စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ ဆီထွက်သီးနှံသုတေသနဌာနစုတွင် ဆောင်ရွက်ထားရှိသည့် ရေဆင်းစပ်မျိုးနေကြာ-၁ မိဘလိုင်းများ မျိုးသန့်ပွားများသည့် စီမံကိန်း ဆောင်ရွက်ထားရှိမှု နှင့် စပါးဇီဝဥယျာဉ် သုတေသနဌာနစုရှိ သုတေသနလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့်အဖွဲ့ လာရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

DSC06420
DSC06421
DSC06439
DSC06447
DSC06438
DSC06422
DSC06420 DSC06421 DSC06439 DSC06447 DSC06438 DSC06422

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ၊ ရေဆင်းရှိ ဆီထွက်သီးနှံသုတေသနဌာနစုတွင် ဆောင်ရွက်ထားရှိသည့် ရေဆင်းစပ်မျိုးနေကြာ-၁ မိဘလိုင်း များ မျိူးသန့်ပွားများ သည့် စီမံကိန်း ဆောင်ရွက်ထားရှိမှုနှင့် စပါးဇီဝဥယျာဉ် သုတေသနဌာနစုရှိ သုတေသနလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂ခုနှစ် ဇွန်လ (၂၅) ရက် က လာရောက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်(၉)ရပ်မှ တစ်ခုဖြစ်သည့် နေကြာကို လာမည့်နှစ်တွင် ဧက ၁.၅ သန်း တိုးချဲ့စိုက်ပျိုးနိုင်ရေး ရည်မှန်းချက်ထား၍ စည်းရုံး ဆောင်ရွက်ရန်နှင့် စိုက်ဧက ၄.၀ သန်းထိ ရောက်ရှိရေး စီမံဆောင်ရွက်ရန် စီမံချက်အရ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်းရှိ ဆီထွက်သီးနှံသုတေသနဌာနစု ကွင်းအတွင်း စိုက်ပျိုးဖြစ်ထွန်းလျှက်ရှိသည့်

ရေဆင်းစပ်မျိုးနေကြာ-၁ မိဘလိုင်း (အမလိုင်း) (A) မျိုးသန့်ပွားများ ဆောင်ရွက်ထားရှိမှု ၊ Isolation Net House ဖြင့် စိုက်ပျိုးထားရှိသော အဖိုမြုံထိန်းလိုင်း (B) မျိုးသန့် စိုက်ပျိုးထားရှိမှု နှင့် အဖိုလိုင်း (R) မျိုးသန့်ပွားများရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှ နေကြာ မျိုးစေ့ထုတ် လုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ စီမံကိန်းအရ ရေဆင်းစပ်မျိုးနေကြာ-၁ မိဘလိုင်းများ မျိုးသန့် ပွားများ ဆောင်ရွက်ထားရှိမှု အခြေအနေများ ဆက်စပ်၍ လည်းကောင်း၊ တာဝန်ခံများမှ စပ်မျိုးနေကြာထုတ်လုပ်ပုံနှင့် စပ်မျိုးမိဘလိုင်းပွား ခြင်းများ လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း ရှင်းလင်းပြသခဲ့ ကြ ပါသည်။

ပြည်ထောင်စု ဒုတိယဝန်ကြီး မှ သီးနှံသက်တမ်းတလျောက် ရေလိုအပ်ချိန်တွင် ရေရရှိနိုင်မှု အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ သီးနှံ စိုက်ပျိုးချိန် အတွက် အခြားသော လိုအပ်ချက်များအား လည်းကောင်း မေးမြန်းဆွေးနွေးကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခြင်း များပြုလုပ်ခဲ့ပါသည်။

