တောင်သူအခြေပြုသုတေသနစခန်းများဖွှင့်လှစ်ခြင်းလှုပ်ရှားမှုတစ်ခုအဖြစ် တောင်သူ့ စိုက်ကွင်းတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှထုတ်ဝေထားသည့်လိုင်း-၆၆ ဝါမျိုးနှင့် တောင်သူများ စိုက်ပျိုးလျက်ရှိသည့်ဝါမျိုးများယှဉ်ပြိုင်သရုပ်ပြ စိုက်ပျိုးပြသခြင်း
စိုက်ပျိုးရေး သုတေသနဦးစီးဌာန အနေဖြင့် တောင်သူ အကျိုးပြု သုတေသနလုပ် များ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသလို တစ်ဖက်တွင်လည်း မိမိတို့၏ မျိုးနှင့် နည်းပညာများ တောင်သူများ လက်ဝယ် ရောက်ရှိရေး နှင့်တောင်သူများအခက်အခဲပြသနာများ နှင့် လိုအပ်ချက်များ သိရှိနိုင်ရေးအတွက် တောင်သူ အခြေပြုသုတေသန စခန်းများ ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာတောင်သူအခြေပြုသုတေသနစခန်းဖွင့်လှစ်ခြင်း၏လှုပ်ရှားမှုတစ်ခုအနေဖြင့် တောင်သူ.စိုက်ကွင်းတွင်တောင်သူများစိုက်ပျိုးလျက်ရှိသည့်မျိုးများနှင့် စိုက်ပျိုးရေး သုတေသနမှ ထုတ် ဝေထားသည့် လိုင်း၆၆ ဝါမျိုးအား ယှဉ်ပြိုင်စိုက်ပျိုး၍ လက်တွေ့သရုပ်ပြသခြင်း အား ဆောင်ရွက်ထားရှိပါသည်။
ထိုသို့စိုက်ပျိုးပြသထားခြင်းအား ဖြင့် ပတ်ဝန်းကျင်ရှိ တောင်သူများ ကိုယ်တိုင်မျက်မြင် အကြိုက်ရွေးချယ်နိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။ အဆိုပါ သရုပ်ပြစိုက်ခင်းအား တပ်ကုန်းမြို့နယ် ကင်ပွန်းတန်းအုပ်စု လက်ပံတောကျေးရွာ ရှိ တောင်သူ ဦးကြည်ခင်၏ စိုက်ကွင်းအတွင်း စိုက်ပျိုးထားပြသထားခြင်းဖြစ်ပါသည်။
အဆိုပါတောင်သူအနေဖြင့် လည်း လိုင်း-၆၆ ဝါမျိုးအပေါ် စုပ်ပိုးဒဏ်ခံနိုင်ရည်ရှိခြင်း၊ အထွက် ကောင်းခြင်း ဆိုသည့် အချက် အပေါ် အထူးစိတ်ဝင်စားပါကြောင်း၊ မိမိတို့တောင်သူများအနေဖြင့် ယခုလက်ရှိ ဒေသ တွင်အစိုက်များနေသည့် မျိုးသည် မျိုးစေ့စေျးနှုန်း ကြီးမြင့်ခြင်းနှင့်ပိုးသတ်ဆေးစေျးနှုန်း ကြီးမြင့် ခြင်းတို့ကြောင့် အရင်းအနှီးကြီးသောကြောင့် အရင်းအနှီးကိုလျှော့ ချနိုင်ရန်မျှော်လင့်၍ ဤစမ်းသပ် ယှဉ်ပြိုင်စိုက်ပျိုးခြင်းအား အထူးစိတ်အားထက်သန်စွာ စိုက်ပျိုးရေး သုတေသန ဦးစီး ဌာနနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရှိခဲ့ရသည်။
အဆိုပါ သရုပ်ပြစိုက်ပျိုးပြသထားသည့် စိုက်ခင်းသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စက်မှု သီးနှံနှင့်နှစ်ရှည်ပင်များဌာနခွဲ၊ ဝါနှင့်အမျှင်ထွက်ပင်များသုတေသနဌာနစုမှ တာဝန်ရှိသူများသည် ၂၀၂၂ခုနှစ် စက်တင်ဘာ(၁၀)ရက် နံနက်ပိုင်းက အပင်ဖြစ်ထွန်းမှုအခြေအနေများနှင့် အခြေအနေအရပ်ရပ်တို့အားကြည့်ရှုရန် အတွက် သွားရောက်ခဲ့ကြ ကာ အပင်ဖြစ်ထွန်းမှုအခြေအနေများ၊ ပိုးမွှား ရောဂါ ကျရောက်မှု အခြေအနေများ၊ ကူညီပေးရန်လိုအပ်သည့် အခြေအနေများ အားဆွေးနွေးခဲ့ကြပါ ကြောင်းသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။