Farmer Channel Network ဆိုင်ရာအစည်းအဝေးကျင်းပခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်းရှိ သတင်းအချက်အလက်နှင့် တောင်သူ လယ်သမား ကဏ္ဍရုပ်သံ ရှိ အစည်းအဝေးခန်းမတွင် Farmer Channel Network ဆိုင်ရာ အစည်း အဝေးတစ် ရပ် ကို ၂၀၂၂ခုနှစ် ဇူလိုင်လ(၇) ရက် ကကျင်းပခဲ့ပါသည်။ အဆိုပါ အစည်း အဝေးသို့ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ညွှန်ကြား ရေးမှူး ဒေါ်ခိုင်ခိုင်ထွေး ၊ သတင်းအချက် အလက် နှင့် တောင်သူ.ရုပ်သံမှ ဝန်ထမ်းများ၊ စီမံကိန်း ဦးစီးဌာန၊ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာန၊ စက်မှု လယ် ယာဦးစီးဌာန၊ ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာန၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ်၊ မွေးမြူရေး သုတေသနဦးစီးဌာန တို့မှ တာဝန်ရှိသူများ တက် ရောက် ခဲ့ကြ ပါသည်။
အစည်းအဝေးတွင်စိုက်ပျိုးရေးသုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်း မှ အဖွင့်အမှာစကားပြောကြားရာ ယခုဖွဲ့စည်းထားသည့် Farmer Channel Network အား စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအောက်ရှိ သက်ဆိုင် ရာ ဦးစီး ဌာနနှင့် တက္ကသိုလ်များအနေဖြင့် ဝန်ကြီးဌာန၏ စိုက်ပျိုးရေးနည်းပညာများ၊ သတင်း အချက် အလက် ထုတ်ပြန်ရာတွင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန်ုသိရှိစေရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ Farmer Channel Network အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်းပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ညှိနှိုင်းဆောင်ရွက်ရေးအတွက် ယခု အစည်းအဝေးအားခေါ်ယူရခြင်းဖြစ်ပါကြောင်းပြောကြားခဲ့သည်။
Farmer Channel စတင်ချိန်တွင် စိုက်ပျိုးရေး သုတေသန ဦးစီးဌာနအဖွဲ့၊ စိုက်ပျိုးရေး ဦးစီးဌာနအဖွဲ့၊ စိုက်ပျိုးရေးတက္ကသိုလ်အဖွဲ့ စသည့် အဖွဲ့များမှ တဖွဲ့ခြင်းစီ တောင်သူပညာပေး အစီအစဉ်များ ရိုက်ကူးတည်းဖြတ်ကြကာ မြန်မာ့ အသံ Farmer Channel ရုပ်သံလိုင်း တွင်ထုတ်လွှင့် ခြင်းများဆောင်ရွက်ခဲ့ကြပါကြောင်း၊
ထိုသို့ တောင်သူ ပညာပေး အစီအစဉ်များ ထုတ်လွှင့်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန (MOALI) မှ Content provider (Programs Production ) အဖြစ် တာဝန် ယူဆောင်ရွက်ရပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှထုတ်လွှင့်ပေးခြင်း (Network provider) အဖြစ်ဆောင်ရွက် ပေးခြင်းဖြစ်ပါကြောင်း၊ ယခုစိုက်ပျိုးရေး သုတေသန ဦးစီးဌာနရှိ Farmer Channel Studio အား ၂၀၁၅ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ စိုက်ပျိုးရေး သုတေသနဦးစီးဌာန FC အဖွဲ့မှဆက်လက် တာဝန် ယူလာ ခဲ့ခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန FC အဖွဲ့အနေဖြင့် လက်ရှိအခြေအနေတွင် Farmer Channel အနေဖြင့် Broadcast media( Farmer Channel) ၊ Digital Media( DAR Facebook page,MOALI Facebook page, DAR website )တို့အပြင် Printed media(သတင်းလွှာ) စသည့် media များ အသုံး ပြုကာ သတင်း အချက် အလက် များဖြန့်ဝေပေးလျက်ရှိပါကြောင်း၊
စိုက်ပျိုးရေး သုတေ သနဦးစီးဌာန FC Team အနေဖြင့် Farmer Channelဖွံ့ဖြိုး တိုးတက် ရေးအတွက် ရှေ့လျောက် Farmer Channel Network အဖွဲ့နှင့်ချိတ်ဆက်ကာ ပညာပေး အစီအစဉ်များရိုက်ကူးခြင်း၊ သတင်း အချက် အလက် ဖြန့်ဝေပေးခြင်းတို့ကို ပူးပေါင်း ဆောင်ရွက် သွားမည်ပါကြောင်း၊ Farmer Channel Network အတွက် အကူအညီလိုအပ်ပါက မိမိတို့ဌာနအနေဖြင့် ကူညီပေး ရန် ဖိတ်ခေါ် ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဦးစီးဌာနအသီးသီးမှတက်ရောက်လာကြသည့် တာဝန်ရှိသူများမှ Farmer Channel Network အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်းပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ညှိနှိုင်းခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြရာ စိုက်ပျိုးရေးတက္ကသိုလ် Farmer Channel အနေဖြင့် Network အတွက် ကူညီပေးနိုင်သည့်အပိုင်းများအား ပြောကြားပေးခဲ့ပြီး၊ တက် ရောက် လာကြသည့် ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက် လိုသည့် အပိုင်း များအား ဆက်လက် ဆွေးနွေးခဲ့ကြပါကြောင်း သတင်းမှတ်တမ်း အဖြစ်ဖော်ပြအပ် ပါ သည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန