စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးစာရင်းအင်းသုတေသန

(၁) လယ်ယာစိုက်ပျိုးရေးနှင့် သက်ဆိုင်သော ကိန်းဂဏန်းများကို ကောက်ယူခြင်း၊ ထိန်းသိမ်းခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဖြန့်ဝေခြင်း၊

(၂) စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ စိုက်ဧက၊ အောင်ဧက၊ အထွက်နှုန်းကိန်းဂဏန်းများကို နှစ်အလိုက် စာရင်းဇယားများကို စုစည်းထိန်းသိမ်းခြင်း၊

(၃) စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ နှစ်အလိုက်ဝန်ထမ်းအင်အား စာရင်းဇယားများ စုစည်း ထိန်းသိမ်းခြင်း၊

(၄) စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏နှစ်အလိုက်ဆောင်ရွက်ခဲ့သော နိုင်ငံခြားစီမံကိန်းများ စုစည်း ထိန်းသိမ်းခြင်း၊

(၅) စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏နှစ်အလိုက်အသုံးပြုသော ဘတ်ဂျက် ခွင့်ပြု၊ သုံးစွဲငွေစာရင်း များ စုစည်းထိန်းသိမ်းခြင်း၊

(၆) စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ဌာနပိုင်အဆောက်အဦးများ/ မြေ/ ယာဉ်/ ယန္တရား/ စက်ပစ္စည်းနှင့် အခြားပစ္စည်းများ စုစည်းထိန်းသိမ်းခြင်း၊

(၇) စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏မော်တော်ယာဉ်/ယာဉ်ယန္တရား/မော်တော်ဆိုင်ကယ်/ ကွန်ပျူ တာဆက်စပ်ပစ္စည်း/ ရုံးသုံးစက်ပစ္စည်းများ၊ အခြားစက်ပစ္စည်းနှင့် ရုံးသုံးပရိဘောဂစာရင်းများ စာရင်းစုစည်းထိန်းသိမ်းခြင်း၊

(၈) စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ခြံ/ စိုက်ကွင်းများ၏ မြေဧရိယာ ပိုင်ဆိုင်မှုနှင့် ငှားရမ်းထား ရှိမှု အခြေအနေများ စုစည်းထိန်းသိမ်းခြင်း၊

(၉) ရေဆင်းဒေသ၏မိုးလေဝသ ကိန်းဂဏန်းများ စုစည်းထိန်းသိမ်းခြင်း၊

(၁၀) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ စိုက်ပျိုးရေးဆိုင်ရာ ကိန်းဂဏန်းများ စုစည်းထိန်းသိမ်းခြင်း (ဥပမာ- မြေစာရင်းဦးစီးဌာန၊ စာရင်းအင်းဌာနစုမှ ထုတ်ဝေသော မြန်မာ တစ်နိုင်ငံလုံးရှိ မြေဧရိယာများ)၊

(၁၁) သုတေသနတွေ့ရှိချက်များအား နှစ်ချုပ်စာအုပ်ထုတ်လုပ်ခြင်း၊ Highlight စာအုပ်ထုတ်လုပ် ခြင်း၊ DAR မှထုတ်လုပ်သော အရေးကြီးစာအုပ်စာတမ်းများထုတ်လုပ်ခြင်း၊

(၁၂) DAR Web site တည်ဆောက်ခြင်း၊ Data များလွင့်တင်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