စပ်မျိုးစပါး သုတေသန ဗဟိုဌာနတွင် အသက်လျင်၊ အထွက်နှုန်းကောင်းပြီးစားသုံးမှု အရည် အသွေး ကောင်းသော ဈေးကွက်ဝင် စပ်မျိုးစပါး မျိုးသစ်များ ထုတ်လုပ်နိုင်ရေး သုတေသနများဆောင်ရွက်လျက်ရှိခြင်း
၂၀၂၂ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးသီးနှံသုတေနဌာနခွဲ၊ စပ်မျိုး စပါးသုတေသန ဗဟိုဌာနတွင် အသက်လျင်၊ အထွက်နှုန်းကောင်းပြီးစားသုံးမှု အရည်အသွေးကောင်း သော ဈေးကွက်ဝင် စပ်မျိုးစပါး မျိုးသစ်များ ထုတ်လုပ်နိုင်ရေး အတွက် သုတေသန လုပ်ငန်းစဉ်များ အား အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည်။
ဆန်စပါးသည် မြန်မာနိုင်ငံ၏ အဓိကအရေးပါသောစီးပွားဖြစ်သီးနှံတစ်မျိုးဖြစ်ပါသည်။ နိုင်ငံ တော်၏ စပါးထုတ်လုပ်မှုသည် လက်ရှိအခြေအနေတွင် ပြည်တွင်းစားသုံးမှုအတွက် ပိုလျှံ သော်လည်း အနာဂတ်တိုးတက်လာသောလူဦးရေနှင့် ပြည်ပဝင်ငွေရရှိရန်အတွက် စပါးစိုက်ပျိုး ထုတ်လုပ်မှု ပိုမိုမြှင့်တင် ဆောင်ရွက်ရန် လိုအပ်လာပါသည်။ ထိုသို့သောအခြေအနေတွင် စပ်မျိုး စပါးသည်သာ စပါး ထုတ်လုပ်မှုတိုးတက်ရေးကိုထပ်မံမြှင့်တင်နိုင်မည့် တစ်ခုတည်းသောနည်း လမ်း ဖြစ်ပါသည်။
စပ်မျိုးစပါးသုတေသနဗဟိုဌာန၏ရည်ရွယ်ချက်မှာမိမိဒေသနှင့်ကိုက်ညီသောကိုယ်ပိုင်မိဘမျိုးလိုင်း များမွေးမြူရရှိရန်၊ အထွက်နှုန်းကောင်းပြီး စားသုံး မှုအရည်အသွေး ကောင်းသော စပ်မျိုးစပါးမျိုး သစ်များ မွေးမြူထုတ်လုပ်ရန်နှင့်မိဘမျိုးလိုင်းများအား မျိုးသန့်စင်ခြင်းနှင့် ထိန်းသိမ်း ပွားများ ခြင်း တို့ဖြစ် ပါသည်။
အဆိုပါရည်ရွယ်ချက်များအား အကောင် အထည်ဖော်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ်၊ မိုးရာသီတွင် ဆောင်ရွက်ထားသောသုတေသနလုပ်ငန်းများမှာ စုဆောင်း ရရှိသောဗီဇကွဲမျိုးများနှင့် ဗီဇသန့်စင်သော အဖိုမြုံလိုင်းများအား မျိုးကူးစပ်ခြင်း (Source Nursery)၊ B gene နှင့် R gene ဗီဇခွဲခြား ရှာဖွေခြင်း သုတေသန (Test Cross Nursery)၊ ကိုယ်ပိုင်အဖိုမြုံအမလိုင်းအသစ် မျိုးမွေးမြူခြင်း သုတေသန (Back-Cross Nursery)၊ စမ်းသပ် စပ်မျိုးများ မျိုးစေ့ ထုတ်လုပ်ခြင်း (Experimental F1 seed production)၊ စပ်မျိုးစွမ်းရည်စမ်းသပ်ခြင်းနှင့် ပြည်တွင်း စပ်မျိုးများ အထွက်ယှဉ်ပြိုင်စမ်း သပ်ခြင်း ၊ R line improvement (ပိုမိုကောင်းမွန်သောအဖိုလိုင်းများရရှိရန်ဆောင်ရွက်ခြင်း) နှင့် B line improvement(ပိုမိုကောင်းမွန်သော အဖိုမြုံ မျိုးထိန်းလိုင်းများရရှိအောင်ဆောင်ရွက်ခြင်း ၊ မိဘလိုင်း (၃-A,B,R) လိုင်း ကိုအခြေခံသည့် စပ်မျိုး စပါး မျိုးစေ့ ထုတ်လုပ်ခြင်းလုပ်ငန်းတွင် အရေးကြီသော အဖိုမြုံ အမလိုင်းများ (A Line) နှင့် အဖိုမြုံ မျိုးထိန်းလိုင်း(B Line) များအား မျိုးသန့်စင် ထိန်းသိမ်းခြင်း၊ မျိုးစေ့ပွားများခြင်း နှင့် ရှာဖွေရရှိ လာသော အဖိုလိုင်းများအား မျိုးသန့်စင်ခြင်းနှင့်ထိန်းသိမ်းခြင်း သုတေသန (R line maintenance) စသည့် သုတေ သန လုပ်ငန်းများအား ဆောင်ရွက်လျက် ရှိပါကြောင်း သတင်း မှတ်တမ်း အဖြစ် ဖော်ပြ အပ်ပါသည်။