စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးဇီဝဥယျာဉ် သုတေသနဌာနစုသို့ အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနမှ တွဲဖက်အတွင်းဝန် (ဝါရင့်ညွှန်ကြားရေးမှူးချုပ်) မစ္စတာ ပရာဘတ်ကူးမား ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်လေ့လာခြင်း

IMG_4351
IMG_4356
IMG_4360
IMG_4358
IMG_4353
IMG_4366
IMG_4383
IMG_4387
IMG_4351 IMG_4356 IMG_4360 IMG_4358 IMG_4353 IMG_4366 IMG_4383 IMG_4387

 စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးဇီဝဥယျာဉ် သုတေသနဌာနစုသို့ အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနမှ တွဲဖက်အတွင်းဝန် (ဝါရင့်ညွှန်ကြားရေးမှူးချုပ်) မစ္စတာ ပရာဘတ်ကူးမား ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခုနှစ်ဇွန်လ(၂၄) ရက် ညနေပိုင်းတွင် လေ့လာရေး လာရောက်ခဲ့ ကြပါသည်။ အဆိုပါလေ့လာရေးခရီးစဉ်တွင် အိန္ဒိယအစိုးရ၏ ရန်ပုံငွေ အထောက်အပံဖြင့် ဆောင်ရွက်လျက်ရှိသည့် ဖွံဖြိုးရေးစီမံကိန်းများကို လာရောက်လေ့လာရာ ခဲ့ခြင်းဖြစ်ရာ စိုက်ပျိုးရေး သုတေသန ဦးစီးဌာနရှိ၊ စပါးဇီဝဥယျာဉ် သုတေသနဌာနစုတွင် ဆောင်ရွက်လျက်ရှိသည့် စပါးတစ်ပင်လုံး အကျိုးရှိစွာ အသုံးချသုတေသနများ ဖြစ်သည့် ခေတ်မီတစ်နာရီ (၂) တန်ကျဆန်စက်ဖြင့် အရည်အသွေးမြှင့် ဆန်များ ကြိတ်ခွဲသန့်စင်ခြင်း သုတေသနများအားလည်းကောင်း၊ ကောက်ရိုးကို အသုံးပြု၍ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ခြင်း သုတေသနများဖြစ်သည့်နွားများ၏ အစာချေဖျက်မှုစွမ်းအား ကောင်းမွန်စေရန်အတွက် ကောက်ရိုးတွင် ပါဝင်သော lignin အား ယူရီးယား အသုံးပြု၍ ချေဖျက်ခြင်းနှင့် အာဟာရဖြည့် (၁) ကီလိုတုံး နွားစာ ထုတ်လုပ်ခြင်း ၊ကောက်ရိုးအား အသုံးပြု၍ စက္ကူထုတ်လုပ်ခြင်း၊ကောက်ရိုးအား အသုံးပြု၍ မှိုမွေးမြူခြင်း၊ ကောက်ရိုးနှင့် စပါးခွံကို အသုံးပြု၍ တီကျစ်မြေဆွေးပြုလုပ်ခြင်းသုတေသနများနှင့် စပ်လျဉ်း ၍လည်းကောင်း၊စပါးခွံဖွဲပြာအား အသုံးပြု၍ ဆောင်ရွက်သည့်သုတေသနများဖြစ်သည့် ဇီဝမြေသြဇာ ထုတ်လုပ်ခြင်း၊ ရေသန့်စင်ခြင်း၊ စွမ်းအင်မဲ့ အအေးပေးသိုလှောင်ကန်တည်ဆောက် အသုံးပြုခြင်း သုတေသနများ အားလည်းကောင်း၊ ဆန်ကြိတ်ခွဲခြင်းမှ ရရှိသောဘေးထွက်ပစ္စည်းများ (ဖွဲနှင့်ဆန် အကျိုးအကြေ)များ အသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းသုတေသနများဖြစ်သည့် Stablized Rice Bran ထုတ်လုပ်ခြင်း၊Brown Broken Rice သုတေသနများ အားလည်းကောင်း၊ အာဟာရပြည့်ဝသော ကြက်စာနှင့်ငါးစာများ ထုတ်လုပ်ခြင်းသုတေသနအားလည်းကောင်း၊ ဆန်ကို အခြေခံ၍ပြုလုပ်သော ဒေသထွက် အစားအစာများ၏ အာဟာရဓာတ် ပါဝင်မှုကို လေ့လာခြင်းနှင့် အာဟာရမြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်ဆက်စပ်၍လည်းကောင်း၊စားသုံးသူများအတွက် အာဟာရပြည့်ဝ၍ အလွယ်တကူ အသင့်စားသုံးနိုင်သော ဆန်မုန့်ဆမ်း၊ ဆန်ပေါက်ပေါက်နှင့် ဆန်မရွေး မုန့်များ ထုတ်လုပ်ခြင်း သုတေသနအားလည်းကောင်း၊ အဆိုပါ လုပ်ငန်းစဉ်များအား တောင်သူများ အား သရုပ်ပြခြင်း/ နည်းပညာများ ဖြန့်ဝေ ပေးခြင်းစသည့်လုပ်ငန်းစဉ်များ အကြောင်း ကို ညွှန်ကြား ရေးမှူး ဒေါ်ခိုင်ခိုင်ထွေး မှ power point နှင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ၏ အောင်မြင်မှုရလဒ်များ၊ လက်ရှိဆောင် ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် တောင်သူပညာပေးသင်တန်းများ ဖွင့်လှစ်သင်ကြားမှု အခြေအနေ တို့ကို ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် စပါးဇီဝဥယျာဉ်သုတေသနဌာနစုမှ တာဝန်ရှိသူ များမှ နွေးထွေးပျူငှာစွာ ရှင်းလင်း ပြောကြားခဲ့ပြီးနောက် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနမှ တွဲဖက် အတွင်းဝန် မစ္စတာ ပရာဘတ်ကူးမားမှ ဧည်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုး ခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှ ဧည်သည်တော်များအား စိုက်ပျိုးရေး သုတေ သန ဦးစီးဌာနအမှတ်တရပစ္စည်းများနှင့် စပါးဇီဝဥယျာဉ်သုတေသနဌာနစုမှ ထုတ်လုပ် ထားသည့် ဆန်      ကွတ်ကီးများ၊ ဆန်မုန်ဆမ်းကြော် များနှင့် ကောက်ရိုး စက္ကူဖြင့် ပြုလုပ် ထားသော အိတ်များ လက်ဆောင် ပေးအပ်ခဲ့ပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။

                                                                                                                                                                                                                       သတင်းစဉ်

                                                                                                                                                                                                       စိုက်ပျိုးရေးသုတေသနဦးစီးဌာန