ချောင်းမငယ် ဆည်ရေသောက် ဒေသမှ တောင်သူများ တစ်နှစ်သုံးသီး သီးနှံ စံပြစိုက်ခင်း များ သို့ လာရောက် လေ့လာခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ တစ်နှစ်သုံးသီး သီးနှံ စံပြစိုက်ခင်းများသို့ ချောင်းမငယ် ဆည် ရေသောက် ဒေသ ဖြစ်သော အောင်းကြီးကုန်း၊ ဂုံမင်းမြောင်၊မရိုးအင်း၊ ပန်းညိုစမ်း ကျေးရွာ များမှ တောင်သူ(၃၀) ဦးတို့သည် ၂၀၂၃ခုနှစ်ဇန်နဝါရီ (၂၉)ရက်က လေ့လာရေးခရီး လာ ရောက် ခဲ့ကြပါသည်။
လာရောက်လေ့ လာခဲ့ကြသည့် တောင်သူများသည် လက်ရှိ ရာသီတွင် စိုက်ပျိုး ထားသည့် မြေပဲ၊ နေကြာ၊ကြက်သွန်နီ၊ သစ်စိမ်း၊ အစေ့ထုတ်ပြောင်း ၊ မတ်ပဲ၊ စပါးသား တက်ဆင့်ပွားစနစ်၊ ဖူးစားပြောင်း၊ ကုလားပဲ၊ စိုက်ခင်းများ စံပြစိုက်ပျိုးပြသထားခြင်းများအား သီးနှံတစ်ခုချင်းစီအလိုက် ကြည့်ရှု လေ့လာ ခဲ့ကြပါသည်။
ဆက်လက်၍ စံပြစိုက်ကွင်း၏ ရှင်းလင်းဆောင်တွင် ရေသွင်းနည်းစနစ်များ နှင့် ကုန်ကျ စရိတ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပဲတီစိမ်းတွင်ကျရောက်သည့် ဖားဉမှိုရောဂါ ကာကွယ်နည်းများ နှင့်စပ်လျဉ်း၍လည်းကောင်း၊ လက်တွေ့ ဆောင်ရွက်နိုင်သော မြေအစို ဓာတ်ထိမ်း စနစ်များ၊ မြေပဲမျိုးသန့်စိုက်ခင်းများ ဆက်လက် ဆောင်ရွက်မည့်အခြေအနေများအား လည်းကောင်း၊ မေးမြန်းကြရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးပေး ခဲ့ကြပါကြောင်း သတင်း မှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။