စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် Monitoring & Evaluation M&E သင်တန်း ဖွင့်ပွဲ ကျင်းပခြင်း

DSC00297
DSC00304
DSC00313
DSC00299
DSC00303
DSC00290
DSC00301
DSC00310
DSC00307
DSC00342
DSC00308
DSC00336
DSC00302
DSC00331
DSC00341
DSC00339
DSC00293
DSC00298
DSC00316
DSC00325
DSC00330
DSC00321
DSC00297 DSC00304 DSC00313 DSC00299 DSC00303 DSC00290 DSC00301 DSC00310 DSC00307 DSC00342 DSC00308 DSC00336 DSC00302 DSC00331 DSC00341 DSC00339 DSC00293 DSC00298 DSC00316 DSC00325 DSC00330 DSC00321

စိုက်ပျိုးရေးသုတေသနဦးစီးဌာနရေဆင်းရှိ Auditorium ခန်းမတွင် စိုက်ပျိုးစီးပွားရေးနှင့် စေျး ကွက် သုတေသနဌာနစု၏ဦးဆောင်မှုဖြင့် Monitoring & Evaluation M&E သင်တန်းအား ၂၀၂၂ခုနှစ် စက်တင်ဘာ(၈)ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ ဌာနစု တာဝန်ခံများ နှင့် သင်တန်းသားသင်တန်းသူများ တက်ရောက် ခဲ့ကြပါသည်။

အဆိုပါသင်တန်းအားစိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ သုတေသနဝန်ထမ်းများ အနေ ဖြင့် မိမိတို့ ဆောင်ရွက်မည့် Project များကို အစ၊ အလယ်၊ အဆုံးတစ် ဆင့်ချင်းစီအလိုက် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း အချိန်မီအောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက် နိုင်ရန်၊ စီမံကိန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် ဖြေရှင်းရမည့်နည်းလမ်းများကို ကိုယ်တိုင်သိရှိနားလည်စေရန်၊ စီမံကိန်း ဆောင်ရွက်သည့် ကာလအတွင်း အကဲဖြတ် လေ့လာခြင်း လုပ်ငန်းများ၏ အရေးကြီးပုံနှင့် စီမံကိန်းများကို မိမိတို့ကိုယ်တိုင် စနစ်တကျ အကဲဖြတ်လေ့လာခြင်း လုပ်ငန်း များကို ဆောင်ရွက်လာနိုင် စေရန်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုး တိုးတက် လာစေရန်နှင့် သက်ဆိုင်ရာဌာနအလိုက် စီမံချက်များဆောင်ရွက်ရာတွင် သတ်မှတ်ထား သည့် အချိန် ကာလအတွင်း အောင်မြင်စွာအကောင်ထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ ခြင်း ဖြစ်ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ နိုင်ကြည်ဝင်းမှ အဖွင့်အမှာစကားပြောကြားရာ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန အနေဖြင့် စားနပ်ရိက္ခာဖူလုံစေရေး အတွက်အထောက် အကူပြု သည့် အဆင့်မြင့် သုတေသန လုပ်ငန်းများ ဆောင်ရွက်ရာတွင်နိုင်ငံတကာသုတေသန လုပ်ငန်းများနှင့် ရင်ဘောင် တန်းနိုင်ပြီး တိကျသေချာသည့်သိပ္ပံနည်းကျ သုတေသနရလဒ်များ ရရှိနိုင်ရန်နှင့် လက်ရှိ ဆောင်ရွက် လျက်ရှိသည့် သုတေသန လုပ်ငန်းတစ်ခုချင်း စီအလိုက် ရည်ရွယ်ချက် ခိုင်မာမှု ရှိသည့် သုတေသန ရလာဒ်များရရှိနိုင်ရန် အတွက် စိုက်ပျိုးရေးဆိုင် ရာသုတေသန လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်မှစတင်၍ Program-Project ရေးဆွဲ၍ ဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိတို့၏ ဌာန ၏ဖွဲ့စည်းပုံအသစ်ဖြင့်စတင် အကောင်ထည်ဖော်ဆောင်ရွက်ချိန် တွင် များစွာအထောက်အကူ ပြုပါကြောင်း၊ သုတေသန၊ ရုံးလုပ်ငန်းများစီမံခက်များချမှတ် လုပ်ဆောင်ရန်အတွက် ဤသင်တန်းမှများစွာ အထောက် အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့်အထူးမှာကြားလိုသည်မှာ ယခု သင်တန်းတွင် တက်ရောက်သည့် သုတေသန ဝန်ထမ်းများ အနေဖြင့် ဤသင်တန်းမှ တဆင့် မိမိတို့ဆောင်ရွက်မည့် သုတေသန စီမံချက်များကို ကောင်းမွန်စွာ နားလည်လာပြီး သတ်မှတ်ထားသည့် အချိန်ကာလအတွင်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် လာနိုင်ရန်နှင့် မိမိတို့လုပ်ငန်း ခွင်တွင် လက်တွေ့ အသုံးချနိုင်စေရန်အတွက် ဝန်ထမ်းများမှ စိတ်ပါဝင်စားစွာ မှတ်သားသင်ယူစေလိုပါကြောင်း ပြောကြား ခဲ့ပါသည်။

အဆိုပါသင်တန်းအား စက်တင်ဘာ(၈)ရက်မှ(၉) ရက်ထိ ၂ရက်တာ ဖွင့်လှစ် သွားမည် ဖြစ်ကာ Project/programme and it’s Life Cycle: An Introductory Phase နှင့် Introduction to Monitoring and Evaluation အပိုင်းအားလည်းကောင်း၊ Fundamental of M&E နှင့်ဆက်ဆက်၍လည်း ကောင်း၊Problem Tree Analysis နှင့်ဆက်စပ်၍လည်းကောင်း ဆွေးနွေးပို့ချကာ အုပ်စုလိုက်ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်သွား မည်ဖြစ်ပါသည်။ ထို့ပြင် Designing SMART indicator၊ DAR-ADS-M&E Framework ရေးဆွဲရာတွင် ထည့်သွင်း ထားသည့် ထပ်ဆင့်ရလာဒ်(Outcome) ချက်ချင်းရလာဒ် (Output)၊ Outcome နှင့် Output များကို တိုင်းတာ နိုင်မည့် အညွှန်းကိန်း (Indicator) များနှင့် စပ်လျဉ်း၍လည်းကောင်း၊DAR-Program Project and Reporting Format Indicator နှင့်ဆက်စပ်၍လည်းကောင်း ဆွေးနွေးပို့ချသွားမည်ဖြစ်ပါကြောင်းသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။

  သတင်းစဉ်

  စိုက်ပျိုးရေးသုတေသနဦးစီးဌာန