စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စပ်မျိုးစပါးသုတေသန

၁၉၉၇ ခုနှစ်မှစ၍ စပ်မျိုးစပါးမွေးမြူရေးနှင့် မျိုးစေ့ထုတ်လုပ်ရေးသုတေသန (Hybrid rice breeding and seed production research) ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ စပ်မျိုးစပါး ထုတ်လုပ်ရာတွင် မိမိနိုင်ငံ ရေ၊ မြေ၊ ဒေသနှင့် ကိုက်ညီသည့် စပ်မျိုးများရရှိရန် ကိုယ်ပိုင်အဖိုလိုင်း၊ အမလိုင်းများမွေးမြူခြင်း (Development of parental lines) ကို ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်း၌ မျိုးကူးစပ် ရရှိသော စပ်မျိုးများနှင့် ပြည်ပမှ တင်သွင်းရရှိသော ပြည်ပစပ်မျိုးများ အထွက်စွမ်းရည်စမ်းသပ်လေ့လာခြင်း (Heterosis evaluation) ကို ဒေသအသီးသီးတွင် စိုက်ပျိုးစမ်းသပ်လျက်ရှိပါသည်။ နှစ်စဉ် အဖိုအမလိုင်းများ မွေးမြူရွေးချယ်ခြင်း (၁၀၀)လိုင်း၊ အထွက် စွမ်းရည်စမ်းသပ်ခြင်း(၁၂၀)လိုင်းနှင့် အဖိုအမမျိုးသန့်ထိန်းသိမ်း ခြင်း (၂၅)လိုင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

ယနေ့အထိ စပ်မျိုးမျိုးသစ် ရေဆင်းပုလဲသွယ်
၁၊ ရေဆင်းပုလဲသွယ်
၂၊ ရေဆင်း ပုလဲသွယ်
၃၊ သိင်္ဂီပုလဲသွယ် စသည့် မျိုးသစ်(၄)မျိုး ထုတ်ဝေနိုင်ခဲ့ပြီး ဖြစ်ပါ သည်။