စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

လက်ရှိမျိုးများထက်သာလွန်ကောင်းမွန်သည့် ကြံမျိုးသစ်များ ထုတ်ဝေနိုင်ရေး ကြိုးပန်းဆောင်ရွက်လျက်ရှိ

IMG_0791
IMG_0825
IMG_0853
IMG_0803
IMG_0823
IMG_0886
IMG_0903
IMG_0991
IMG_0997
IMG_0887
IMG_0889
IMG_0998
IMG_0999
IMG_0999_2
IMG_0999_1
IMG_0999_3
IMG_0999_4
IMG_0791 IMG_0825 IMG_0853 IMG_0803 IMG_0823 IMG_0886 IMG_0903 IMG_0991 IMG_0997 IMG_0887 IMG_0889 IMG_0998 IMG_0999 IMG_0999_2 IMG_0999_1 IMG_0999_3 IMG_0999_4

သုတေသနလုပ်ငန်း‌ဆိုသည်မှာ ရပ်တံ့ထား၍ရသော လုပ်ငန်းများ မဟုတ်သောကြောင့် စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် ဆောင် ရွက်ရေးသည် လွန်စွာအရေးပါလှပါသည်။ စိုက်ပျိူးရေးသုတေသနဦးစီးဌာနသည် တောင်သူများနှင့် စိုက်ပျိုးရေးထုတ်ကုန်များဖြင့် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များအတွက် တိုက်ရိုက်အကျိုးဖြစ်စေမည့် စိုက်ပျိုး သီးနှံများ အတွက် သုတေသနလုပ် ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သီးနှံအမျိုးမျိုးတို့၏ မျိုးသစ်များမွေးမြူထုတ်လုပ်ခြင်း သုတေသနများ ၊ နေရာဒေသ ၊ရေမြေရာသီဉတု စသည်တို့နှင့် လိုက်လျော ညီထွေရှိပြီး အကျိုးအမြတ်အများဆုံးရရှိစေနိုင်မည့် စိုက်ပျိုးနည်းစနစ် ဆိုင်ရာသုတေ သများအား စဉ်ဆက် မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန စက်မှုသီးနှံနှစ်ရှည်ပင်များ သုတေသနဌာနခွဲ ကြံနှင့် သကြားထွက် သီးနှံသုတေသန ဌာနစု သည် သီးနှံမျိုးသစ်များ မွေးမြူထုတ်လုပ်ခြင်း သုတေသန လုပ်ငန်းများ အနက် မှ ၂၀၂၁ခုနှစ် မျိုးကူးစပ်ရာသီတွင် ကြံသီးနှံမျိုးကူးစပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါသည်။ မျိုးကူးစပ်ခြင်းလုပ်ငန်းများကို ကြံအထွက်နှင့် သကြားထွက်ကောင်းမွန်သော ကြံမျိူးသစ်များ ရရှိရန်နှင့်ကြံမှိုနှံ၊ ကြံအူနီရောဂါဒဏ် ခံနိုင်ရည်ရှိသော အထွက်ကောင်း ကြံမျိုးသစ်များ ရရှိရန်ဆိုသည့်ရည်ရွယ် ချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ကြံမျိုးကူးစပ်ရာတွင် မိဘမျိုး (၂၈) မျိုးကို အသုံးပြု ၍အတွဲပေါင်း (အဖို၊အမ) ၅၆တွဲကို မျိုးကူးစပ်ခဲ့ပြီး ရရှိခဲ့သောစပ်မျိူးစေ့များအား ပျိုးဘန်းများတွင် အပင်ဖောက်ခြင်းကို ၂၀၂၁ခုနှစ် ဒီဇင်ဘာ လအတွင်း ဆောင်ရွက်ခဲ့ပါသည်။ (၂၀၂၂)ခုနှစ် မတ်လတွင် ကြံမျိုး လိုင်းသစ်များအား ပလက်စတစ် အိတ်များ အတွင်းသို့ရွေ့ပြောင်းစိုက်ပျိုးခဲ့ရာ မျိုးလိုင်းပေါင်း (၂၅၀၀၀)ကျော် ရရှိခဲ့ပါသည်။ အဆိုပါမျိုးလိုင်းများအား မျိုးရွေးချယ်ခြင်းသုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် Family Selection & Individual Selection နည်းလမ်းများကို အသုံးပြု ၍ရည်ရွယ်ချက်နှင့် ကိုက်ညီ သည့် မျိုးလိုင်း များကို (၃)နှစ်တာ ရွေးချယ်ဆောင် ရွက်သွားမည်ဖြစ်ပါသည်။ရွေးချယ်ရရှိသည့် မျိုးလိုင်းများအား အထွက်နှုန်းယှဉ်ပြိုင်ခြင်း (Yield Assessment Trials) သုတေသနများကို နေရာဒေသအလိုက် သုတေသနပြု စမ်းသပ် ဆောင်ရွက်သွားမည်ဖြစ်ပြီး (၂၀၃၀) ခုနှစ်တွင် လက်ရှိမျိုးများထက်သာလွန်ကောင်းမွန်သည့် ကြံသီးနှံမျိုးသစ်များကို ထုတ်ဝေသွားနိုင်ရေး စီမံချက်ထားရှိကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း သတင်းမှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။

သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန