စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ဆီထွက်သီးနှံများ မျိုးသန့်ပွားများခြင်း နှင့် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာပေး သင်တန်းဆင်းပွဲ

1
3
4
6
5
2
9
7
8
10
11
12
14
13
1 3 4 6 5 2 9 7 8 10 11 12 14 13

၂၀၂၂ခုနှစ်၊ မေလ(၄)ရက် ညနေပိုင်းက ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စုဝေးခန်းမတွင် ဆီထွက်သီးနှံများ မျိုးသန့်ပွားများခြင်း နှင့် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာပေးသင်တန်းဆင်းပွဲ အခန်းအနားကို ကျင်းပခဲ့သည်။
အဆိုပါသင်တန်းအား စိုက်ပျိုးရေးသုတေသနဉီးစီးဌာနမှ ထုတ်ဝေပြီး ဆီထွက်သီးနှံ မျိုးများအား ပိုမိုကျယ် ကျယ်ပြန့်ပြန့် သိရှိစေရန်၊ နည်းပညာများဖြန့်ဝေပေးရန်၊ ဆီထွက်သီးနှံဆိုင်ရာ ပိုးမွှားရောဂါ၊ အဟာရများနှင့်ပတ်သက်၍ ပိုမိုသိရှိလာစေရန်၊ တောင်သူပညာပေးဝန်ထမ်းများ၊ မျိုးစေ့ထုတ် ကုပ္မဏီများ အနေဖြင့် မျိုးသန့်ပွားများခြင်းနှင့် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာနည်းပညာများပိုမို ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ဝေနိုင်စေရေးနှင့်နှင့် တောင်သူများကိုယ်တိုင် ဆီထွက်သီးနှံများ မျိုးသန့်ပွားများခြင်း လုပ်ငန်းများ တွင် ပါဝင်ပြီး ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုး လာနိုင်စေရေး ရည်ရွယ် ကာဖွင့်လှစ်ခြင်းဖြစ်ပါသည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် (သီးနှံ) ဒေါက်တာအောင်မိုးမျိုးတင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဒေါက်တာ မင်းစံသိန်းနှင့် ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများ၊ စိုက်ပျိုးသူတောင်သူများ၊ နေပြည်တေည်တိုင်းရုံးမှ ဝန်ထမ်းများ၊ ဇဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပုပ္ဗသီရိ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ရမည်းသင်းမြို့နယ်များမှ သင်တန်းသားများ စုစုပေါင်း (၃၈)ဦး တက်ရောက်ခဲ့ကြပါသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (သီးနှံ) ဒေါက်တာ အောင်မိုး မျိုးတင့်မှ သင်တန်းသားများအနေဖြင့် အသိပညာဗဟုသုတနှင့်လက်တွေ့ နယ်ပယ် ပေါင်းစပ်ကာ အသုံးချနိုင်စေရေး ၊ လက်တွေ့နယ်ပယ်၏ သဘာဝတရားများနှင့်သီးနှံ သဘာဝကို သိရှိရေးနှင့် မြေမှန်၊ မျိုးမှန်၊ ရာသီမှန်နှင့် စိုက်စနစ်မှန် စသည့် မှန်လေးမှန်အားအခြေခံကာ မိမိတို့၏ အသိညဏ် ပညာနှင့်ချိန်ညှိကာ တောင်သူများနှင့်ပူးပေါင်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း အမှာစကား ပြောကြားပါသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မြမြလွင်မှလည်း ယခု သင်တန်းတွင် နေပြည်တော်တိုင်း မှဝန်ထမ်းများအတွက် အထူးပြု သင်တန်းဖြစ်ပါကြောင်း၊ သင်တန်းသားများကို ရွေးချယ်စေလွှတ်ထားပါကြောင်း၊ နေကြာသီးနှံသာမက ဆီထွက် သီးနှံမျိုးများ ဖြစ်သည့် မြေပဲ၊ နှမ်း စသည့် သီးနှံများ ထုတ်လုပ်ရာတွင် အသုံးချနိုင်မည့် ဘာသာရပ်အစုံ သင်ကြား ပေးသည့်အတွက် အလွန်ကောင်းမွန်ပါကြောင်းနှင့် နေပြည်တော်တိုင်းဒေသအတွင်းမှာလည်း မျိုးလိုအပ်ချက် ရှိလာမှာဖြစ်တဲ့အတွက် မျိုးစေ့ထုတ် လုပ်ငန်းများပါ ဆောင်ရွက်ရမည်ဖြစ်သဖြင့် များစွာ အကျိုးရှိ မည်ဖြစ်ကြောင်း ပြောကြားပါသည်။
သင်တန်းသားတစ်ဦးမှ သင်တန်းတက်ရောက်ရသည့်အတွက် ရရှိခဲ့သည့် အတွေ့အကြုံများနှင့် အကျိုးကျေးဇူးများအတွက် ကျေးဇူးတင် စကားပြောကြားခဲ့ပါသည်။ ထို့နောက် တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြသည့် သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ပါသည်။
အဆိုပါသင်တန်းအား မေလ(၃-၄) ၂ရက်တာ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းတွင် စပ်မျိုးနေကြာ မျိုးမွေး မြူထုတ်လုပ်ခြင်း၊ မျိုးစေ့ပွားများထုတ်လုပ်ခြင်း၊ မိဘလိုင်းများပွားများထိန်းသိမ်းခြင်းနှင့် နေကြာ သီးနှံထိန်းသိမ်းပွားများခြင်းနည်းလမ်းများ၊ မြေပဲသီးနှံမျိုးကောင်းမျိုးသန့် မျိုးမွေးမြူ ရွေးချယ်ခြင်း နည်းစနစ် များနှင့် မျိုးသန့်စနစ်တကျပွားများထုတ်လုပ်ခြင်း နည်းလမ်းများနှင့် နှမ်းသီးနှံ မျိုးကောင်းမျိုးသန့် မျိုးမွေးမြူရွေးချယ်ခြင်းနည်းစနစ်များနှင့် မျိုးသန့်စနစ် တကျပွားများ ထုတ်လုပ်ခြင်း နည်းလမ်းများကို ဆီထွက် သီးနှံ သုတေသန ဌာနစုမှလည်းကောင်း၊ ဆီထွက် သီးနှံအတွက် လိုအပ်သောမြေဩဇာနှင့် အဟာရ ဓာတ်များအကြောင်းကို မြေဆီလွှာသုတေသနဌာနစုမှ လည်းကောင်း၊ ဆီထွက်သီးနှံများတွင် ကျရောက်တတ်သော ရောဂါနှင့်ကာကွယ်နှိမ်နင်းနည်းများကို အပင်ရောဂါသုတေသနဌာနစုမှ လည်းကောင်း၊ ဆီထွက်သီးနှံ တွင်ကျရောက်သည့် ပိုးမွှားနှင့် ကာကွယ် နှိမ်နင်းနည်းများကို ပိုးမွှားသုတေသနဌာနစုမှ လည်းကောင်း သက်ဆိုင်ရာ ပညာရှင်များမှ သင်ကြား ပို့ချပေးခဲ့ပါကြောင်း သတင်းမှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။
 သတင်းစဉ်
 စိုက်ပျိုးရေးသုတေသနဦးစီးဌာန