စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ပဲမျိုးစုံသီးနှံသုတေသန

၁၉၁၄ ခုနှစ်၊ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ ပဒူစိုက်ပျိုးရေးဥယျာဉ်တွင် စတင်ခဲ့ပြီး ကုလားပဲ သီးနှံ(၁)မျိုးကိုသာ မျိုးအထွက်ယှဉ်ပြိုင်ခြင်းသုတေသနအဖြစ် စတင်ခဲ့ပါသည်။ ၁၉၂၄ ခုနှစ်တွင် ပဲစဉ်းငုံ၊ ပဲဖြူလေး၊ ထောပတ်ပဲ ပဲ(၃)မျိုးအား ပြည်တွင်းတွင် မျိုးများ စုဆောင်း၍ မျိုးစေ့ပွားများခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ပဲမျိုးစုံဌာနစုကို ဖွဲ့စည်းတည်ထောင်၍ ၁၉၇၆ ခုနှစ်တွင် ရေဆင်းနှင့် နယ်ခြံများ၌ ပဲ(၁၈)မျိုးထိတိုး၍ သုတေသနပြုခဲ့ပါသည်။ မတ်ပဲ၊ ကုလားပဲ၊ ပဲစဉ်းငုံ၊ ထောပတ်ပဲ၊ ပဲလွမ်း၊ ပဲတီစိမ်း၊ ပဲပုပ်၊ စွန်တာနီ၊ စွန်တာပြာ၊ ပဲစောင်းလျား၊ စားတော်ပဲတို့ ဖြစ်ပါသည်။ ပြည်ပမျိုးများ တင်သွင်းရွေးချယ်ခြင်းကိုသာ ဆောင်ရွက်ခဲ့ပြီး အထွက်ကောင်းမျိုးကို ဦးစားပေးရွေးချယ်ထုတ်လုပ်ခဲ့ပါသည်။

၁၉၉၀ ခုနှစ်မှစတင်၍ အဓိကပဲ(၆)မျိုးဖြစ်သည့် ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ပဲလွမ်း၊ ပဲပုပ်တို့သာ သုတေသနပြုလုပ်ခဲ့ပြီး မျိုးကူးစပ်မွေးမြူရွေးချယ်ခြင်းကိုပါ ဆောင်ရွက်နိုင်ခဲ့ပါ သည်။

ပဲတီစိမ်းသီးနှံ

ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ

ပြည်ပမျိုးတင်သွင်းရွေးချယ်ခြင်း

၁၉၇၅ ခုနှစ်မှစတင်၍ ၂၀၀၄ ခုနှစ်ထိ ပြည်ပမျိုးများ မှာယူတင်သွင်းခဲ့ပါသည်။ တင်သွင်း သည့် နိုင်ငံများမှာ အိန္ဒိယနိုင်ငံ IARI ၊ ထိုင်ဝမ်နိုင်ငံ AVRDC ၊ ဖိလစ်ပိုင်နိုင်ငံ IRRI ၊ အင်ဒိုနီးရှားနိုင်ငံ Bogor ၊ ထိုင်းနိုင်ငံ AVRDC တို့ဖြစ်ပါသည်။ နှစ်စဉ်မျိုးပေါင်း(၁၀-၂၀) မျိုးထိ မှာယူတင်သွင်း၍ ဒေသ အမျိုးမျိုးတွင် စမ်းသပ်စိုက်ပျိုးရွေးချယ် ခဲ့ပါသည်။

မျိုးကူးစပ်မွေးမြူရွေးချယ်ခြင်း

၁၉၉၉-၂၀၀၀ ခုနှစ်မှ စတင်ဆောင်ရွက်ပြီး နှစ်စဉ်စပ်မျိုးအတွဲ(၅)တွဲ မျိုးကူးစပ်ခဲ့ပြီး ပထမ သားဆက်မှ ဆဌမသားဆက်ထိ လိုင်းပေါင်း(၃၅၀)အား စမ်းသပ်စိုက်ပျိုးရွေးချယ်လျက်ရှိပါ သည်။

မျိုးထွန်းမွေးမြူခြင်း

၂၀၀၄-၂၀၀၅ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။ အဝါရောင်မိုစေ့ရောဂါခံနိုင်၍ ပဲပင်ပေါက်တွင် မရမ်းရောင်မပါသော ပြည်ပစျေးကွက်ဝင်အရည်အသွေးရှိသည့် ပဲတီစိမ်းမျိုးများရရှိရန် ဂါမာရောင်ခြည်ပေး၍ ရွေးချယ်ခဲ့ပါသည်။ ပထမသားဆက်မှ စတုတ္ထသားဆက်အထိ လိုင်းပေါင်း (၅၀)ခန့် ရွေးချယ်လျက်ရှိပါသည်။

အဆင့်ဆင့်အထွက်ယှဉ်ပြိုင်စမ်းသပ်ခြင်း

မျိုးမွေးမြူနည်းအမျိုးမျိုးဖြင့် ရွေးချယ်ရရှိသော ဗီဇငြိမ်လိုင်းများအား ပမာဏလေ့လာ ခြင်း အဆင့်ဆင့်မှ ဒေသအလိုက် အထွက်ယှဉ်ပြိုင်ခြင်းအဆင့်ထိ နှစ်စဉ် မျိုးသစ်(၅၀)မျိုးမှ (၁၅၀) မျိုးထိ ဒေသ အသီးသီးတွင် စိုက်ပျိုးရွေးချယ်လျက်ရှိပါသည်။

သုတေသနရလဒ်

ရေဆင်းပဲတီစိမ်းမျိုးသစ် (၅)မျိုး ထုတ်ဝေနိုင်ခဲ့ပါသည်။ ယနေ့ထိ ကျယ်ပြန့်စွာ စိုက်ပျိုးနေ သော မျိုးများမှာ ရေဆင်း-၁(ပဲတီရွှေဝါ)၊ ရေဆင်း-၁၁ နှင့် ရေဆင်း-၁၄ မျိုးတို့ ဖြစ်ပြီး စုစုပေါင်းစိုက်ဧရိယာ၏ ၈၀% ထိ ကျယ်ပြန့်နှံ့လျက်ရှိပါသည်။

မတ်ပဲသီးနှံ

ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ

ပြည်ပမျိုးတင်သွင်းရွေးချယ်ခြင်း

၁၉၇၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံ IARI မှ (၂၃)မျိုး၊ ၁၉၈၃ ခုနှစ်တွင် ထိုင်းနိုင်ငံ AVRDC မှ (၃)မျိုး၊ ၁၉၈၇ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ IRRI မှ (၁၉)မျိုး၊ စုစုပေါင်း(၄၅)မျိုး တင်သွင်း၍ ဒေသအသီးသီးတွင် စမ်းသပ်စိုက်ပျိုးရွေးချယ်ခဲ့ပါသည်။ ၁၉၈၇ ခုနှစ် နောက်ပိုင်း ပြည်ပမှ မျိုးများ မှာယူတင်သွင်းနိုင်ခြင်းမရှိခဲ့ပါ။

မျိုးကူးစပ်မွေးမြူရွေးချယ်ခြင်း

၁၉၉၃-၉၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။ ရေဆင်းနှင့် လက်ပံတန်းခြံတို့တွင် ဆောင်ရွက်ခဲ့ ပါသည်။ နှစ်စဉ်အတွဲပေါင်း(၅)တွဲ မျိုးကူးစပ်၍ ပထမသားဆက်မှ ပဉ္စမသားဆက်ထိ လိုင်းပေါင်း(၈၉၇)အား ဒေသအသီးသီးတွင် စိုက်ပျိုးရွေးချယ်လျက်ရှိပါသည်။

မျိုးထွန်းမွေးမြူခြင်း

၂၀၀၀-၂၀၀၁ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။ ဂါမာရောင်ခြည်ပေး၍ ရာသီမရွေး စိုက်ပျိုးနိုင် သည့် မတ်ပဲမျိုးထွန်းများ ရရှိရန်ဖြစ်ပါသည်။ ယခုလက်ရှိ သက်လျင်အစေ့ကြီး အထွက်ကောင်းမျိုးများရရှိရန် ရည်ရွယ်ချက်ဖြင့် မျိုး(၃)မျိုးအား ဂါမာရောင်ခြည်ပေး၍ စိုက်ပျိုးရွေးချယ်လျက်ရှိပါသည်။

အထွက်ယှဉ်ပြိုင်စမ်းသပ်ခြင်း

နည်းလမ်းအမျိုးမျိုးဖြင့် ရွေးချယ်ရရှိသော ဗီဇငြိမ်လိုင်းများအား ပဏာမလေ့လာခြင်း အဆင့်မှ ဒေသအလိုက် အထွက်ယှဉ်ပြိုင်ခြင်းအဆင့်ထိ နှစ်စဉ်မျိုးပေါင်း(၂၀)မှ (၄၅)ထိ ဒေသ အသီးသီးတွင် စိုက်ပျိုး ရွေးချယ်လျက်ရှိပါသည်။

သုတေသနရလဒ်

အထွက်ကောင်း(၄)မျိုး ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။ ကျယ်ပြန့်စွာစိုက်ပျိုးနေသော မျိုးများ မှာ ရေဆင်း-၂၊ ရေဆင်း-၃ နှင့် ပုလဲထွန်းမျိုးတို့ဖြစ်ပြီး စုစုပေါင်းစိုက်ဧရိယာ၏ (၇၅%) ထိ ပြန့်နှံ့လျက် ရှိပါသည်။

ပဲစဉ်းငုံသီးနှံ

ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ

ပြည်ပမျိုးတင်သွင်းရွေးချယ်ခြင်း

၁၉၇၆ခုနှစ်မှစတင်၍ အိန္ဒိယနိုင်ငံမှ မျိုးပေါင်း (၅၅)မျိုး စတင်မှာယူတင်သွင်းခဲ့ပါသည်။ ၁၉၈၀ ခုနှစ်မှ ၁၉၉၆ခုနှစ်အထိ အိန္ဒိယနိုင်ငံ၊ မှ မျိုးပေါင်း (၃၈၆)မျိုး မှာယူတင်သွင်း၍ ဒေသနှင့်ကိုက်ညီသော မျိုးကို ရွေးချယ်ခဲ့ပါသည်။ လက်ရှိဒေသမျိုး၏ အထွက်နှုန်းကို မကျော်လွှားနိုင်သဖြင့် ဧရိယာပြန့်နှံမှုမရှိခဲ့ပါ။

မျိုးကူးစပ်မွေးမြူရွေးချယ်ခြင်း

မျိုးကူးစပ်ခြင်းလုပ်ငန်းအား ၁၉၉၅-၉၆ ခုနှစ်မှစတင်၍ မြင်းခြံခြံနှင့် ညောင်ဦးခြံတို့တွင် ဆောင် ရွက်ခဲ့ပါသည်။ နှစ်စဉ်အတွဲပေါင်း(၆)တွဲမျိုးကူး၍ ပထမသားဆက်မှ ဆဌမသားဆက်ထိ လိုင်းပေါင်း(၂၅၀) ကျော်ကို စိုက်ပျိုးရွေးချယ်လျက်ရှိပါသည်။

စပ်မျိုးပဲစဉ်းငုံသုတေသန

အထွက်ကောင်းသက်လတ်ပဲစဉ်းငုံစပ်မျိုးများ ထုတ်လုပ်ရန် ရည်ရွယ်၍ ၂၀၀၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ICRISAT မှ အဖိုမြုံလိုင်း (A) နှင့် မျိုးထိန်းလိုင်း (B) (၃)တွဲကိုလည်းကောင်း၊ ၂၀၀၇ ခုနှစ်တွင် အဖိုမြုံလိုင်း၊ မျိုးထိန်းလိုင်းနှင့် အဖိုလိုင်း(R) (၄)တွဲကို တင်သွင်းခဲ့ပါသည်။ ယခုအခါ လက်ရှိပဲစဉ်းငုံမျိုးများမှ အဖိုလိုင်းများရှာဖွေခြင်း၊ စမ်းသပ်စပ်မျိုးများထုတ်လုပ်၍ အထွက်နှုန်း လေ့လာခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

အထွက်ယှဉ်ပြိုင်စမ်းသပ်ခြင်း

မျိုးရွေးချယ်နည်းအမျိုးမျိုးဖြင့် ရွေးချယ်ရရှိသော ဗီဇငြိမ်လိုင်းများအား ပဏာမ လေ့လာခြင်း အဆင့်မှ ဒေသအလိုက် အထွက်ယှဉ်ပြိုင်ခြင်းအဆင့်ထိ နှစ်စဉ်မျိုးပေါင်း(၃၀)မှ (၅၀)မျိုးထိကို ဒေသအသီးသီး တွင် စမ်းသပ်စိုက်ပျိုးရွေးချယ်လျက်ရှိပါသည်။

သုတေသနရလဒ်

ယနေ့ထိ ရေဆင်းပဲစဉ်းငုံ(၃)မျိုး ထုတ်လုပ်နိုင်ခဲ့သော်လည်း မုံရွာရွှေဒင်္ဂါးတစ်မျိုးတည်းသာ တောင်သူထံ ပြန့်နှံ့လျက်ရှိပါသည်။

ကုလားပဲသီးနှံ

ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ

ပြည်ပမျိုးတင်သွင်းရွေးချယ်ခြင်း

၁၉၇၅ ခုနှစ် စတင်၍ အိန္ဒိယနိုင်ငံ ICRISAT မှ ကုလားပဲမျိုးများ မှာယူတင်သွင်းခဲ့ပါ သည်။ နှစ်စဉ်မျိုးပေါင်း(၄၀)ခန့် မှာယူတင်သွင်း၍ ကုလားပဲအဓိက စိုက်ပျိုးသည့် ဒေသများတွင် စမ်းသပ်စိုက်ပျိုးရွေးချယ်လျက်ရှိပါသည်။

မျိုးကူးစပ်မွေးမြူရွေးချယ်ခြင်း

မျိုးကူးစပ်ခြင်းလုပ်ငန်းအား ၁၉၉၁ ခုနှစ်မှ စတင်၍ ဇလုပ်ခြံတွင် ဆောင်ရွက်ခဲ့ပြီး ယခု အခါ ဇလုပ်၊ ပန်းကုန်းနှင့် တပ်ကုန်းခြံတို့တွင် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ နှစ်စဉ်အတွဲ ပေါင်း(၉)တွဲခန့် မျိုးကူးစပ်၍ ပထမသားဆက်မှ ဆဌမသားဆက်ထိ မျိုးလိုင်းပေါင်း(၁၀၀၀)ကျော် အား စမ်းသပ်စိုက်ပျိုးရွေးချယ်လျက်ရှိပါသည်။

အထွက်ယှဉ်ပြိုင်စမ်းသပ်ခြင်း

နည်းလမ်းအမျိုးမျိုးဖြင့် ရွေးချယ်ရရှိခဲ့သော ဗီဇငြိမ်လိုင်းများအား ပမာဏလေ့လာခြင်းမှ ဒေသအလိုက် အထွက်ယှဉ်ပြိုင်ခြင်းအဆင့်ထိ နှစ်စဉ်မျိုးသစ်ပေါင်း(၁၀၀-၁၈၀)ကို ဒေသအသီးသီး တွင် စိုက်ပျိုးစမ်းသပ်လျက်ရှိပါသည်။

သုတေသနရလဒ်

အထွက်ကောင်း(၉)မျိုး ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။ ကျယ်ပြန့်စွာစိုက်ပျိုးနေသော မျိုးများ မှာ ရေဆင်း-၂၊ ရေဆင်း-၃၊ ရေဆင်း-၆ နှင့် ရေဆင်း-၈ မျိုးတို့ဖြစ်ပြီး စုစုပေါင်းစိုက်ဧရိယာ၏ (၉၀%) ထိ ပြန့်နှံ့လျက်ရှိပါသည်။

ပဲပုပ်သီးနှံ

ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ

ပြည်ပမျိုးတင်သွင်းရွေးချယ်ခြင်း

၁၉၇၆ခုနှစ်မှစတင်၍ အိန္ဒိယနိုင်ငံမှ မျိုးပေါင်း (၅၅)မျိုး စတင်မှာယူတင်သွင်းခဲ့ပါသည်။ ၁၉၈၀ ခုနှစ်မှ ၁၉၉၆ခုနှစ်အထိ အိန္ဒိယနိုင်ငံ၊ မှ မျိုးပေါင်း (၃၈၆)မျိုး မှာယူတင်သွင်း၍ ဒေသနှင့်ကိုက်ညီသော မျိုးကို ရွေးချယ်ခဲ့ပါသည်။ လက်ရှိဒေသမျိုး၏ အထွက်နှုန်းကို မကျော်လွှားနိုင်သဖြင့် ဧရိယာပြန့်နှံမှုမရှိခဲ့ပါ။

မျိုးကူးစပ်မွေးမြူရွေးချယ်ခြင်း

မျိုးကူးစပ်ခြင်းလုပ်ငန်းအား ၁၉၉၅-၉၆ ခုနှစ်မှစတင်၍ မြင်းခြံခြံနှင့် ညောင်ဦးခြံတို့တွင် ဆောင် ရွက်ခဲ့ပါသည်။ နှစ်စဉ်အတွဲပေါင်း(၆)တွဲမျိုးကူး၍ ပထမသားဆက်မှ ဆဌမသားဆက်ထိ လိုင်းပေါင်း(၂၅၀) ကျော်ကို စိုက်ပျိုးရွေးချယ်လျက်ရှိပါသည်။

စပ်မျိုးပဲစဉ်းငုံသုတေသန

အထွက်ကောင်းသက်လတ်ပဲစဉ်းငုံစပ်မျိုးများ ထုတ်လုပ်ရန် ရည်ရွယ်၍ ၂၀၀၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ICRISAT မှ အဖိုမြုံလိုင်း (A) နှင့် မျိုးထိန်းလိုင်း (B) (၃)တွဲကိုလည်းကောင်း၊ ၂၀၀၇ ခုနှစ်တွင် အဖိုမြုံလိုင်း၊ မျိုးထိန်းလိုင်းနှင့် အဖိုလိုင်း(R) (၄)တွဲကို တင်သွင်းခဲ့ပါသည်။ ယခုအခါ လက်ရှိပဲစဉ်းငုံမျိုးများမှ အဖိုလိုင်းများရှာဖွေခြင်း၊ စမ်းသပ်စပ်မျိုးများထုတ်လုပ်၍ အထွက်နှုန်း လေ့လာခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

အထွက်ယှဉ်ပြိုင်စမ်းသပ်ခြင်း

မျိုးရွေးချယ်နည်းအမျိုးမျိုးဖြင့် ရွေးချယ်ရရှိသော ဗီဇငြိမ်လိုင်းများအား ပဏာမ လေ့လာခြင်း အဆင့်မှ ဒေသအလိုက် အထွက်ယှဉ်ပြိုင်ခြင်းအဆင့်ထိ နှစ်စဉ်မျိုးပေါင်း(၃၀)မှ (၅၀)မျိုးထိကို ဒေသအသီးသီး တွင် စမ်းသပ်စိုက်ပျိုးရွေးချယ်လျက်ရှိပါသည်။

သုတေသနရလဒ်

အထွက်ကောင်း(၉)မျိုး ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။ ကျယ်ပြန့်စွာစိုက်ပျိုးနေသော မျိုးများ မှာ ရေဆင်း-၂၊ ရေဆင်း-၃၊ ရေဆင်း-၆ နှင့် ရေဆင်း-၈ မျိုးတို့ဖြစ်ပြီး စုစုပေါင်းစိုက်ဧရိယာ၏ (၉၀%) ထိ ပြန့်နှံ့လျက်ရှိပါသည်။

ပဲလွမ်းသီးနှံ

ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ

ပြည်ပမျိုးတင်သွင်းရွေးချယ်ခြင်း

၁၉၇၅ခုနှစ်မှစ၍ ပြည်ပမျိုးများ မှာယူတင်သွင်းခဲ့ပါသည်။ တင်သွင်းခဲ့သောနိုင်ငံများမှာ အမေရိကန် နိုင်ငံ၊ ထိုင်ဝမ်နိုင်ငံ ၊ နိုက်ဂျီးရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသသီးနှံသုတေသန၊ အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာနတို့ဖြစ်ပြီး ၁၉၈၉ ခုနှစ်ထိ မျိုးပေါင်း(၂၃၄)မျိုး တင်သွင်း နိုင်ခဲ့ပါသည်။ ၂၀၀၂ ခုနှစ်တွင် ကမ္ဘာ့စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့ (FAO) ၏ အစီအစဉ်ဖြင့် နိုင်ဂျီးရီးယားနိုင်ငံ အပြည်ပြည် ဆိုင်ရာ အပူပိုင်းဒေသသီးနှံသုတေသနမှ မျက်ကွင်းနက် ပဲလွမ်းဖြူ (၉)မျိုး တင်သွင်းနိုင်ခဲ့ပါသည်။ ၂၀၀၂ ခုနှစ် နောက်ပိုင်းပြည်ပမှ မျိုးများ မှာယူတင်သွင်း နိုင်ခြင်း မရှိခဲ့ပါ။

အထွက်ယှဉ်ပြိုင်ခြင်း

ရွေးချယ်ရရှိသော အလားအလာကောင်းသော မျိုးများအား ပဏာမလေ့လာခြင်းအဆင့်မှ ဒေသ အလိုက် အထွက်ယှဉ်ပြိုင်ခြင်းအဆင့်ထိ နှစ်စဉ်(၁၅-၃၅)မျိုးကို ဒေသအသီးသီးတွင် စမ်းသပ် စိုက်ပျိုးရွေးချယ် လျက်ရှိပါသည်။

သုတေသနရလဒ်

ယနေ့ထိ အထွက်ကောင်းမျိုး(၄)မျိုး ထုတ်လုပ်နိုင်ခဲ့ပါသည်။ ရေဆင်း-၃ ပဲပုပ်မျိုးမှာ စုစုပေါင်း ဧရိယာ ၅၀% ပြန့်နှံ့လျက်ရှိပါသည်။