စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

အပင်ရောဂါသုတေသန

၁၉၅၄ ခုနှစ်၌ အင်းစိန်မြို့နယ်၊ ကြို့ကုန်းတွင် စိုက်ပျိုးရေး သုတေသနဗိမာန် တည် ထောင်စဉ်ကတည်းက ရုက္ခရောဂါကု ဌာနစိပ်တစ်ခုအဖြစ် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ၁၉၇၁ ခုနှစ် တွင် ရေဆင်းဗဟိုစိုက်ပျိုးရေးသုတေသနသို့ ပြောင်းရွေ့ ခဲ့ပါသည်။ ၂၀၀၄ ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ အပင်ရောဂါဌာနစုအဖြစ် ပြင် ဆင်ဖွဲ့စည်းခဲ့ပါသည်။ သီးနှံအလိုက်၊ ရောဂါအလိုက် ရောဂါဖြစ်ကြောင်းများ (မှို၊ ဘက်တီး ရီးယား)ကိုထိုးသွင်း၍ သီးနှံများ၏ခံနိုင်ရည်ရှိမှုဖော်ထုတ်ခြင်းစိုက်ပျိုးနည်းစနစ်များ၊ ဓာတု ဆေးများ ၊ အကျိုးပြုအဏုဇီ၀သက်ရှိများဖြင့် ဘက်စုံရောဂါကာကွယ်နှိမ်နင်းခြင်းသို့ ဦးတည် ၍ သုတေသနပြုဆောင်ရွက်လျက်ရှိပါသည်။ သုတေသနပြုခြင်းမှရရှိလာသော ရလဒ်များကို ဝန်ထမ်းများနှင့် တောင်သူများသို့ သင်တန်းများပေးခြင်း၊ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ တောင်သူလယ်သမားရုပ်သံမှ ထုတ်လွှင့်ပြသခြင်းများဖြင့် နည်းပညာ ပြန့်ပွား စေရန် ဆောင်ရွက်လျက် ရှိပါသည်။

ရည်ရွယ်ချက်

၁။ သီးနှံအလိုက်၊ ရောဂါအလိုက် ခံနိုင်ရည်ရှိသော မျိုးများရရှိရန်။
၂။ သီးနှံပင်များတွင် အပင်ရောဂါကျရောက်မှုကြောင့် သီးနှံအထွက်နှင့် အရည်အသွေးများ မထိခိုက်စေရန်အတွက် ကာကွယ်ဟန့်တားနိုင်မည့် နည်းလမ်းများ ဖော်ထုတ်ပေးရန်။
၃။ အကျိုးပြုအဏုဇီဝသက်ရှိများ၏ စွမ်းအားဖြင့် အပင်ရောဂါကျရောက်မှုကြောင့် သီးနှံအထွက်နှင့် အရည်အသွေးများ မထိခိုက်စေရန်အတွက် ကာကွယ် ဟန့်တားနိုင်မည့်နည်းလမ် များ ဖော်ထုတ်ပေးရန်။
၄။ နည်းပညာဖြန့်ဝေပေးရန်။

ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများ

၁။ ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများရှာဖွေခြင်း။

သီးနှံအလိုက် အရေးကြီးရောဂါများဖြစ်သည့် စပါးဘက်တီးရီးယားရွက်ခြောက်၊ စပါး ဂုတ်ကျိုး၊ စပါးရွက်ဖုံးခြောက်၊ ပြောင်းဖူးရွက်ဖုံးခြောက်၊ ပြောင်းဖူးတာဆီကမ်ရွက်ခြောက်၊ နှမ်းရိုးမဲ၊ ကုလား ပဲညှိုးသေ၊ ပဲတီစိမ်းဆာကိုစပိုးရားရွက်ပြောက်၊ ပဲတီစိမ်းအဝါရောင်မိုဇိတ်နှင့် ကြံအူနီရောဂါများကို ခံနိုင်ရည်ရှိသည့် မျိုးများကို ရှာဖွေရွေးချယ်လျက်ရှိပါသည်။

၂။ ရောဂါဖြစ်ကြောင်း မျိုးကွဲများ ဖော်ထုတ်ခြင်း။

စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါနှင့် စပါးရွက်ဖုံးခြောက်ရောဂါတို့၏ ရောဂါဖြစ်ကြောင်း များကို ဖော်ထုတ်လျက်ရှိပါသည်။

၃။ ရောဂါကာကွယ်နှိမ်နင်းနည်းများ စပ်းသပ်ရှာဖွေခြင်း။

စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါ၊ ပြောင်းဖူးရွက်ဖုံးခြောက်ရောဂါ၊ နှမ်းရိုးမဲရောဂါ၊ မြေပဲ ဆာကိုစပိုးရားရွက်ပြောက်ရောဂါ၊ ပဲတီစိမ်းဆာကိုစပိုးရားရွက်ပြောက်ရောဂါ၊ ပဲတီစိမ်းအဝါရောင် မိုဇိတ်ရောဂါများအတွက် ကာကွယ်နှိမ်နင်းနည်းများကို သုတေသနပြု ဆောင်ရွက်လျက်ရှိပါ သည်။

ခံနိုင်ရည်ရှိသောမျိုး ဖော်ထုတ်ခြင်းဆိုင်ရာ သုတေသနရလဒ်များ

သီးနှံ ရောဂါ ခံနိုင်ရည်ရှိမျိုးမျာ
စပါး – ဘက်တီးရီးယားရွက်ခြောက်
– ဘက်တီးရီးယားရွက်စင်း
– ဂုတ်ကျိုး
– ရွက်ဖုံးခြောက်
– ဆင်းသုခ၊ ရွှေမြန်မာ
– မနောသုခ
– ရတနာတိုး ၊ ယာ – ၁ ၊ ယာ – ၈
– မနောသုခ၊ ရွှေမြန်မာ
နှမ်း – ရိုးမဲ – ဆင်းရတနာ -၆
ပဲတီစိမ်း – ဆာကိုစပိုးရားရွက်ပြောက်
– အဝါရောင်မိုဇေ့
– ရေဆင်း – ၄၊ ၇၊ ၁၂
– ရေဆင်း – ၁၀ ၊ ၁၁၊ ၁၂၊ ၁၄
ကြံ – အူနီ – ဒီအေအာ – ၄၊ ကျောက်စိမ်း၊ ဗွီအမ်စီ – ၇၄ / ၅၂၇

ရောဂါကာကွယ်နှိမ်နင်းနည်းများ နည်းပညာဆိုင်ရာ သုတေသနရလဒ်များ

သီးနှံ ရောဂါ ကာကွယ်နှိမ်နင်းနည်းများ
စပါး – ဘက်တီးရီးယားရွက်ခြောက်
– ဘက်တီးရီးယားရွက်စင်း
– ဂုတ်ကျိုး
– ပိုတက်ရှ် ၅၆ ပေါင်/ ဧက + မန်ကိုဇက်
– ပိုတက်ရှ် ၅၆ ပေါင်/ ဧက + ဖန်ဂျီကင်း
– ဖူဂျီဝမ်း
ပြောင်း – ရွက်ဖုံးခြောက် – အောက်ရွက်ခွာခြင်း + ထရိုင်ခိုဒါးမား + ဘီနိုမိုင်း
နှမ်း – ရိုးမဲ – ထရိုင်ခိုဒါးမား + ကာဗင်ဒါဇင်
မြေပဲ – ပင်ခြေပုပ် – ကာဗင်ဒါဇင်
ပဲတီစိမ်း – မြစ်ခြောက်ဆွေး – ထရိုင်ခိုဒါးမား + ကာဗင်ဒါဇင်