စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံသုတေသန

ဗဟိုစိုက်ပျိုးရေးသုတေသနဌာနခွဲ၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံဌာနစုကို ၁၉၇၇ ခုနှစ် တွင် စတင်တည်ထောင်ဖွဲ့စည်းခဲ့ပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စက်မှုသီးနှံနှင့်ဟင်းသီးဟင်းရွက် သစ်သီးဝလံ ဌာနခွဲ လက်အောက်ရှိဌာနစုအဖြစ် ၂၀၀၄ခုနှစ်၊ ဇန်နဝါရီလ ၂၇ရက်နေ့တွင် ဖွဲ့စည်း ခဲ့ပါသည်။

ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံဌာနစုတွင် ခရမ်းချဉ်၊ ခရမ်း၊ ရုံးပတီ၊ တိုင်လွတ် ပဲတောင့်ရှည်နှင့် ဟင်းစားပဲပုတ်အပြင် စားဖိုဆောင်သီးနှံ (ကြက်သွန်နီ၊ ငရုတ်) နှင့် သစ်သီးဝလံ(သရက်၊ ကျွဲကော၊ နဂါးမောက်၊ သီဟိုဠ်သရက်၊ မာလကာ၊) များကို သုတေသနပြု ဆောင်ရွက်လျက်ရှိပါသည်။

ရည်ရွယ်ချက်

၁။ အရည်အသွေးနှင့်အထွက်နှုန်းကောင်းသော ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံမျိုးများထုတ်လုပ်ရန်

၂။ အထွက်နှုန်းတိုးတက်ပြီး စီးပွားရေးတွက်ခြေကိုက်စေမည့် စိုက်ပျိုးနည်းစနစ်များရှာဖွေဖော်ထုတ်ရန်

ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံဌာနစုမှ ဆောင်ရွက်လျှက်ရှိသောသုသေတနလုပ်ငန်းများ

(က) မျိုးမွေးမြူရွေးချယ်ခြင်း

(ခ) မျိုးအထွက်ယှဉ်ပြိုင်ခြင်း

(ဂ) စိုက်နည်းစနစ်စမ်းသပ်ခြင်း

(ဃ) နှစ်ရှည်သီးပင်သုတေသန

ဟင်းသီးဟင်းရွက် သစ်သီးဝလံ
ခရမ်းချဉ် သရက်
ငရုတ် နဂါးမောက်
ခရမ်း မာလကာ
ဟင်းစားပဲပုတ်
ရုံးပတီ

ဆောင်ရွက်လျှက်ရှိသော သုတေသနလုပ်ငန်းများ

ဟင်းသီးဟင်းရွက်

၁။ အရည်အသွေးနှင့်အထွက်ကောင်းမျိုးသစ်များထုတ်လုပ်ခြင်း (ခရမ်းချဉ်၊ ခရမ်း ၊ ငရုတ်၊ ရုံးပတီ၊ ဟင်းစားပဲပုတ်၊ တိုင်လွတ်ပဲတောင့်ရှည်)

၂။ အထူးအထွက်ကောင်းခရမ်းချဉ်မျိုးမွေးမြူထုတ်လုပ်ခြင်း

သစ်သီးဝလံ

၁။ သရက်ဗီဇမျိုးကွဲများအား သဘာဝအတိုင်းထိန်းသိမ်းလေ့လာခြင်း

၂။ သရက်နှင့်နဂါးမောက်တွင်အရည်အသွေးနှင့်အထွက်နှုန်းတိုးစေမည့် စိုက်နည်းစနစ် များ ဖြစ်သော မြေသြဇာနှုန်း၊အချိန်အခါမဟုတ်သီးစေမည့်နည်းစနစ်၊ သရက်သီးခူးဆွတ်ပြီးနောက်ကြာရှည်အထားခံမည့်နည်းစနစ်များ