ကောက်စိုက်စက်ဖြင့်စပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကျင်းပ
စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်မှု တစ်ခုအဖြစ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးသီးနှံဌာနခွဲ၊တာယော စိုက်ပျိုးရေး သုတေသနခြံတွင် ၂၀.၇. ၂၀၂၂ နံနက် ပိုင်းက ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း ကွင်း သရုပ်ပြပွဲအား ကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့စိုက်ပျိုးရေးဦးစီးဌာနမှပြည်နယ်ဦးစီးမှူးဦးချိုနိုင်ထွန်း၊တောင်ကြီးမြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဝင်း စက်မှု လယ်ယာဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးကျော်၊ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံ တောင် သူများနှင့် ဖိတ်ကြားထား သောဧည့်သည်တော်များတက်ရောက်ကြပါသည်။
ကွင်းသရုပ်ပြပွဲတွင် ခြံတာဝန်ခံဦးလှဦးမှ ကွင်းသရုပ်ပြပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး တောင်သူများနှင့်ဧည့်သည်တော်များကသိလိုသည်များအား မေးမြန်းရာ ခြံတာဝန်ခံနှင့် စက်မှုလယ်ယာ ဦးစီးဌာန၊အမှတ်(၈၅)ထွန်စက်စခန်းမှ ဦးစီးအရာရှိ ဦးသီဟဇော် တို့မှ ပြန်လည် ရှင်းလင်း ဖြေ ကြား ခဲ့ပါကြောင်း သတင်း မှတ်တမ်း အဖြစ် ဖော်ပြအပ်ပါသည်။