စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စားနပ်ရိက္ခာ စိုက်ပျိုးရေးနှင့်သစ်တောရေးရာတွင်အရေးပါသော ရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ အာဆီယံ ညွှန်ချက်များကို အကောင်အထည်ဖော်ခြင်းဆိုင်ရာ ဒေသတွင်းဆွေးနွေးပွဲကျင်းပ (ASEAN-RAI)

DSC07869
DSC07868
DSC07872
DSC07873
DSC07879
DSC07887
DSC07889
DSC07890
DSC07869 DSC07868 DSC07872 DSC07873 DSC07879 DSC07887 DSC07889 DSC07890

2022 ခုနှစ် ဇွန်လ၉ ရက်နေ့တွင် ကျင်းပသော  ASEAN-RAI(Implementation of the ASEAN Guidelines on Promoting Responsible Investment in Food, Agriculture and Foresty -စားနပ် ရိက္ခာ စိုက်ပျိုးရေးနှင့်သစ်တောရေးရာတွင်အရေးပါသော ရင်းနှီးမြုပ်နှံမှုမြှင့် တင်ရေးဆိုင်ရာ အာဆီယံ ညွှန်ချက်များကို အကောင်အထည ဖော်ခြင်းဆိုင်ရာ ဒေသတွင်း အစည်းအဝေး ကို အာဆီအဖွဲ့ဝင် နိုင်ငံ များမှ  Virtual meeting စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

အဆိုပါ(ASEAN-RAI) ဒေသတွင်းဆွေးနွေးပွဲအား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှူရရှိရန် တာဝန်ယူမှုရှိသော ရင်းနှီးမြုပ်နှံမှုများကို မြှင့်တင်ဆောင်ရွက်သွား ရန်အတွက် လုပ်ငန်းစီမံချက် အဆင့်(၁)(၂၀၂၀-၂၀၂၂) ရည်မှန်းချက်များမှ  လက်ရှိတိုးတက်မှု အခြေအနေများအားမျှဝေရန်၊ လက်ရှိ လှုပ်ရှားမှုများ နှင့်ရှေဆက်ဆောင်ရွက်မည့်အစီအစဉ်များအား သိရှိရန်ကျင်းပခြင်းဖြစ်ပါသည်။

အစည်းအဝေးသို့ အာစီယံအဖွဲ့ဝင်နိုင်ငံများ၊  ASEAN Secrtariat, Grow Asia နှင့် International Institute for Sustainable Development (IISD ) တို့မှတာဝန်ရှိသူများနှင့်  ASEAN-RAI အကောင် အထည်ဖော်ဆောင်ရွက်ရေးအတွက် အထောက်အကူပြု အဖွဲ့အစည်း များဖြစ်သည့်  Swiss Agency for development and Cooperation (SDC),  the UK foreign (UKaid),Commonwealt and Development Office (FCDO),and the Government of Japan through the Japan ASEAN Integration Fund (JAIF) တို့မှတာဝန်ရှိသူများ စုစုပေါင်း (၁၆၆) ဦးတက်ရောက်ခဲ့ကြပါသည်။

 

အဆိုပါ (ASEAN-RAI) ဒေသတွင်း ဆွေးနွေးပွဲ တွင်  မြန်မာနိုင်ငံ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ  စိုက်ပျိုးရေး သုတေသန ဦးစီးဌာန မှ     ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း( ASEAN – Chairs of the Technical Working Group  on Agricultural Research and Development (ATWGARD)) မှ အဖွင့်အမှာစကား ပြောကြားပါသည်။ ထိုသို့ ပြောကြားရာ၌  မိမိအနေဖြင့် (ASEAN-RAI)ဒေသတွင်းဆွေးနွေးပွဲ တွင်စိုက်ပျိုး ရေးသု တေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံနည်းပညာလုပ်ငန်းအဖွဲ့ (ATWGARD) ၏ လက်ရှိဥက္ကဌအနေဖြင့် မြန်မာနိုင်ငံမှ အဖွင့်စကား ပြောကြားခွင့် ရသည့် အတွက်  အထူးပင် ဝမ်း မြောက် မိပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် လယ်ယာထွက်ကုန် အဓိကတင်ပို့သည့် စိုက်ပျိုးမြေပေါကြွယ်ဝသည့် ဒေသများဖြစ်ကြပါကြောင်း ၊ အာဆီယံသည် လွန်ခဲ့သည့်ငါးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ၁၄၅ ရာခိုင်နှုန်း အထိ တိုးမြင့်လာပါကြောင်း၊   သို့သော်လည်း ရင်းနှီးမြှုပ်နှံမှုများ တိုးလာသည်နှင့်အမျှ မြေယာ အခွင့်အရေး၊ သဘာဝသယံဇာတ ထိန်းသိမ်းရေး၊ စားနပ်ရိက္ခာဖူလုံရေး၊  အလုပ်သမား ကာကွယ်ရေး စသည့် ခြိမ်းခြောက်မှုများလည်း ကျန်ရှိနေသေးပါကြောင်း၊

