နှံစားသီးနှံသုတေသန ဆောင်ရွက်နေမှုများအား Plants’ doctor program မှ လူငယ်သုတေသီများလေ့လာခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ယာသီးနှံ ဌာနခွဲ ၊ အခြားနှံစားသီးနှံ သုတေသန ဌာနစုသို့ Plants’ doctor program မှ လူငယ်သုတေသီများသည် ပြောင်းနှင့် အခြားနှံစားသီးနှံသုတေသနများ ဆောင်ရွက်နေမှုများကို စာတွေ့၊ လက်တွေ့ အနေဖြင့် စက်တင်ဘာ (၂၉)ရက်နေ့က သွားရောက်လေ့လာသင်ယူခဲ့ကြသည်။
ထိုသို့ သွားရောက်လေ့လာခဲ့ရာ နံနက်ပိုင်းတွင် သုတေသနပြုဆောင်ရွက်လျက်ရှိသည့် ပြောင်းနှင့်အခြားနှံစားသီးနှံ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုများ ၊အပင်ပြုစုပုံ၊မှတ်တမ်းအချက်အလက်ကောက်ယူပုံများ ကိုလက်တွေ့ လေ့လာ ဆည်းပူး ခဲ့ကြပါသည်။
ဆက်လက်၍ ညနေပိုင်းတွင် စာတွေ့အနေဖြင့် တာဝန်ရှိသူတစ်ဦးမှ Plants’ doctor program မှ လူငယ်သုတေသီများ အား သီးနှံသုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရည်ရွယ်ချက်အလိုက် ကောက်ယူရမည့် မှတ်တမ်းများအား အသေးစိတ် သင်ကြားပေးခြင်း ၊ ပြောင်းဖူးသီးနှံအတွက် လိုအပ်သည့် ပတ်ဝန်းကျင် ၊ ရာသီဥတု စသည်တို့နှင့်ဆက်စပ်၍လည်းကောင်း၊ စိုက်ပျိုးရာသီ စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ပြုစုစောင့်ရှောက်ပုံများအားလည်းကောင်း ၊ ပြောင်းဖူးပင်၏ အပင်ကြီးထွားပုံ အဆင့်ဆင့် တို့အားလည်းကောင်း သင်ကြားပြသပေးခဲ့ပါကြောင်းနှင့် လူငယ်သုတေသီများမှ စိတ်ပါ ဝင်စားစွာ သင်ယူခဲ့ကြပြီး သိလိုသည်များအား မေးမြန်းခဲ့ကြပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန