နောက်ခံသမိုင်း
- ၁၉၅၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်၌ အင်းစိန် မြို့နယ်၊ ကြို့ကုန်းတွင် စိုက်ပျိုးရေးသုတေသန ဗိမာန် အမည်ဖြင့် စတင်တည်ထောင်ခဲ့ပါ သည်။
- ၁၉၇၁ ခုနှစ်တွင် မန္တလေးတိုင်း၊ ပျဉ်းမနားမြို့နယ်၊ ရေဆင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
- လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန့်မာ့စိုက်ပျိုးရေးလုပ်ငန်း၏ ဌာနခွဲ တစ်ခုအဖြစ် ထားရှိရာမှ ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလ၊ (၂၇) ရက် နေ့တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန အဖြစ် သီးခြားဖွဲ့စည်းခဲ့ ပါသည်။
- ၂၀၁၆ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့ မှစ၍ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၏ ဦးစီး ဌာန ဖြစ်လာခဲ့ပါသည်။
- ၁၉၅၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်၌ အင်းစိန်မြို့နယ်၊ ကြို့ကုန်းတွင် စိုက်ပျိုးရေး သုတေသနဗိမာန်အား ဌာနခွဲ (၅)ခု-(၁) အုပ်ချုပ်ရေးဌာနခွဲ၊ (၂) စိုက်ပျိုးရေးဌာနခွဲ၊ (၃) စိုက်ပျိုးရေးဓာတုဗေဒ ဌာနခွဲ၊ (၄) ပိုးမွှား ဌာနခွဲနှင့် (၅) အပင်ရောဂါ ဌာနခွဲ တို့ဖြင့် အရာ ထမ်း (၁၆) ဦးနှင့် အမှုထမ်း (၉၉)ဦးတို့ပါဝင် ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။
- ဆန်စပါး သုတေသနလုပ်ငန်းများကို သီးနှံဌာန စိတ်မှ ပြည်တွင်း ပြည်ပ စပါးမျိုးများ ယှဉ်ပြိုင်ခြင်းနှင့် စိုက်ပျိုး နည်းစနစ်ဆိုင်ရာစမ်းသပ်မှု များကိုလည်းကောင်း၊ ရုက္ခ ဗေဒဌာနစိတ်မှ စပါး မျိုးကူးစပ်မွေးမြူခြင်း လုပ်ငန်းများဆောင်ရွက် ခဲ့ပါသည်။
- ရာကျော်-၁၊ ရာကျော်-၂ နှင့် စီ၄-၆၃ စပါးမျိုးများသည် ထိုကာလ၏ သုတေသနရလာဒ် ပင် ဖြစ်သည်။
- စပါးသီးနှံများကိုသာ ဆောင်ရွက်နိုင်ခဲ့ရာမှ ယာသီးနှံအပါအဝင် သီးနှံစုံသုတေသန လုပ်ငန်း များကို လည်းဆောင်ရွက်နိုင်ရန် ရည်ရွယ်လျက် ၁၉၇၁ ခုနှစ်တွင် မန္တလေးတိုင်း၊ ပျဉ်းမနား မြို့နယ်၊ ရေဆင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
- ဆန်စပါးသုတေသနလုပ်ငန်းများမှာ မျိုးကူးစပ်ခြင်း၊ စိုက်ပျိုးနည်းစနစ်များစမ်းသပ်ခြင်း၊ ပြည်တွင်း စပါးမျိုးများစုဆောင်းခြင်း နှင့် အခြေခံမျိုးအဆင့် (၁) ပွားများခြင်း လုပ်ငန်းများ ပါဝင် ပါသည်။
- ၁၉၇၀ ခုနှစ်ခန့်တွင် ကြို့ကုန်းတွင်မျိုးစပ်၍ရရှိခဲ့သော သားစပ်လိုင်းများကို ဆက်လက် ရွေးချယ် မှုများပြုလုပ်ခဲ့ရာ ရွှေဝါထွန်းနှင့် စိန်တလေးစပါးမျိုးရရှိခဲ့ပြီး စတင်ထုတ်ဝေ နိုင်ခဲ့ ပါသည်။
- မျိုးစေ့ဘဏ် မတည်ထောင်မီ စုဆောင်းခဲ့သော ပြည်တွင်းမျိုးများအား နှစ်စဉ်ကွင်းတွင် ထိန်းသိမ်းခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် မျိုးစေ့ဘဏ်သို့ လွဲပြောင်းပေးခဲ့ပါသည်။
