စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန တွင် ဆောင်ရွက်လျက်ရှိသည့် ဝါသီးနှံသုတေသနလုပ်ငန်းများ အပေါ် ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများမှ လမ်းညွှန်အကြံပေးခြင်းများဆောင်ရွက်ခြင်း

DSC06468
DSC06472
DSC06505
DSC06470
DSC06518
DSC06535
DSC06538
DSC06626
DSC06556
DSC06613
DSC06468 DSC06472 DSC06505 DSC06470 DSC06518 DSC06535 DSC06538 DSC06626 DSC06556 DSC06613

စိုက်ပျိုးရေးသုတေသနဦးစီးဌာန စက်မှုသီးနှံနှင့်နှစ်ရှည်ပင်များသုတေသနဌာနခွဲ၊ ဝါနှင့် အမျှင်ထွက် သီးနှံသုတေသနဘဌာနစုတွင် ၂၀၂၂ခုနှစ် မိုးနှောင်းရာသီတွင် ဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါသီးနှံသုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့သုတေသနပြုဆောင်ရွက်လျက်ရှိသည့် သုတေသနများအနက် ပြည်တွင်းပြည်ပမှ စုဆောင်းရရှိလာသည့် မျိုးလိုင်း ပေါင်း(၂၁၅) လိုင်း ၏ မျိုးတစ်မျိုးခြင်း ဆီအလိုက် အရည်အချင်းလက္ခဏာများအား လေ့လာသည့် Germplasm evaluation သုတေသန အား လည်းကောင်း၊ အရည်အသွေးကောင်း ဝါမျိုးများ မွေးမြူထုတ်လုပ်ခြင်း သုတေသန ဖြစ်သည့် မျိုးကူးစပ်ရရှိလာသည့် မျိုးလိုင်း၁၂လိုင်း အားစံထားမျိုးနှစ်မျိုးဖြင့် နှိုင်းယှဉ်လေ့လာသည့် (RYT) အဆင့် သုတေသနအား လည်းကောင်း သုတေသနပြုဆောင်ရွက်ထားရှိမှု များအား စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် တာဝန်ရှိသူများ မှ ကွင်းဆင်းကြည့်ရှုခဲ့ကြပါသည်။ ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ သုတေသနများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကောက် ယူသည့်မှတ်တမ်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေး ပြောကြား ပေးခဲ့ပြီး ရှေ့ဆက် အဆင့်မြှင်တင် ဆောင်ရွက်သင့်သည်များနှင့် ဖြည့် စွက်် ဆောင်ရွက်သင့်သည်များကို လမ််းညွှန် အကြံပေးခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။