            2018 ခုနှစ်တွင် အာဆီယံ စိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီးများ (AMAF) မှ အာဆီယံ-RAI လမ်းညွှန်ချက်များကို ချမှတ်ခဲ့ပြီး အာဆီယံတွင် တာဝန်ရှိသော စိုက်ပျိုးရေးရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် အာရုံစိုက်ခဲ့ကြပါကြောင်း၊  ASEAN-RAI Guideline ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်ဖြင့် Action plan Implementaion Strategy ကို 2019 ခုနှစ်တွင် အတည်ပြုခဲ့ပါကြောင်း၊ အဆိုပါ  Action Plan  တွင် လှုပ်ရှားမှူ(၄)ခုပါရှိကာ ၂၀၂၀-၂၀၂၃ ကာလအတွင်း အကောင်ထည် ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ASEAN-RAI လုပ်ဆောင်ချက်အစီအစဉ်များအပေါ် ပါဝင်ပတ်သက် သူအားလုံး မှ တာဝန်သိမှုကိုယ်စီဖြင့် အတူတကွ အကောင်အထည်ဖော်ဆောင်ရွက်သွားကြမည်ဆိုပါက ရပ်ရွာမြေယာ အခွင့်အရေး၊ သဘာဝသယံဇာတ ထိန်းသိမ်းရေး၊ စားနပ်ရိက္ခာဖူလုံရေး နှင့် အလုပ်သမား ကာကွယ်ရေး၊ တို့အတွက် ပိုမိုကောင်းမွန်ပြီး ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ကို ရရှိစေ မည်ဖြစ် ပါကြောင်း၊ ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု၊ ပေါင်းစပ်ညှိနှိုင်းမှုများနှင့်အတူ အနာဂတ်တွင်  မလွှဲမရှောင်သာသော စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မယ်လို့လည်း ယုံကြည်ပါကြောင်း ပြောကြား ခဲ့ပြီး ဆက်လက်၍  ဤပူးပေါင်းဆောင်ရွက်မှုများ တွင် အစိုးရအေဂျင်စီများ၊ ပုဂ္ဂလိကကဏ္ဍများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဒေသခံလူမှု အဖွဲ့အစည်းများမှ အဓိကပါဝင်ပတ်သက်သူများ အားလုံး ပါဝင်လာကာ  ပိုမိုကျယ်ပြန့်၍  တိကျရေရာ သည့် လမ်းကြောင်း များဖြင့် ရှေ့ဆက် လက်ဆောင်ရွက် သင့် ပါကြောင်းနှင့် ပူးပေါင်းဆောင် ရွက်မှုများအား  အဖွဲ့အစည်း တစ်ခုချင်း စီအလိုက် နည်းပညာ ဆိုင်ရာ အဖွဲ့ အစည်းများ ပူးပေါင်း၍ မိတ်ဖက် အဖွဲ့အစည်း များအနေ ဖြင့်ဆောင်ရွက် သင့်ပါကြောင်း ၊ ဒေသ ဆိုင်ရာအစီအစဉ်များနှင့် အထောက် အကူပြုပစ္စည်းများကို ထည့်သွင်း စဉ်းစားခြင်း ဖြင့် ဆက်လက် လုပ်ဆောင် သွားသင့်ပါကြောင်းတို့ကို အကြံပြုပြောကြားခဲ့ပါကြောင်း သတင်း မှတ်တမ်း အဖြစ် ဖော််ပြအပ်ပါသည်။

                                                                                                           သတင်းစဉ်

                                                                                                စိုက်ပျိုးရေးသုတေသနဦးစိးဌာန