စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စေျးကွက်မှလိုအပ်သည့် စပါးမျိုးများ Breeder Seed ထုတ်လုပ်ရေး ညှိနှိုင်းဆွေးနွေးခြင်း

3.8.221
3.8.224
Screenshot 2022-08-005
IMG_6219 - Copy (2)
IMG_6235
IMG_6220 - Copy
3.8.225
IMG_6235 - Copy (2)
IMG_6226
3.8.221 3.8.224 Screenshot 2022-08-005 IMG_6219 - Copy (2) IMG_6235 IMG_6220 - Copy 3.8.225 IMG_6235 - Copy (2) IMG_6226

၂၀၂၂ခုနှစ် ဩဂုတ်လ (၃) ရက်နေ့နံနက်ပိုင်းက မြန်မာန်ုင်ငံဆန်စပါးအသင်းချုပ်၊ စိုက်ပျိုး ရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုအဖြစ် စေျးကွက် မှလိုအပ်သည့် စပါးမျိုးများ Breeder Seed ထုတ်လုပ်ရေး ညှိနှိုင်း ဆွေးနွေး ပွဲတစ်ရပ်ကိုကျင်းပခဲ့ပါသည်။

အဆိုပါ ညှိနှိုင်း အစည်းအဝေးသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးရဲမင်း အောင် နှင့်တာဝန်ရှိသူများ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာနိုင် ကြည်ဝင်း နှင့်တာဝန်ရှိသူများ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြ ပါသည်။

အစီအစဉ်အရ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ဦးရဲမင်း အောင်မှ နှုတ် ခွန်းဆက်စကား ပြောကြားကာ မြန်မာနိုင်ငံမှ ဆန် အဓိကတင်ပို့သည့် တရုတ်နှင့် ဉရောပစေျး ကွက် အတွက် အဓိကစေျးကွက်မှ လိုအပ်သည့် ကရင်မထိပ်ဆောင်း၊ ထွန်းပု၊ ရာကျော်၊ ဆင်း သုခ စပါးမျိုးများ အား စိုက်ပျိုးရေးသုတေသသနဉးစီးဌာနအနေဖြင့် စပါး Breeder seed ထုတ်လုပ် နိုင်ရေး Breeder seed multiplication program တွင် ထည့်သွင်း ဆောင်ရွက်ပေးပါရန်နှင့် လိုအပ် သည်များအား မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် အနေဖြင့် ပံ့ပိုးကူညီပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်မိုး မျိုးတင့်မှ စိုက်ပျိုးရေး သုတေသန ဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လက်ရှိ ထုတ်ဝေ ပြီးစပါးမျိုးများအား Breeder seed ပွားများ ပေးနေ မှု အခြေအနေများများအား ရှင်းလင်း ပြောကြား ပေးခဲ့ပါသည်။ ယခုလိုအပ်သည့် မျိုးများ အားစေျးကွက် မှ လိုလားသည့် အရည်အချင်းလက္ခဏာများ ပါဝင်သော မျိုးအသစ်များ ရရှိရေး ဆောင်ရွက်နိုင်သည့် Breeding program နည်းလမ်းများနှင့် ထွက်ရှိ နိုင်မည့်  အချိန်ကာလ အပိုင်းအခြားများအား ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း မှ အဆိုပါ ဆွေးနွေး တင်ပြချက်များအပေါ် ညှိနှိုင်းဆွေးနွးခြင်းများဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံ ဆန်စပါး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် Climate change အရ လက်ရှိမျိုး များ ကိုပြုပြင်ပြောင်းလဲခြင်းနှင့် သက်ဆိုင်သော သုတေ သနများ ၊ စိုက်နည်း စနစ်နှင့် သက်ဆိုင်သော သုတေသနများ ဆောင်ရွက်လျက်ရှိသလို စေျးကွက် လိုအပ်ချက် ဉီးတည်သော သုတေသနများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခု လည်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အတွေ့ အကြုံ များနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ နည်းပညာတို့ ပေါင်းစပ် ဆောင်ရွက်မည်ဆိုပါက စေျးကွက် အတွက် အမှန် တကယ်လိုအပ်သည့်မျိုးများရရှိနိုင်ရေး အကောင်းဆုံး ဆောင်ရွက် နိုင်မည် ဟု မိမိအနေဖြင့် ယုံကြည် ပါကြောင်း၊ မိမိတို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် စေျးကွက် လိုအပ်ချက် ရှိသော မျိုးများအား Breeder seed multiplication အစီအစဉ်တွင် ထည့်သွင်း ဆောင်ရွက် ပေးသွားမည်ဖြစ်သလို ယခု လိုအပ် သော မျိုးလေး မျိုးတွင် ကရင်မထိပ်ဆောင်းနှင့် ထွန်းပု စပါးမျိုး၂မျိုး အတွက် ယခုနှစ် မိုးရာသီ အကုန် တွင် ပေးနိုင်မည့် မျိုးပမာဏနှင့် ကျန်မျိုး နှစ်မျိုး အား ယခုနှစ် မိုးရာသီတွင် Nucleus seed ကိုစတင် မွေးမြူမည်ဖြစ်ကာ နောင်နှစ် တွင် ပေးနိုင်မည့် ပမာဏတို့အား ဆွေးနွေး ညှိနှိုင်း ပေးခဲ့ပါသည်။

သတင်းစဉ်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန