မော်လီကျူလာနည်းပညာဖြင့် စပါးဗီဇမျိုး များအား ဖြုတ်ညို ပိုးမွှားဒါဏ်နှင့်ဘက်တီးရီးယားရွက်ခြောက် ရောဂါဒါဏ် ခံနိုင်ရည်ရှိမှုအားစမ်းသပ်လေ့လာခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စုဝေးခန်းမ၌ ပညာသင်များ၏ ပညာသင် ကာလအတွင်း တွေ့ကြုံရသော အတွေ့အကြုံများနှင့် ပညာသင် ဘွဲ့အတွက် တင်သွင်းခဲ့သော သုတေသန စာတမ်းအား အသိပညာမျှဝေသည့် သုတေသန စာတမ်း ဖတ်ပွဲတစ်ရပ်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ (၁၈) ရက်က ကျင်းပခဲ့ရာ “မော်လီကျူလာနည်းပညာဖြင့် စပါးဗီဇမျိုး များအား ဖြုတ်ညို ပိုးမွှားဒါဏ်နှင့်ဘက်တီးရီးယားရွက်ခြောက် ရောဂါဒါဏ် ခံနိုင်ရည်ရှိမှု့အား စမ်းသပ် လေ့လာ ခြင်း’ဆိုသည့်ခေါင်းစဉ်ဖြင့် စာတမ်းရှင်ဖြစ်သည့် ဒေါ်ယဉ်ယဉ်အေးမှ ဖတ်ကြား ခဲ့ပါသည်။
အဆိုပါ စာတမ်းဖတ်ပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်ညွှန်ကြား ရေးမှူး များ၊ ဖိတ်ကြား ထားသည့် ဧည့်သည် တော်များ၊ သုတေသနဌာနစု အသီးသီးမှ ဌာနစုတာဝန်ခံများ၊ သုတေသီ ပညာရှင်များ တက် ရောက် ခဲ့ကြပါ သည်။
စာတမ်းဖတ်ပွဲတွင် စာတမ်းရှင်ဖြစ်သည့် ဒေါ်ယဉ်ယဉ်အေးမှ စပါးသီးနှံသည် အာရှဒေသတွင် နှစ်စဉ်အရေးကြီးသော စားသုံးသီးနှံတစ်ခုဖြစ် ပါကြောင်း၊ စပါး စိုက်ပျိုး ထုတ် လုပ်မှု့ သည်ကမာ္ဘတဝန်းတွင် သက်ရှိ၊ သက်မဲ့အမျိုးမျိုးကြောင့် ဆိုးကျိုး များစွာ တွေ့ကြုံ ရပါကြောင်း စသည့် သူမ၏သုတေသနအား ဆောင်ရွက်ရွက်ရသည့် အကြောင်းရင်း များအား တင်ပြခဲ့သည်။
အဆိုပါအကြောင်းရင်းများအားအခြေခံကာ စပါးမျိုးများ၏ ဖြုတ်ညိုဒါဏ် ခံနိုင်ရည် ရှိမှုနှင့်ရွက်ခြောက်ရောဂါဒါဏ် ခံနိုင်ရည်ရှိမှု အထွက်နှုန်းမိတ်ဖက်လက္ခဏာများအား အကဲဖြတ် လေ့လာရန်၊ ဆန်အရည် အသွေးကြိတ်ခွဲခြင်း လက္ခဏာများ လေ့လာခြင်းနှင့်် မော်လီကျူလာ နည်းပညာကိုအသုံးပြု ၍ဖြုတ်ညိုဒါဏ် နှင့်ဘက်တီးရီးယားရွက်ခြောက်ရောဂါဒါဏ် ခံနိုင်ရည် ရှိသော စပါးမျိုးလိုင်းများအားရွေးချယ်ရန်ဟူသည့်ရည်ရွယ်ချက်များ ထားရှိကာ ဆောင် ရွက် ခဲ့ခြင်းဖြစ်ပါသည်။
သူမ၏လေ့လာမှုတွင် ပိုးမွှားရောဂါဒါဏ် ခံနိုင်ရည်ရှိမှု့ လက္ခဏာများအား မော်လီကျူလာနည်းပညာအားဖြင့် အကဲဖြတ်လေ့လာခြင်းဖြင့် သီးနှံစိုက်ပျိုး ရာသီဖြစ်သော မိုးရာ သီ နှစ်ခုတွင် စပါးမျိုးလိုင်းများ၏ ဖြုတ်ညိုပိုးမွား ဒါဏ်နှင့် ဘက်တီးရီးယားရွက်ခြောက် ရောဂါ ဒါဏ် ခံနိုင်ရည်ရှိမှု့ကိုသိရှိရန် စပါးမျိုး(၆၄) လိုင်းကိုအသုံးပြု၍လေ့လာခဲ့ပါသည်။ မျိုးကူးစပ် ၍ရရှိလာသော စပါး စပ်မျိုးလိုင်း (၆၄) မျိုးအား ပန်ဂျပ်စိုက်ပျိုးရေးတက္ကသိုလ် စပါးသီးနှံဌာနစု၊ အပင်မျိုးရိုးဗီဇ နှင့် မျိုးစပ်မွေးမြူရေးဌာန၊ အိန္ဒိယနိုင်ငံ လုရီးဒိုင်းနား မြို့နှင့် ရောနီဒေသ တို့တွင် ၂၀၂၀-၂၀၂၁ ခုနှစ် တွင် စမ်းသပ် စိုက် ပျိုးခဲ့ခြင်းဖြစ်သည်။
စာတမ်းရှင်၏ လေ့လာတွေ့ရှိချက်များအရ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာ ခွဲခြမ်း စိတ်ဖြာမှု့များအား သင်္ချာဗေဒနည်းဖြင့် တွက်ထုတ်ရာတွင်၅၀ရာခိုင်နှုန်းပန်းပွင့်ရက်၊ အပင်မြင့်၊ ပင်ပွားအရေအတွက်၊ အောင်စေ့အလေးချိန်၊ အောင်စေ့ရာခိုင်နှုန်းတို့အား မိုးရာသီတွင် စိုက်ပျိုးခဲ့ရာ၌ မျိုးလိုင်း (၁၀) လိုင်း တို့သည် စံထားမျိုးထက်အထွက်နှုန်း သိသိသာသာ မြင့်မားသည်ကို တွေ့ရှိခဲ့ ရကာ ဖြုတ်ညိုပိုးမွားဒါဏ်၊ ဘက်တီးရီးယား ရွက်ခြောက်ဒါဏ်နှင့် အထွက်နှုန်းတို့သည် စိုက်ပျိုးရာသီနှစ်ခုစလုံး၌ သိသိသာသာ ကွာခြားသည်ကို တွေ့ရ ပါကြောင်း၊စပါးမျိုး(၆၄)လိုင်းအားရုပ်သွင်ပြင်ဆိုင်ရာလက္ခဏများနှင့်ဆန်အရည်အသွေးကြိတ်ခွဲခြင်းဆိုင်ရာလက္ခဏများအားစမ်းသပ်ခဲ့ရာတွင် သိသိသာသာကွာခြားသိကို တွေ့ရပါကြောင်း မျှဝေ ခဲ့ပါသည်။
ထို့ပြင် ပိုးမွှားဒဏ်ခံနိုင်ရည်ရှိသော စပါးမျိုးများသိရှိရန် standard seed box screening test ကို အသုံးပြု၍ စမ်းသပ် လေ့လာခဲ့ပါကြောင်းနှင့် ဘက်တီးရီးယားရွက် ခြောက်ရောဂါ ဒါဏ် ခံနိုင်ရည်ရှိသော စပါးမျိုးများသိရှိရန် Artificial Clip Inoculation Method ကိုအသုံး ပြု၍စမ်းသပ်လေ့လာခဲ့ပါကြောင်း၊ထိုသို့စမ်းသပ်လေ့လာခဲ့ရာ စမ်းသပ် တွေ့ရှိချက်အရ စပ်မျိုးစပါး (၆၄) လိုင်း အနက် ဖြုတ်ညိုဒါဏ် နှင့်ဘက်တီးရီးယားရွက်ခြောက်ရောဂါ ဒါဏ်ကို ခံနိုင်ရည်ရှိသောမျိုးလိုင်း အတွက်မော်လီကျူလာ နည်းဖြင့် စစ်ဆေးရာတွင် စမ်းသပ်စပ်မျိုး လိုင်းများအားလုံးအနက် အနည်းငယ်သာ ခံနိုင်ရည်မြင့်မားမှု့မရှိ ကြောင်း တွေ့ရပါ ကြောင်း အသိပေးမျှဝေခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေး မှူး များနှင့် သုတေသီပညာရှင် များမှ စာတမ်းရှင်၏ တွေ့ရှိချက်များအပေါ် သိလို သည်များ အား မေးမြန်းဆွေးနွေးခြင်း၊ အကြံပြု ခြင်းများ ပြုလုပ်ခဲ့ ကြပါကြောင်း သတင်း မှတ်တမ်း အဖြစ်ဖော်ပြ အပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန