စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန မြောင်းမြ တွင်ဒေသနှင့် သင့်တော်၍စေျးကွက်ရှိနိူင်မည့်မျိုးရွေးချယ်သည့်တောင်သူကွင်းသရုပ်ပြပွဲကျင်းပခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန မြောင်းမြ တွင်20.10.2022 ၌ ဒေသနှင့်သင့်တော်၍ေစျးကွက်ရှိနိူင်မည့်မျိုးရွေးချယ်သည့်တောင်သူကွင်းသရုပ်ပြပွဲ တစ်ရပ် ကျင်းပခဲ့သည်။အဆိုပါသရုပ်ပြပွဲတွင် တာဝန်ခံ သုတေသနအရာရှိဒေါ်ဖြူပြာလွင် နှင့်ဝန်ထမ်းများမှမှပေါ်ဆန်းစပါးသုတေသန မိုးရေသောက်စပါးသုတေသနအရည်အသွေးကောင်းစပါးသုတေသန ရေမြှုပ်ခံနှင့် ရေနေခံစပါးသုတေသန မျိုးကူးစပ်ခြင်းသုတေသနများအားရှင်းပြောကြားခဲ့ပြီး မြေဆွေးပုံပြုလုပ်ခြင်းနှင့်အကျိုးကျေးဇူးအားလည်းထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပါသည်တောင်သူများ မှစိတ်ပါဝင်စားစွာဖြင့် သိလိုသည်များကို မေးမြန်းလာသည့်အပေါ် ပြန်လည် ရှင်းလင်း ပြသခဲ့ ကြပါသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ဒေသခံတောင်သူများ၊ ဆန်စက်ပိုင်ရှင်များနှင့်အတူ အကျိုးဆောင်တောင်သူများ ဆန်စပါးလုပ်ငန်းရှင်များ၊ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ ၊ မြောင်းမြစိုက်ပျိုးရေးသိပ္ပံမှ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများ စုစုပေါင်း(၉၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်
ကြွရောက်လာသူများအား ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးပြီး နေ့လည်စာ ဖြင့်ဧည့် ခံကာ ကွင်းသရုပ်ပြပွဲအား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါကြောင်း သတင်း မှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန