စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ဟင်းသီးဟင်းရွက်သုတေသနဌာနစုကွင်း၌ သုတေသနဆောင်ရွက်နေမှုများအား လူငယ်သုတေသီများလေ့လာခြင်း

1
2
3 (2)
5
6
7
IMG_9974
1 2 3 (2) 5 6 7 IMG_9974

Plant Doctor Program မှ လူငယ်စိုက်ပျိုးရေးသုတေသီများသည် ဥယျာဉ်ခြံသီးနှံသုတေသနဌာနခွဲ၊ ဟင်းသီး ဟင်းရွက်နှင့် ပန်းမန်သုတေသနဌာနစုကွင်းတွင် ဆောင်ရွက်လျက်ရှိသည့် သုတေသန လုပ်ငန်းများကို ၂၀၂၂ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့တွင် သွားရောက်လေ့လာခဲ့ပါသည်။

သွားရောက်လေ့လာခဲ့ရာတွင် အော်ဂဲနစ်သီးနှံသုတေသန၏ ရည်ရွယ်ချက်၊ အမိုးအကာ အောက်တွင် စိုက်ပျိုး ခြင်းနှင့် အမိုးအကာမဲ့ ကွင်းစိုက်ခြင်းကို နှိုင်းယှဉ်လေ့လာခြင်းသုတေသနများ ဆောင်ရွက်နေမှု၊ စိုက်ပျိုး ပြုစုပုံ၊ သုတေသနမှတ်တမ်းကောက်ယူပုံတို့ကို ရှင်းလင်းပြသခဲ့ပါသည်။ အော်ဂဲနစ်စိုက်ခင်းတွင် အသုံးပြု သည့် တမာပိုးနှင်ဆေး၊ ငါးအမိုင်နိုအက်ဆစ်၊ ပဲပုပ်အားဆေးရည်၊ ကြက်သွန်ဖြူဆေးရည်နှင့် စပါးခွံ ပေါင်းခံရည် ပြုလုပ်သုံးစွဲပုံနည်းလမ်းများကို တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြေလွှာမဲ့စိုက်ပျိုးခြင်းသုတေသန (Hydroponic) စိုက်ခင်းတွင် သီးနှံများ စိုက်ပျိုးနည်းစနစ် များ၊ အာဟာရရည်အသုံးပြုမှု သုတေသန၊ အပင်ပြုစုစောင့်ရှောက်မှု၊ မှတ်တမ်း ကောက်ယူမှု အခြေအနေများကို ဌာနစုတာဝန်ခံနှင့် ဝန်ထမ်းများက ရှင်းလင်းပြသခဲ့ပါသည် ။

ဆက်လက်၍ နေ့လယ်ပိုင်းတွင် တာဝန်ခံမှ ဟင်းသီးဟင်းရွက် သီးနှံသုတေသနများ၏ရည်ရွယ်ချက်များ၊ ဟင်းသီးဟင်းရွက်များအတွက် စိုက်ပျိုးနိုင်သည့် သီးနှံပုံစံများ၊ ဌာနတွင်ဆောင်ရွက်ခဲ့သည့်သုတေသနများ၊ တွေ့ရှိချက်များ နှင့်စပ်လျဉ်း၍လည်းကောင်း၊ အလားအလာကောင်းသော သုတေသန ရလဒ်မျိုးများ၊ နည်းပညာများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ခရမ်းချဉ်စိုက်ပျိုးထုတ်လုပ်ပုံများနှင့် စပ်လျဉ်း၍လည်းကောင်း အသေးစိတ် စာတွေ့ သင်ကြားပို့ချပေးခဲ့ပါသည်။ ထိုသို့ပို့ချသင်ကြားပေးခဲ့ရာ လူငယ်စိုက်ပျိုးရေးသုတေသီများမှ သိလိုသည်များအား စိတ်ပါဝင်စားစွာ မေးမြန်းခြင်းများအပေါ် ပြန်လည်ဆွေးနွေးပေးခဲ့ပါကြောင်း သတင်း မှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။

သတင်းစဉ်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန