တပ်ကုန်းစိုက်ပျိုးရေးသုတေသနခြံသို့မွန်ပြည် နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာသီးနှံ သုတေသနလုပ်ငန်းများ လာရောက် လေ့လာသင်ယူလျက်ရှိသော သင်တန်းသားများ သွား ရောက် လေ့လာခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်းရှိ ယာသီးနှံသုတေသနဌာနခွဲ ၊ ဆီထွက်သီးနှံသုတေသနဌာနစုတွင် မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းသားများ နေကြာသီးနှံသုတေသနလုပ်ငန်းများ လာရောက် လေ့လာသင်ယူလျက်ရှိပါသည်။
အဆိုပါသင်တန်းသားများသည် ယာသီးနှံသုတေသနဌာခွဲ၊ ဆီထွက်သီးနှံသုတေသန ဌာနစုမှ တာဝန်ရှိသူများ၏ ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနအောက်ရှိ တပ်ကုန်း စိုက်ပျိုးရေးသုတေသနခြံသို့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်(၈)ရက် နံနက်ပိုင်းက လေ့လာရေး သွားရောက်ခဲ့ ကြပါသည်။
ထိုသို့လေ့လာရေးသွားရောက်ခဲ့ရာတွင် ခြံတာဝန်ခံနှင့် တာဝန်ရှိသူများမှ သင်တန်းသားများ အားနွေး ထွေးစွာကြိုဆိုခဲ့ကြပြီး ခြံ၏သမိုင်းကြောင်း၊ ဆောင်ရွက်လျှက်ရှိသည့် သုတေသနလုပ်ငန်းများ၊ နေကြာသီးနှံစီမံကိန်းအရ ဆောင်ရွက်ထားရှိသည့် စပ်မျိုးနေကြာမိဘလိုင်းများ မျိုးသန့်ပွားများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သဘာဝမြေဩဇာပြုလုပ်ဆောင်ရွက်နေသည့် အခြေအနေများ အား ရှင်းလင်းပြောကြားပြီး သဘာဝမြေဩဇာ နှင့် သဘာဝရွက်ဖျန်းအားဆေး ပြုလုပ်ပုံ အဆင့်ဆင့်ကို လက်တွေ့ ပြသပေးခဲ့ပါသည်။
ဆက်လက်၍ ခြံအတွင်းသုတေသနပြုဆောင်ရွက်လျက်ရှိသည့် သုတေသနစိုက်ခင်းများနှင့် စပ်မျိုးနေကြာမိဘလိုင်းများ စနစ်တကျမျိုးသန့်ထိန်းသိမ်းထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှု လေ့လာခဲ့ကြပါကြောင်း သတင်းမှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန