စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

“ သဘာဝ ဂေဟစနစ် အမှီပြု လယ်ယာကဏ္ဍဖွံ့ဖြိုးရေး စီမံကိန်း မြေပဲမျိုးသန့်ထုတ်တောင်သူများ စာချုပ်ချုပ်ဆိုခြင်းနှင့် ဒေသမျိုးရင်းဝင်မျိုးစေ့နှင့် အပင်များ စုဆောင်းခြင်း “

viber_image_2022-10-02_14-19-22-056
viber_image_2022-10-02_14-19-58-240
viber_image_2022-10-02_14-21-10-824
viber_image_2022-10-02_14-19-58-364
viber_image_2022-10-02_14-19-22-056 viber_image_2022-10-02_14-19-58-240 viber_image_2022-10-02_14-21-10-824 viber_image_2022-10-02_14-19-58-364

၂၀၂၂ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် သဘာဝ ဂေဟစနစ် အမှီပြု လယ်ယာကဏ္ဍဖွံ့ဖြိုးရေး စီမံကိန်း၏လှုပ်ရှားမှုတစ်ခုအဖြစ် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်ခိုင်ခိုင်ထွေး၊ သုတေသနအရာရှိ ဒေါ်ဥမ္မာအောင်နှင့် အဖွဲ့ဝင်များသည် လယ်ဝေးမြို့နယ် ချောင်းမငယ် ဆည်ရေသောက်ဒေသ မဒေါ့ပင် ကျေးရွာအုပ်စု၊ ဂုဏ်မင်းမြောင်နှင့် အောင်းကြီးကုန်း ကျေးရွာများတွင် ဆင်းပဒေသာ(၁၁)၊ မကွေး (၁၆) မြေပဲမျိုးများအား မျိုးသန့်ထုတ်လုပ်မည့် တောင်သူ (၄၀)ခန့်အား စာချုပ်ချုပ်ဆိုခြင်းနှင့် ဒေသမျိုးရင်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

ချောင်းမငယ် ရေလှောင်တမံ ပတ်ဝန်းကျင်နှင့် ရုံးပင် ကြိုးဝိုင်းဧရိယာအတွင်း ရှိကြသည့် ကျေးရွာများ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနမှဦးဆောင်လျက်သက်ဆိုင်ရာဌာနစုအသီးသီးပူးပေါင်းဆောင်ရွက်မှုဖြင့် ချောင်း မငယ် ရေလှောင်တမံ (Agrological project) စီမံကိန်းကို ၂၀၂၀ပြည့်နှစ်မှစတင်ကာ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါစီမံကိန်းအား ချောင်းမငယ် ရေလှောင်တမံ ပတ်ဝန်းကျင်နှင့် ရုံးပင်ကြိုးဝိုင်း ဧရိယာအတွင်း နေထိုင် ကြသည့် ကျေးလက်နေပြည်သူများ၏လူမှုဘဝနှင့် စီးပွား ရေးဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သဘာ ဝဂေဟ စနစ် အမှီပြု လယ်ယာ ကဏ္ဍ ဖွံဖြိုးတိုးတက် လာစေ ရေး စိုက်ပျိုး မွေးမြူရေးစနစ်အလေ့အကျင့် ကောင်းများအား ထူထောင်ရန်ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်သည်။

သတင်းစဉ်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန