ဟင်းသီးဟင်းရွက် သုတေသနဌာနစုတွင် ဒေသအသီးသီးမှ ငရုတ်မျိုးဗီဇကွဲများစုဆောင်းခြင်းနှင့် အရည်အသွေးလက္ခဏာများ နှိုင်းယှဉ်လေ့လာခြင်း သုတေသနအားဆောင်ရွက်လျက်ရှိခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန ၊ ဥယျာဉ်ခြံသုတေသနဌာနခွဲ၊ ဟင်းသီးဟင်းရွက် သုတေသန ဌာနစုတွင် ဒေသ အသီးသီးမှ ငရုတ်မျိုးဗီဇကွဲများစုဆောင်းခြင်းနှင့် အရည်အသွေး လက္ခဏာများနှိုင်းယှဉ်လေ့လာခြင်း သုတေသန အားဆောင်ရွက်လျက်ရှိပါသည်။
ငရုတ်မျိုးများတွင်ဗီဇကွဲမြောက်များစွာ ကွဲပြားတည်ရှိ နေသည့်အတွက် အရည် အသွေးသာလွန်ကောင်းမွန်သည့် ဗီဇရှိသောငရုတ်မျိုးများကို မှန်ကန်အကျိုးရှိစွာ ရွေးချယ် ရန် လိုအပ်ပါသည်။
ထို့ကြောင့်ပြည်တွင်း၊ ပြည်ပငရုတ်မျိုးများ၏အရည်အချင်းလက္ခဏာများအား သိရှိရန် ရည်ရွယ်ချက်ဖြင့် ဒေသ အသီးသီးမှစုဆောင်းရရှိသော ဒေသငရုတ်မျိုးဗီဇကွဲ (၁၆) မျိုးနှင့် ပြည်ပ ငရုတ်မျိုး (၆) မျိုးတို့အား (၂၂ x ၃) အာစီဘီဒီဇိုင်းအသုံးပြု၍ ဟင်းသီးဟင်းရွက်သုတေသနဌာနစုတွင် စမ်းသပ် ဆောင်ရွက်လျက်ရှိ ကာ မျိုးတစ်မျိုးချင်းဆီ၏ အရည်အချင်းလက္ခဏာများအား စနစ်တကျ မှတ်တမ်းအချက်အလက် ကောက်ယူခြင်းများဆောင်ရွက်လျက်ရှိပါကြောင်းသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါ သည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန