ဒေသအသီးသီးမှ ခရမ်းမျိုးဗီဇကွဲများစုဆောင်းခြင်းနှင့် အရည်အသွေးလက္ခဏာများ နှိုင်းယှဉ်လေ့လာခြင်းသုတေသနအားဆောင်ရွက်လျက်ရှိခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန ၊ ဥယျာဉ်ခြံသုတေသနဌာနခွဲ၊ ဟင်းသီးဟင်းရွက် သုတေ သနဌာနစုတွင် ဒေသ အသီးသီးမှစုဆောင်းရရှိသော ခရမ်းမျိုးဗီဇကွဲများ၏ အရည်အသွေး လက္ခဏာများ နှိုင်းယှဉ်လေ့လာခြင်း သုတေ သနအား ဆောင်ရွက်လျက်ရှိပါသည်။
ဒေသခရမ်းမျိုးများသည် တောင်သူကြိုက်နှစ်သက်၍ စီးပွားဖြစ်စိုက် ပျိုးနေသော်လည်း အသက်ကြီး မျိုးများဖြစ်သောကြောင့် အသက်လျင်၍အထွက်ကောင်းမျိုးများ ရွေးချယ်ပြီး မျိုးစပ် ထုတ်လုပ် ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် အဆိုပါသုတေသနအား ဆောင်ရွက် ခြင်းဖြစ်ပါသည်။
ဤသုတေသနကို ခရမ်းမျိုးဗီဇကွဲ ဒေသမျိုး(၂၆) မျိုးနှင့် မျိုးစေ့ဘဏ်မှရရှိသော (၄) မျိုးစုစုပေါင်း (၃၀)မျိုးတို့အား ထပ်ပြုကြိမ် (၃)ကြိမ်ဖြင့်(၃၀ x ၃) အာစီဘီဒီဇိုင်းဖြင့် စမ်းသပ် ဆောင်ရွက်ထားရှိပါကြောင်းသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန