စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

တိုက်ရိုက်မျိုးစေ့ချကိရိယာအသုံးပြု၍စပါးစိုက်ပျိုးပြသခြင်းဆောင်ရွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊စပါးသီးနှံသုတေသနဌာနခွဲ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံ စိုက်ပျိုးရေး

YMK2
YMK1
YMK5
YMK4
YMK3
YMK2 YMK1 YMK5 YMK4 YMK3

သုတေသနခြံတွင်ဇူလိုင်၆ရက်နံနက်ပိုင်းတွင်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့်စိုက်ပျိုးရေးသုတေ သနဦးစီးဌာနမှဝန်ထမ်းများပူးပေါင်း ကာတောင်သူများအားတိုက်ရိုက်မျိုးစေ့ချကိရိယာအသုံးပြု၍ ဆင်းဧ ကရီ-၃စပါးမျိုးစေ့ချစိုက်ပျိုးသရုပ်ပြသခြင်းအားဆောင်ရွက်ခဲ့ပါသည်။

အဆိုပါတိုက်ရိုက်မျိုးစေုချ သရုပ်ပြပွဲသို့ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ၊ကျိုင်းတုံစိုက်ပျိုး ရေးသုတေသနခြံမှ ခြံတာဝန်ခံ နှင့်တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး နှင့်တာဝန်ရှိသူများ၊ ဒေသခံတောင်သူများတက်ရောက်ခဲ့ကြပါသည်။

စိုက်ပျိုးရေးဦးစီးဌာနဒုတိယပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားရာ တိုက်ရိုက် မျိုးစေ့ချ ကိရိယာအသုံးပြု၍ စိုက်ပျိုးခြင်းမှာ အချိန်ကုန်သက်သာပြီး စိုက်ပျိုးစရိတ်ကြီးမားပြီး အလုပ် သမား ရှားပါးသော ရှမ်းပြည်နယ်အရှေ့ ပိုင်းတောင်သူမျာအတွက် စိုက်ပျိုးစရိတ် ကုန်ကျမှု သက်သာ ကြောင်း၊ လုပ်သားရှားပါးမှုကြောင့် ကြုံတွေ့ ရမည့်အခက်အခဲများလည်း ကင်းဝေးစေကြောင်း ၊တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းအားဖြင့် ရေလိုအပ်ချက်နည်းနည်း ဖြင့်စိုက်ပျိုးနိုင်ကာ အပင်စောစော ထွက်စေကြောင်း၊ ပျိုးထောင် စိုက်ခြင်းကဲ့သို့ အချိန်ပေးရခြင်းနှင့် ရာသီဥတုအေးမြခြင်းကြောင့် ပလတ်စ တစ်များ အုပ်ပျိုးထောင် ရခြင်းတို့ကိုပြုလုပ်ပေးရန်မလိုပါကြောင်းနှင့် တိုက်ရိုက် အစေ့ချ ကိရိယာ အသုံးပြု စိုက်ပျိုးခြင်းဖြင့် တစ်ဧကမျိုးစပါး(၁.၅)တင်း နှုန်းအသုံးပြုပြီး စပါးမျိုးစေ့ စာပါးစပ် ပြူသည် အထိသာမျိုးညှောက်ဖောက်ကာ (၈)လက်မအတန်း လိုက်မျိုးစေ့ချကိရိယာဖြင့်ဆွဲ၍ တစ်ဧက အပင် အရေအတွက် ၁၁သိန်းခန့်၀င့်ဆံ့အောင်စိုက်ပျိုးနိုင်ကြောင်းတို့ကို ရှင်းလင်း ပြောကြားသည်။

ထို့နောက်စိုက်ပျိုးရေးပညာပေးဝန်ထမ်းများမှ တောင်သူများအား တိုက်ရိုက်မျိုးစေ့ ချကိရိယာ အသုံးပြု၍ စပါးအစေ့ချစိုက်ပျိုးခြင်းအားလက်တွေ့ သရုပ်ပြ စိုက်ပျိုးပြသ ခြင်း အစီအစဉ်အား ဆောင်ရွက်ပြသခဲ့ပါကြောင်း နှင့်တောင်သူများသိရှိလိုသည့်အကြောင်းအရာများအား စိုက်ပျိုးရေး သုတေသန ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီး ဌာနတို့မှ တာဝန်ရှိသူများမှ ပြန်လည် ဖြေကြား ပေးခဲ့ပါ ကြောင်း သတင်းမှတ်တမ်း အဖြစ် ဖော်ပြ အပ်ပါသည်။

သတင်းစဉ်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန