စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ Tuesday Discussion အစီအစဉ်တွင် စပါးသီးနှံသုတေသနဗဟိုဌာနနှင့်စပ်မျိုးစပါးသု‌တေသနဗဟိုဌာနတို့မှမှ သုတေသီနှစ်ဦး မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းစဉ်များအပေါ် တင်ပြဆွေးနွေးခြင်း

DSC07994
DSC08000
DSC08009
DSC08007
DSC08025
DSC08013
DSC08039
DSC08033
DSC08043
DSC07987
DSC08061
DSC08049
DSC07994 DSC08000 DSC08009 DSC08007 DSC08025 DSC08013 DSC08039 DSC08033 DSC08043 DSC07987 DSC08061 DSC08049

၂၀၂၂ခုနှစ် နိုဝင်ဘာ(၂၂)ရက်၌ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးခန်းမ တွင် Tuesday Discussion အဖြစ် စပါးသီးနှံသုတေသနဗဟိုဌာနမှ သုတေသီတစ်ဦး ဖြစ်သည့် ဒေါ်ဇာခြည်ဖြိုးနှင့် စပ်မျိုးစပါးသုတေသနဗဟိုဌာနမှ ဒေါ်မျိုးမျိုးအေးတို့မှ ၎င်းတို့ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် သုတေသနဆောင်ရွက်ချက်များအား တင်ပြဆွေးနွေးခြင်းကို ပြုလုပ် ခဲ့သည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနလက်အောက်ရှိ ဗဟိုဌာန၊ ဌာနစု၊ ခြံ၊ စခန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရန်၊ ၎င်းတို့၏လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ဝန်ထမ်းအချင်းချင်း ရှင်းလင်း တင်ပြမှုအလေ့အကျင့်များ ရရှိရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လူ့စွမ်းအား အရင်းအမြစ်ဌာနစုမှ ဦးဆောင်ကာ Weekly Research and HR capacity Building Discussion or Tuesday Discussion အစီအစဉ်ကို အပတ်စဉ် ကျင်းပဆောင် ရွက်ခြင်း ဖြစ်ပါ သည်။

အဆိုပါ Tuesday Discussion အစီအစဉ် သို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ သုတေသီပညာရှင်များ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ သုတေသနဌာနစု အသီးသီးမှ တာဝန်ရှိသူများ တက် ရောက်ခဲ့ ကြပါသည်။

ပထမပိုင်း တင်ပြဆွေးနွေးသူ ဒေါ်ဇာခြည်ဖြိုးမှ သူမဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ဆားငန်ဒဏ်ခံ စပါးမျိုးများမွေးမြူရွေးချယ်ခြင်း သုတေသန ဆောင်ရွက်နေမှု များဖြစ်သည့် ပင်လယ်ဆားငန်ရေဒေသနှင့် ကုန်းတွင်းပိုင်း ဆပ်ပြာပေါက် ဒေသများတွင် စားသုံးမှုကောင်းမွန်၍ ကောင်းမွန်၍ အထွက်နှုန်း ကောင်းမွန်သော မျိုးများမွေးမြူထုတ်လုပ်ခြင်း အတွက် ပြည်ပမျိုးများ မွေးမြူရွေးချယ်ခြင်း သုတေသနနှင့် စပ်လျဉ်း ၍လည်းကောင်း၊ မျိုးကူးစပ်ခြင်း၊ သားဆက်လိုင်းရွေးချယ်ခြင်း၊ အဆင့်ဆင့်အထွက် ယှဉ်ပြိုင်ခြင်းများနှင့် မျိုးသစ်ရရှိလာမှုအခြေအနေများအားလည်းကောင်း၊ သုတေသန လုပ်ငန်းများ အပြင်အခြားသော ဖွံဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများ အားလည်းကောင်း၊ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆားငန်ခံစပါး သုတေသနဆောင်ရွက်ရန်အတွက် လိုအပ်သည့် အနေအထားနှင့် အရေးပါမှုတို့အား လည်း ကောင်း ဗဟုသုတ ဖြစ်ဖွယ် မျှဝေဆွေးနွေးပေးခဲ့ပါသည်။                                                                

ဒုတိယပိုင်းတင်ပြဆွေးနွေးသူဒေါ်မျိုးမျိုးအေးမှလည်းသူမတာဝန်ယူဆောင်ရွက်လျက်ရှိ သော စပ်မျိုးစပါးသုတေသန လုပ်ငန်း များနှင့်ပတ်သက်၍ အသက်လျင်၊ အထွက်နှုန်း ကောင်းပြီးစားသုံးမှု အရည်အသွေး ကောင်းသော ဈေးကွက်ဝင်စပ်မျိုးစပါးမျိုးများ စိုက်ပျိုး ထုတ်လုပ်ခြင်းအားဖြင့် တောင်သူများ ဝင်ငွေတိုး၍နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုး တိုးတက် စေရန်မျှော်မှန်းပြီး မိဘလိုင်း(၃)လိုင်း ကို အခြေခံသည့် စပ်မျိုးစပါးမျိုးစေ့ ထုတ်လုပ်ခြင်း သုတေသနလုပ်ငန်းများအား ဆောင်ရွက် လျက်ရှိရာ ဒေသနှင့်ကိုက်ညီသော ကိုယ်ပိုင်မိဘ မျိုးလိုင်းများမွေးမြူရရှိရန်အတွက် ပထမဦးစွာ ဆောင်ရွက်ရသည့်လုပ်ငန်း အနေဖြင့် စုဆောင်းရရှိသော ဗီဇကွဲစပါးမျိုးများနှင့် ဗီဇသန့်စင်သော အဖိုမြုံအမလိုင်း မျိုးများအား မျိုးကူးစပ်သည့်သုတေသနလုပ်ငန်း(Source Nursery)နှင့် B gene နှင့် R gene ပါဝင်မှုကို သိရှိနိုင်ရန်အတွက်ဆောင်ရွက်သောသုတေသနလုပ်ငန်း (Test Cross Nursery) ဆောင်ရွက်ထားရှိမှုနှင့်စပ် လျဉ်း၍လည်းကောင်း၊ နေ့စဉ်ဆောင်ရွက်သည့်လုပ်ငန်း အစီ အစဉ်နှင့် ဆောင်ရွက်ပြီးစီးမှုများနှင့်သုတေသနလုပ်ငန်းအလိုက် လုပ် ဆောင် သည့်အလုပ် အချိန်ဇယား ထားရှိ ဆောင်ရွက်နေသည့် အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြ ခဲ့ပြီးစားနပ်ရိက္ခာဖူလုံရေးတွင်စပ်မျိုးစပါး၏ အရေးပါသော အခန်းကဏ္ဍများ အားဗဟုသုတ ဖြစ်ဖွယ် မျှဝေဆွေးနွေးပေးခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြား ရေးမှူးများ၊ သုတေသနပညာရှင်များမှ သူမ၏သုတေသနဆောင်ရွက်နေမှုများအပေါ် သိလို သည် များအား မေးမြန်းဆွေးနွေး ခြင်း၊ တာဝန်ရှိသူများမှ ပိုမိုပြည့်စုံကောင်းမွန်သည့် သုတေ သနများ ဖြစ်လာစေရေး ဖြည့်စွက်အ ကြံပြုခြင်းများ ပြုလုပ်ခဲ့ကြပါကြောင်း သတင်းမှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။