စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ချောင်းမငယ် ဆည်ရေသောက်ဒေသအတွင်းရှိ တောင်သူများ စိုက်ပျိုးရေးသုတေသနဦးစီးဌာန သို့ လေ့လာရေး လာရောက်ခြင်း

1
2
13
15
10
11
8
12
1 2 13 15 10 11 8 12

ချောင်းမငယ် ဆည်ရေသောက်ဒေသများဖြစ်သော နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ မဒေါ့ပင်၊ အောင်ကြီးကုန်းနှင့် ဂုံမင်းမြှောင်ကျေးရွာများမှ တောင်သူများနှင့် စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သည့် လေ့လာရေးအဖွဲ့သည် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၂၅) ရက်နေ့ နံနက် (၈:၃၀) နာရီ၌ စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့ လေ့လာရေး လာရောက် ခဲ့ပါသည်။

အဆိုပါလေ့လာရေးအဖွဲ့သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မျိုးစေ့ဘဏ်၊ ဇီဝ နည်းပညာနှင့် သီးနှံကာကွယ်ရေးသုတေသနဌာနခွဲ၊ ဇီဝနည်းပညာသုတေသနဌာနစု၊ အကွက် အမှတ်- A6 တွင် စိုက်ပျိုးထားသော အသက်ရက်တိုသည့် ဆင်းသုခ Double Haploid စပါးမျိုး လိုင်းရရှိရန် ဆောင်ရွက်ခြင်း သုတေသနစမ်းသပ်ကွက်ကိုလည်းကောင်း၊ ယာသီးနှံသုတေသန ဌာနခွဲ၊ ဆီထွက်သီးနှံသုတေသနဌာနစု၌ သက်လျင်၊ အထွက်ကောင်း၊ ရောဂါဒဏ်ခံ၊ ရေငတ် ဒဏ်ခံ ထုတ်ဝေပြီး မြေပဲမျိုးများ သရုပ်ပြစိုက်ပျိုးပြသထားခြင်းကိုလည်းကောင်း၊ ဆင်းရွေကြာ- ၂ နေကြာမျိုးသန့်စိုက်ခင်းကိုလည်းကောင်း၊ ဆင်းရတနာ- ၁၄ နှမ်းမျိုးအား မျိုးသန့်ထိန်းသိမ်း ပွားများခြင်းကိုလည်းကောင်း သွားရောက်လေ့လာခဲ့ကြပါသည်။

ဆက်လက်၍ လေ့လာရေးအဖွဲ့သည် မျိုးစေ့ဘဏ်ပြခန်း(၁) အတွင်း ခင်းကျင်းပြသထား သော စပါး၊ ပြောင်းနှင့် နှံစား၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်သုတေသနပြခန်းများ၊ ဆီထွက်နှင့် စက်မှုသီးနှံပြခန်းများ၊ သီးနှံစိုက်စနစ်၊ သီးနှံပိုးမွှားနှင့် ရောဂါသုတေသနဌာန၊ ဇီဝနည်းပညာ (အပင်တစ်သျူးနည်းပညာ)၊ အဏုဇီဝ၊ မြေဆီလွှာနှင့်ရေအသုံးချရေးသုတေသနပြခန်းများအား လည်းကောင်း၊ မျိုးစေ့ဘဏ်ပြခန်း(၂) အတွင်း ခင်းကျင်းပြသထားသည့် စပါးမျိုးရိုးဗီဇကွဲများ၊ သီးနှံအရင်းအမြစ်များ ထိန်းသိမ်းထားမှုများအား လေ့လာခဲ့ကြပြီး သိလိုသည်များအား မေးမြန်း ရာ သက်ဆိုင်ရာ သုတေသနပညာရှင်များမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပါသည်။