စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ဆီထွက်သီးနှံသုတေသန

အဓိကဆီထွက်သီးနှံ(၃)မျိုးမှာ မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများဖြစ်ပါသည်။ မြေပဲနှင့် နှမ်းမျိုးသစ် များရရှိရန် သုတေသနလုပ်ငန်းများအား မကွေးဗဟိုစိုက်ပျိုးရေးခြံတွင် ၁၉၄၆ ခုနှစ်မှ စတင်ဆောင်ရွက် ခဲ့ပါသည်။ ပြည်ပမှ မျိုးတင်သွင်းရွေးချယ်ခြင်းနှင့် စိုက်နည်းစနစ်များ ရှာဖွေ စမ်းသပ်ခြင်းတို့ ဆောင်ရွက်ခဲ့ ပါသည်။ နေကြာသီးနှံအား ၁၉၇၀ ခုနှစ်တွင် တပ်ကုန်းခြံတွင် စတင် စမ်းသပ်စိုက်ပျိုးခြင်းခဲ့ပါသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန လက်အောက်ရှိ ဆီထွက်သီးနှံဌာနစုအား ၁၉၇၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများ၏ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ မျိုးကောင်းမျိုးသစ်များရရှိရေးအတွက် ပြည်ပမှ မျိုးတင်သွင်းရွေးချယ်ခြင်း၊ စိုက်နည်းစနစ်များ စမ်းသပ်ခြင်း နှင့် မျိုးကူးစပ်မွေးမြူရွေးချယ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည်။ အခြားဆီထွက်သီးနှံဖြစ်သည့် ပန်းနှမ်းနှင့် ဆူးပန်းသီးနှံသုတေသနလုပ်ငန်းများအား ၁၉၈၂ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ စပ်မျိုး နေကြာသုတေသနလုပ်ငန်းအား ၁၉၉၃ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။

မြေပဲသီးနှံ

ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ

ပြည်ပမျိုးတင်သွင်းရွေးချယ်ခြင်း

အိန္ဒိယနိုင်ငံ အပြည်ပြည်ဆိုင်ရာ မိုးနည်းဒေသသီးနှံသုတေသနဌာန ICRISAT မှ မျိုးများနှစ်စဉ် (၁၀)မျိုးမှ (၅၀၀)မျိုးအထိ ၁၉၈၂ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ရရှိခဲ့ပြီး စမ်းသပ် စိုက်ပျိုးရွေးချယ်ခဲ့ပါသည်။

မျိုးကူးစပ်မွေးမြူရွေးချယ်ခြင်း

အထက်ဖော်ပြပါ ရည်ရွယ်ချက်အလိုက် နှစ်စဉ်မျိုးတွဲ(၅)တွဲမှ (၁၀)တွဲ မျိုးကူးစပ် ဆောင်ရွက်ခဲ့ပြီး ပထမသားဆက်မှ ဆဌမသားဆက်အထိ လိုင်းပေါင်း(၈၀၀)ကျော် မွေးမြူရွေးချယ်လျက်ရှိပါသည်။

စမ်းသပ်ကွက်များအဆင့်ဆင့်ဆောင်ရွက်ခြင်း

မျိုးမွေးမြူနည်းအမျိုးမျိုးဖြင့် ရွေးချယ်ရရှိခဲ့သော အလားအလာကောင်းသည့်မျိုးများကို နယ် သုတေသနခြံများနှင့် မြေပဲစိုက်ပျိုးမည့် ဒေသများတွင် နှစ်စဉ်(၂၀)မျိုးမှ (၁၂၀)မျိုးအထိ စိုက်ပျိုးစမ်းသပ် လျက်ရှိပါသည်။

စိုက်ပျိုးနည်းစနစ်စမ်းသပ်ခြင်း

မြေပဲမျိုးအလိုက် သင့်တော်သော စိုက်တန်းအကွာအဝေးစမ်းသပ်ခြင်း ဘောင်တင်ပေး ခြင်း၏ အကျိုးအပြစ်များ စမ်းသပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

သုတေသနရလဒ်

ဆင်းပဒေသာမြေပဲမျိုး(၁၁)မျိုး ထုတ်ဝေဖြန့်ဖြူးနိုင်ခဲ့ပြီးလက်ရှိတောင်သူများ ကြိုက်နှစ် သက်၍ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိသော မျိုးမှာ သက်လျင်အထွက်ကောင်း ဆင်းပဒေသာ-၁၁ မြေပဲမျိုး များဖြစ်ပါသည်။

နှမ်းသီးနှံ

ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ

ပြည်ပမျိုးတင်သွင်းရွေးချယ်ခြင်း

အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ သြစတေးလျနိုင်ငံများမှ နှမ်းမျိုးများ အခါအားလျော် စွာ တင်သွင်း၍ မျိုးမွေးမြူရွေးချယ်ခဲ့ပါသည်။ ယခုအထိ ပြည်ပမျိုး(၈၀)မျိုးကို စိုက်ပျိုးလေ့လာခဲ့ ပါသည်။

