စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

နှံစားပြောင်းသီးနှံမျိုးများ၏ အရည်အချင်းနှင့်အရည်အသွေးလက္ခဏာရပ်များကိုအခြေခံ၍ လူနှင့်တိရစ္ဆာန်အစာအသုံးပြုရန်အတွက် အထွက်နှုန်းနှင့် အထွက် နှုန်းမိတ်ဖက် လက္ခဏာ များနှင့် အပင်တစ်ပင်တွင်ပါဝင်သောအာဟာရဓာတ်များကိုစမ်းသပ်လေ့လာခြင်း

DSC08761
DSC08766
DSC08769
DSC08762
DSC08764
DSC08768
DSC08770
DSC08771
DSC08767
DSC08761 DSC08766 DSC08769 DSC08762 DSC08764 DSC08768 DSC08770 DSC08771 DSC08767

၂၀၂၂ ခုနှစ် သြဂုတ်လ(၁) ရက်က စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စုဝေးခန်းမ၌ ပညာသင်များ၏ ပညာသင်ကာလအတွင်း တွေ့ကြုံရသော အတွေ့အကြုံများနှင့် ပညာသင် ဘွဲ့အတွက် တင်သွင်းခဲ့သော သုတေ သန စာတမ်းအား အသိပညာမျှဝေသည့် သုတေသန စာတမ်း ဖတ်ပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ “နှံစားပြောင်း သီးနှံမျိုးများ၏ အရည်အချင်းနှင့်အရည်အသွေးလက္ခဏာရပ်များကိုအခြေခံ၍ လူနှင့် တိရစ္ဆာန် အစာအသုံးပြုရန်အတွက် အထွက်နှုန်းနှင့် အထွက် နှုန်းမိတ်ဖက် လက္ခဏာ များနှင့် အပင်တစ်ပင် တွင်ပါဝင်သော အာဟာရဓာတ်များကိုစမ်းသပ်လေ့လာခြင်း” ခေါင်းစဉ်ဖြင့် စာတမ်း ရှင် ဒေါ်ဆုမွန်သန့် မှဖတ်ကြားခဲ့ပါသည်။

                  အဆိုပါ စာတမ်းဖတ်ပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသီပညာရှင်များ၊ဖိတ်ကြား ထားသည့် ဧည့်သည် တော်များ၊ သုတေသနဌာနစု အသီးသီးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါ သည်။

                 အဆိုပါစာတမ်းဖတ်ပွဲတွင် စာတမ်းရှင် မှ နှံစားပြောင်းသီးနှံသည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အရေးအကြီးဆုံးသီးနှံတစ်ခုဖြစ်ပါကြောင်း၊ နှံစားပြောင်းသီးနှံတွင် အစေ့ကိုလူများစားသုံးရန်နှင့် ပင်စည်ကို တိရစ္ဆာန်အစာ အဖြစ်အသုံးပြုရန်အတွက် အရည်အသွေး ကောင်းသော နှံစားပြောင်း မျိုးများ ရရှိရန် အတွက်ရည်ရွယ်၍ ဤသုတေသန ကိုဆောင်ရွက် ရခြင်း ဖြစ်ပါကြောင်း တင်ပြ ဆွေးနွေး ခဲ့ပါသည်။