ထို့နောက် နေကြာမျိုးစေ့ထုတ်လုပ်ငန်းတွင် အထောက်အကူဖြစ်စေရန် ပျားလုပ်ငန်းမှ နေကြာစိုက်ခင်း တွင် ပျားပုံးများထားရှိမှု အခြေအနေအား လိုက်လံ ကြည့်ရှု ၍လိုအပ်သည်များအား လမ်းညွှန်မှာကြားခြင်း များပြုလုပ်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေး သုတေသန ဦးစီးဌာနရှိ၊ စပါးဇီဝဥယျာဉ် သုတေသနဌာနစုတွင် ဆောင်ရွက်လျက်ရှိသည့် စပါးတစ်ပင်လုံး အကျိုးရှိစွာ အသုံးချသုတေသနများ ဖြစ်သည့် ခေတ်မီတစ်နာရီ (၂) တန်ကျဆန်စက်ဖြင့် အရည်အသွေးမြှင့် ဆန်များ ကြိတ်ခွဲသန့်စင်ခြင်း သုတေသနများ ဆောင်ရွက်ထားရှိမှု အားလည်းကောင်း၊ ကောက်ရိုးကို အသုံးပြု၍ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ခြင်း သုတေသနများဖြစ်သည့်နွားများ၏ အစာချေဖျက်မှုစွမ်းအား ကောင်းမွန်စေရန်အတွက် ကောက်ရိုးတွင် ပါဝင်သော ligninအား ယူရီးယား အသုံးပြု၍ ချေဖျက် ခြင်း နှင့် အာဟာရဖြည့် (၁) ကီလိုတုံး နွားစာ ထုတ်လုပ်ခြင်း၊ ကောက်ရိုးအား အသုံးပြု၍ စက္ကူထုတ် လုပ်ခြင်း၊ ကောက်ရိုးအား အသုံးပြု၍ မှိုမွေးမြူခြင်း၊ ကောက်ရိုးနှင့် စပါးခွံကို အသုံးပြု၍ တီကျစ် မြေဆွေးပြုလုပ်ခြင်း သုတေသနများဆောင်ရွက်ထားရှိမှုအား လည်းကောင်း၊ စပါးခွံဖွဲပြာအား အသုံးပြု၍ ဆောင်ရွက်သည့်သုတေသနများဖြစ်သည့် ဇီဝမြေသြဇာ ထုတ်လုပ်ခြင်း၊ ရေသန့်စင်ခြင်း၊ စွမ်းအင်မဲ့ အအေးပေးသိုလှောင်ကန်တည်ဆောက် အသုံးပြုခြင်း သုတေသနများ ဆောင်ရွက်ထားရှိမှု အား လည်း ကောင်း၊ ဆန်ကြိတ်ခွဲခြင်းမှ ရရှိသောဘေးထွက်ပစ္စည်းများ (ဖွဲနှင့်ဆန် အကျိုးအကြေ)များ အသုံး ပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းသုတေသနများဖြစ်သည့် Stablized Rice Bran ထုတ်လုပ်ခြင်း၊ Brown Broken Rice သုတေသနများ ဆောင်ရွက်ထားရှိမှုအားလည်းကောင်း၊ အာဟာရပြည့်ဝသော ကြက်စာနှင့်ငါးစာများ ထုတ်လုပ်ခြင်းသုတေသနများ ဆောင်ရွက်ထားရှိမှုအား လည်းကောင်း၊ ဆန်ကို အခြေခံ၍ပြုလုပ်သော ဒေသထွက် အစားအစာများ၏ အာဟာရဓာတ် ပါဝင်မှုကို လေ့လာခြင်းနှင့် အာဟာရမြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဆက်စပ်၍ ဆောင်ရွက်ထားရှိမှုအားလည်းကောင်း၊ စားသုံးသူများအတွက် အာဟာရပြည့်ဝ၍ အလွယ်တကူ အသင့်စားသုံးနိုင်သော ဆန်မုန့်ဆမ်း၊ ဆန်ပေါက်ပေါက်နှင့် ဆန်မရွေး မုန့်များ ထုတ်လုပ်ခြင်း သုတေသန ဆောင်ရွက်ထားရှိမှုတို့အား လည်းကောင်းလိုက်လံကြည့်ရှုခဲ့ရာ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့်တာဝန်ရှိသူများမှ လိုက်လံ ရှင်းလင်းပြသခဲ့ပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။

                                                                                   သတင်းစဉ်

                                                                     စိုက်ပျိုးရေးသုတေသနဦးစီးဌာန