မျိုးကူးစပ်မွေးမြူရွေးချယ်ခြင်း

အထက်ပါရည်ရွယ်ချက်အလိုက် နှစ်စဉ်စပ်မျိုးတွဲ(၁၀)တွဲမှ (၂၀)တွဲ မျိုးကူးစပ် ဆောင်ရွက်ပြီး ပထမသားဆက်မှ ဆဌမသားဆက်ထိ လိုင်းပေါင်း(၁၀၀၀)ကျော် မွေးမြူရွေးချယ် လျက်ရှိပါသည်။

စမ်းသပ်ကွက်များအဆင့်ဆင့်ဆောင်ရွက်ခြင်း

မွေးမြူနည်းအမျိုးမျိုးဖြင့် ရွေးချယ်ရရှိခဲ့သော မျိုးများကို နယ်သုတေသနခြံများနှင့် တောင်သူ့ စိုက်ကွက်များတွင် နှစ်စဉ်(၂၀)မျိုးမှ (၁၀၀)မျိုးထိ စိုက်ပျိုးစမ်းသပ်လျက်ရှိပါသည်။

စိုက်ပျိုးနည်းစနစ်သုတေသန
  • တစ်ပင်တိုင် နှမ်းစိုက်တန်းအကွာအဝေးစမ်းသပ်ခြင်း
  • နှမ်းသီးနှံ စိုက်စနစ်စမ်းသပ်ခြင်း
  • နှမ်းသီးနှံ ရေသွင်းချိန်နှင့် ရေသွင်းနည်းစနစ်စမ်းသပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

သုတေသနရလဒ်

ဆင်းပဒေသာမြေပဲမျိုး(၁၁)မျိုး ထုတ်ဝေဖြန့်ဖြူးနိုင်ခဲ့ပြီးလက်ရှိတောင်သူများ ကြိုက်နှစ် သက်၍ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိသော မျိုးမှာ သက်လျင်အထွက်ကောင်း ဆင်းပဒေသာ-၁၁ မြေပဲမျိုး များဖြစ်ပါသည်။

နေကြာသီးနှံ

ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ

ပြည်ပမျိုးတင်သွင်းရွေးချယ်ခြင်း

၁၉၈၀ ခုနှစ်အထိ ပြည်ပမျိုးများ တင်သွင်းစမ်းသပ်စိုက်ပျိုးရွေးချယ်ခဲ့သော်လည်း ယခု အခါ ပြည်ပမျိုးများ တင်သွင်းနိုင်ခြင်းမရှိပါ။ ဆီထွက်သီးနှံဖွံ့ဖြိုးရေးစီမံကိန်း၏ အစီအစဉ်ဖြင့် ပြည်ပမျိုးများ တင်သွင်းနိုင်ရန် ကြိုးစားအားထုတ်လျက်ရှိပါသည်။

မျိုးကူးစပ်မွေးမြူရွေးချယ်ခြင်း

မျိုးကူးစပ်ရွေးချယ်ခြင်းလုပ်ငန်းကို စပ်မျိုးနေကြာမျိုးများ ထုတ်လုပ်ရန်အတွက် အဓိက ထား ဆောင်ရွက်လျက်ရှိပါသည်။ နှစ်စဉ် အဖိုမြုံ အမလိုင်းများ မွေးမြူခြင်း(၃၀၀)လိုင်း၊ အဖိုလိုင်း (R line)များ မွေးမြူခြင်း(၁၄)လိုင်း၊ ဗီဇ မျိုးသန့်လိုင်းများ၏ ပေါင်းစပ်စွမ်းရည်စမ်းသပ်ခြင်း(၂၈)လိုင်း ကို ဆောင်ရွက် လျက်ရှိပါသည်။

စပ်မျိုးနေကြာမျိုးစေ့ထုတ်လုပ်ခြင်းကို ရေဆင်းနှင့် တပ်ကုန်းသုတေသနခြံများတွင် ဆောင်ရွက် လျက်ရှိပါသည်။

စိုက်ပျိုးနည်းစနစ်စမ်းသပ်ခြင်း

ထုတ်ဝေပြီး နေကြာမျိုးများနှင့် သင့်တော်သော စိုက်ချိန်၊ တစ်ဧကအပင်ဦးရေ၊ မြေသြဇာ နှုန်းထားနှင့် ရေပေးသွင်းနည်းများကို စမ်းသပ်လေ့လာခဲ့ပါသည်။

သုတေသနရလဒ်

အထွက်ကောင်းသဘာဝဝတ်မှုံကူးမျိုး(၂)မျိုးနှင့် စပ်မျိုးနေကြာ(၁)မျိုးကို ထုတ်ဝေနိုင်ခဲ့ပါသည်။ နှစ်စဉ် စပ်မျိုးနေကြာမျိုးစေ့(၅၀၀၀)ဧကစာ ဖြန့်ဖြူးလျက်ရှိပါသည်။