စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

မျိုးစေ့ဘဏ်သုတေသန

စိုက်ပျိုးရေးသုတေသနဌာနခွဲ၊ ရေဆင်းတွင် မျိုးစေ့ဘဏ်ဌာနစုအနေဖြင့် စပါးဒေသမျိုးများ စုဆောင်းခြင်းလုပ်ငန်းကို ၁၉၇၃ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာနနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၇ခုနှစ်တွင် ဂျပန်နိုင်ငံအစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏အထောက်အပံ့ဖြင့် မျိုးစေ့ဘဏ်စီမံကိန်း နည်းပညာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၀၄ခုနှစ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့ တိုးမြှင့်ဖွဲ့စည်း ပြီးနောက် မျိုးစေ့ဘဏ်ဌာနစုမှ အောက်ပါ သုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိ ပါသည်

ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများ

၁။ သီးနှံဗီဇကွဲမျိုးများရှာဖွေ၊ စုဆောင်းခြင်းနှင့်တင်သွင်းခြင်း၊

၂။ အရည်အချင်းလက္ခဏာများမှတ်တမ်းယူခြင်း၊ မျိုးပွားခြင်းနှင့် သွေးသစ်လောင်းစိုက်ပျိုး ခြင်း၊

၃။ မျိုးမွေးမြူရေးအကြိုသုတေသနလုပ်ငန်းများ လေ့လာအကဲဖြတ်ခြင်း၊

၄။ သီးနှံဗီဇကွဲမျိုးများကို နှစ်တို၊ နှစ်လတ်အအေးခန်းများတွင် ထိန်းသိမ်းခြင်း၊

၅။ အချက်အလက်မှတ်တမ်းများထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း။

သီးနှံဗီဇကွဲမျိုးများထိန်းသိမ်းခြင်းနှင့် ဖြန့်ဝေခြင်း(၂၀၁၇၊ မတ်လ)

စဉ် သီးနှံအုပ်စု ထိန်းသိမ်းထားမှု ပြည်တွင်း ပြည်ပ စုစုပေါင်း
စပါး ၇၇၅၇ ၇၈၇၀ ၉၃၂၆ ၁၇၁၉၆
စပါးရိုင်း ၁၈၀ ၁၀၄ ၆၀၀ ၇၀၄
ပဲမျိုးစုံသီးနှံ ၁၅၇၈ ၁၆၈၁ ၈၇၈ ၂၅၅၉
အခြားနှံစားသီးနှံ ၂၂၃၃ ၃၈၀ ၄၇၉ ၈၅၉
ဆီထွက်သီးနှံ ၇၉၇ ၈၀ ၁၁၁ ၁၉၁
ဟင်းသီး ဟင်းရွက် နှင့်အခြား ၁၂၅ ၃၆ ၇၃၅ ၇၇၁
စုစုပေါင်း ၁၂၆၇၀ ၁၀၁၅၁ ၁၂၁၂၉ ၂၂၂၈၀