စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ဇီဝနည်းပညာသုတေသနဌာနစု

၁. အပင်တစ်သျှူးမွေးမြူရေးဆိုင်ရာသုတေသန

(က) အဖိုဝတ်မှုန်အိတ်မွေးမြူနည်းကိုအသုံးပြု၍ရေမြုပ်ဒဏ်ခံနိုင်သည့်ဆင်းသုခစပါးမျိုးရရှိစေရန်ဆောင်ရွက်ခြင်း

(ခ) အပင်တစ်သျှူးနည်းနှင့်မျိုးထွန်းနည်းပညာတို့ကိုအသုံးပြု၍လင်းတာတုန့်ပြန်မှုမရှိသော ပေါ်ဆန်းမွှေးမျိုးထွန်းလိုင်းနှင့် အရည်အသွေးကောင်းသော စျေးကွက်ဝင် မြန်မာ ငှက်ပျောမျိုးများရရှိရန်ဆောင်ရွက်ခြင်း

(ဂ) အပင်တစ်ရှူးနည်းပညာဖြင့် ငှက်ပျော၊ ဆီအုန်းနှင့်ဆေးဖက်ဝင်သစ်ခွအမြောက်အများ ပွားများခြင်း

(ဃ) အပင်တစ်သျှူးမွေးမြူနည်းဖြင့် ငှက်ပျော၊ ဥကန်စွန်း၊ ဥစားသီးနှံအမျိုးမျိုးနှင့် အာလူးဗီဇမျိုးကွဲများအားမျိုးထိန်းခြင်း

(င) အပင်တစ်ရှူးနည်းဖြင့်မြေပြန့်ကော်ဖီပွားများနိုင်မည့်အစာလွှာရှာဖွေခြင်း

၂. အပင်ဇီဝနည်းပညာဆိုင်ရာသုတေသန

(က) မြန်မာစပါးမျိုးများအား Near isogenis Liner များထူထောင်ခြင်းတွင် Xageneပါ၀င်မှုရှိမရှိကိုစစ်ဆေးခြင်း

(ခ) စပ်မျိုးစပါးမျိုးထိန်းလိုင်းနှင့်အဖိုမြုံလိုင်းများအားဗီဇသန့်စင်မှုရှိမရှိစစ်ဆေးခြင်း

(ဂ) စပါး၊ ခရမ်းချဉ် နှင့် မတ်ပဲမျိုးများ၏ F1လိုင်းများနှင့် BC1F1လိုင်းများတွင်ထည့်သွင်းထားသည့် ဗီဇလက္ခဏာများပါဝင်မှုရှိမရှိစစ်ဆေးခြင်း

(ဃ) Green Super Rice သုတေသနလုပ်ငန်းအတွင် BBရောဂါဒဏ်ခံနိုင်ရည်ရှိဗီဇပါဝင်မှုရှိမရှိစစ်ဆေးခြင်း

(င) ပြောင်းဖူဗီဇမျိုးသန့်လိုင်းများ၏မျိုးဗီဇကွဲပြားမှုအားစစ်ဆေးခြင်း

(စ) အလားအလာကောင်းသော ပြောင်းဖူးမျိုးများအား Opaque-2 ဗီဇပါဝင်မှု ရှိ၊ မရှိကိုစစ်ဆေးခြင်း

၃။အပင်ဇီဝကမ္မဗေဒဆိုင်ရာသုသေတသန

(က) စပါးမျိုးများအလိုက်ဆားငံဒဏ်ခံနိုင်ရည်ရှိမှုနှင့် မြေပဲမျိုးများအလိုက် ရေငတ်ဒဏ်ခံနိုင်ရည်ရှိမှုကို ဓါတ်ခွဲခန်းအဆင့်၌စမ်းသပ်ခြင်း

(ခ) စပါးအဖို၀တ်မှုန်အိတ်မွေးမြူနည်းဖြင့်ရရှိထားသောစပါးမျိုးများအား Gametoclonal Variation ရှိမရှိလေ့လာရွေးချယ်ခြင်း

(ဂ) Moleucular marker Assited Breeding နည်းပညာဖြင့်မွေးမြူရရှိထားသော ဆင်းသွယ်လတ်စပါးမျိုးသစ်များအားမွေးမြူရွေးချယ်ခြင်း

သုတေသနရလာဒ်များ

၁။ အပင်တစ်သျှူးနည်းပညာနှင့် မျိုးထွန်းနည်းပညာတို့ကိုပေါင်းစပ်အသုံးပြု၍ မိုးနည်းဒေသများအတွက်သင့်တော်သော သက်လျင်ယာ-၂ ထွန်းစပါးမျိုး၊ ရေငတ်ဒဏ်အသင့်အတင့်ခံနိုင်ပြီး အထွက်နှုန်း သင့်တင့်သည့် ဆင်းပဒေသာ-၁ မြေပဲ မျိုးထွန်း၊ အူနီဒဏ်အသင့်အတင့်ခံနိုင်သော အထွက်ကောင်း ရေဆင်း-၁ ကြံမျိုးထွန်းများ ထုတ်လုပ်ပေးနိုင်ခဲ့ပါသည်။

၂။ နာနတ်၊ ငှက်ပျော၊ စတော်ဘယ်ရီ၊ ဂျင်း၊ ရှားစောင်းလက်ပတ်၊ အာလူး၊ ဆီအုန်း၊ သရက်နှင့် သစ်ခွမျိုးတို့ကို အချိန်တိုအတွင်း မိခင်ပင်နှင့်တူသော အပင်အမြောက်အများပွားများပေးနိုင်သည့် အပင်တစ်သျှူး မျိုးပွားနည်းစနစ်များကို စမ်းသပ်ဖော်ထုတ် ပေးနိုင်ခဲ့ပါသည်။

၃။ ကြံ(၄၁)မျိုးတို့၏ ဗီဇကွဲပြားခြားနားမှုကို Esterase နှင့် POD Isozymeစနစ်ဖြင့်စမ်းသပ်လေ့လာရာ အုပ်စု(၁၅) ခုကွဲပြားကြောင်းတွေ့ရှိရသဖြင့် မိဘမျိုးများရွေးချယ်ရာတွင် အထောက်အကူပြုသောနည်းတစ်ခုဖြစ်ပါသည်။

၄။ တောင်သူများစိုက်ပျိုးလိုသည့်ငှက်ပျောမျိုးများကိုအပင်တစ်သျှူးနည်းဖြင့်ပွားများထုတ်လုပ်ပေးနိုင်ပါသည်။