဆင်း ကြည့်ရှုခဲ့ရာ ကြံနှင့်သကြားထွက်သီးနှံသုတေသနဌာနစုတွင်ဆောင်ရွက်ထားရှိသည့် ကြံသီးနှံသုတေသနဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ဌာနစုတာဝနခံဦးနိုင်ဝင်းလွင်မှ ၂၀၂၂ခုနှစ် မျိုးကူးစပ်ရာသီအတွက် မျိုးကူးစပ်ရန် မိဘကြံမျိုးများအား မြေထုပ်စည်းပြီး ရွေ့ပြောင်းစိုက်ပျိုးထားရှိမှုအခြေအနေ၊ ၂၀၂၁ခုနှစ်တွင်မျိုးကူးစပ်ရရှိခဲ့သည့် မျိုးလိုင်း ၂၅၃၄၀ အားစိုက်ပျိုးထားရှိမှုနှင့် မျိုးရွေးချယ်ရာတွင် မိသားစုအလိုက်မျိုးရွေးချယ်ခြင်း (Family Selection)နည်းလမ်းဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြသခဲ့ပါသည်။
ဆက်လက်၍ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှ ရှေ့ဆက် အဆင့်မြှင်တင် ဆောင်ရွက်သင့်သည်များနှင့် ဖြည့်စွက်ဆောင်ရွက်သင့်သည်များကို လမ််းညွှန် အကြံပေးခြင်း များ ပြုလုပ်ခဲ့ပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။