                  အဆိုပါ အကြောင်းအရင်းအား အခြေခံ၍ နှံစားပြောင်းသီးနှံကို လူနှင့်တိရစ္ဆာန်အစာ အသုံးပြုရန်အတွက် ရုပ်သွင်ပြင် လက္ခဏာ ရပ်များ နှင့် အပင်၏အာဟာရဓာတ်များကို ရှာဖွေဖော်ထုတ်ရန် နှင့် နှံစားပြောင်း မျိုးများ၏ အထွက်နှင့်အထွက်မိတ်ဖက်လက္ခဏာများလေ့လာရန် အတွက် စမ်းသပ်မျိုး  (၃၀) မျိုး ကို ထပ်ပြုကြိမ် (၃) ကြိမ်ပြု၍ သုတေသနကျမ်းကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဤသုတေသနကို အိန္ဒိယနိုင်ငံ၊ Hisar မြို့၊ Chaudhary Charan Singh Haryana Agricultural University ( CCS HAU) တွင် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် စမ်းသပ်စိုက်ပျိုးခဲ့ပါကြောင်း၊ သုတေသနမှတ်တမ်းကောက်ယူရာတွင် အထွက်နှင့်အထွက်မိတ်ဖက် လက္ခဏာ (၁၈)မျိုးကို ကောက်ယူခဲ့ပြီး   အပင်၏အာဟာရဓာတ်များကိုစစ်ဆေးရန် လက္ခဏာ (၄) မျိုးကို ကောက်ယူ စမ်းသပ် လေ့လာခဲ့ပါကြောင်း တို့ကိုတင်ပြခဲ့ပါသည်။

                စာတမ်းရှင်မှ သူမ၏ သုတေသနလေ့လာတွေ့ရှိချက်များအရ HJ-541 နှင့် S-713နှံစားပြောင်းမျိူး(၂) မျိုးသည် တိရစ္ဆာန်အစာ အသုံးပြုရန်အတွက် ပင်စည်အထွက်နှုန်း အကောင်းဆုံးမျိူးများ ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါကြောင်း၊ ပင်စည် အစိုအလေးချိန်( GFY) သည် အပင်အမြင့်၊ ပင်စည် လုံးပတ် အရွယ်အစား၊ ပင်စည် အခြောက်အလေးချိန်( DFY) ၊ အနှံအရှည် ၊ အစေ့အထွက်နှုန်း နှင့် တိုက်ရိုက်ဆက်စပ်မှု ရှိသောကြောင့် ပင်စည် အစိုအလေးချိန် (GFY) အတွက် များစွာ အထောက် အကူဖြစ် ကြောင်း တွေရှိခဲ့ရပါကြောင်း၊  အပင်၏ အာဟာရ တန်ဖိုးများကို စစ်ဆေးရာ တွင်  HJ-541 နှင့် S-652 နှံစားပြောင်းမျိုး များသည် ပရိုတင်းပါဝင်မှု အများဆုံးဖြစ်ကြောင်းတွေ့ရှိရပြီး GFS-5 နှင့် PC-1080 နှံစားပြောင်းမျိုးများသည် HCN ပါဝင်မှု အနည်းဆုံးဖြစ်သော မျိုးများဖြစ် ပါကြောင်း နှင့် အုပ်စု (၅) အုပ်စုခွဲ၍ လေ့လာရာတွင်လည်း အုပ်စု(၄)နှင့် အုပ်စု(၅)မှ မျိူးများသည် ဗီဇကွဲလွဲမှု အမြင့်ဆုံးနှင့် စပ်မျိုးစွမ်းရည် ကောင်းသော  နှံစားပြောင်းမျိူးများကို  တွေ့ရှိခဲ့ရသည့်အတွက်  မျိုးကူးစပ် မွေးမြူခြင်း လုပ်ငန်းများတွင် အသုံးပြုနိုင်သည် ကိုတွေ့ရှိခဲ့ရပါကြောင်း တို့ကို စာတမ်းရှင်မှ အသိပေးမျှဝေခဲ့ပါသည်။

         ဆက်လက်၍ တက်ရောက်လာကြသည့် သုတေသနပညာရှင် များမှ စာတမ်းရှင်၏ တွေ့ရှိချက် များအပေါ် သိလို သည်များအား မေးမြန်း ဆွေးနွေးခြင်း၊ အကြံပြု ခြင်းများ ပြုလုပ်ခဲ့ ကြပါကြောင်း သတင်း မှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။

                                                                                                                        သတင်းစဉ်

                                                                                                             စိုက်ပျိုးရေးသုတေသနဦးစီးဌာန