မျှော်မှန်းချက်
စားနပ်ရိက္ခာဖူလုံမှု၊ အာဟာရပြည့်ဝဘေးကင်းလုံခြုံမှု၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု၊ ရေရှည် တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးနှင့်မွေးမြူရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက် တစ်လျှောက် လုံးတွင် အားလုံးပါဝင်ပြီး ဆန်းသစ်သော စိုက်ပျိုးရေးသုတေသနနှင့် ဖွံ့ဖြိုး တိုးတက် ရေးတို့ကို ဆောင်ရွက်ရန်
အဓိကလုပ်ငန်း
စားနပ်ရိက္ခာဖူလုံရေး နှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူပြုစေမည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သုတေသနများ ဆောင်ရွက်ရန်နှင့် ရလဒ်များကိုဖြန့်ဖြူးရန်၊
ရည်ရွယ်ချက်
ဒေသ၊ ရေ၊ မြေ၊ ရာသီဥတုနှင့် သင့်လျော်ကိုက်ညီသော အထွက်နှုန်းနှင့် အရည်အသွေးကောင်း သီးနှံမျိုးများ ထုတ်လုပ်ခြင်း၊ ဆန်းသစ်သော စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သိပ္ပံနှင့် သတင်း အချက်အလက်များကို စဉ်ဆက်မပြတ် ဖော်ထုတ်ဖြန့်ဝေပေးရန်နှင့် သုတေသီများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်။
တည်နေရာ
ပျဉ်းမနားမြို့၏ မြောက်ဘက် (၁၂) မိုင်အကွာ၊ မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၁ မိနစ်၊ ၁ စက္ကန့်နှင့် အရှေ့ လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၇ စက္ကန့်၊ ရန်ကုန် မန္တလေးကားလမ်း၏ အရှေ့ဘက်၊ ပင်လယ်ရေမျက်နှာပြင်အထက် ၉၇ မီတာအမြင့်တွင် တည်ရှိပါသည်။
ရာသီဥတု
၂ဝ၁၈ ခုနှစ်အတွင်းစုစုပေါင်းမိုးရေချိန် ၃၇.၅၁ လက်မရွာသွန်းခဲ့ပြီး မိုးရွာရက်(၈ဝ) ရက်ရှိပါသည်။ မိုးရွာ သွန်းသောလမှာ(၈) လဖြစ်ပါသည်။ ယခင်နှစ် ၂ဝ၁၇ ခုနှစ်ထက် မိုးရွာရက် (၅) ရက်ပိုများသော်လည်း မိုးရေချိန် ၇.ဝ၇ လက်မပိုနည်းသွားခဲ့ပါသည်။
အကျယ်အဝန်း
ဧရိယာအကျယ်အဝန်းမှာ ၁၀၂၈ ဒဿမ ၈ ဧကဖြစ်ပြီး၊ စိုက်ပျိုးနိုင်သော ဧရိယာမှာ ၅၇၄ ဒဿမ ၅၁ ဧကဖြစ်ပြီး မစိုက်ပျိုးနိုင်သော ဧရိယာမှာ ၄၅၃ ဒဿမ ၇၇ ဧကဖြစ်ပါသည်။
ဌာနခွဲ နှင့် ဌာနစုများ
စပါးသီးနှံသုတေသန ဌာနခွဲ
- စပါး သုတေသန ဗဟိုဌာန
- စပ်မျိုးစပါး သုတေသနဗဟိုဌာန
- ဒေသသုတေသန ဗဟိုဌာန (မြောင်းမြ)
- ဒေသသုတေသန ဗဟိုဌာန (လက်ပံတန်း)
- မိုးညှင်း စိုက်ပျိုးရေးသုတေသနခြံ
- ကျောက်ဆည် စိုက်ပျိုးရေးသုတေသနခြံ
- လွိုင်ကော် စိုက်ပျိုးရေးသုတေသနခြံ
- ကျိုင်းတုံ စိုက်ပျိုးရေးသုတေသနခြံ
- တာယောစိုက်ပျိုးရေးသုတေသနခြံ
- မှော်ဘီ စိုက်ပျိုးရေးသုတေသနစခန်း (ရန်ကုန်)
- မြောင်းဘွေ စိုက်ပျိုးရေးသုတေသနစခန်း (မြောက်ဦး)
ယာသီးနှံသုတေသန ဌာနခွဲ
- ဆီထွက်သီးနှံ သုတေသန ဌာနစု
- ပဲမျိုးစုံသီးနှံ သုတေသနဌာနစု
- အခြားနှံစားသီးနှံ သုတေသနဌာနစု
- ဒေသသုတေသန ဗဟိုဌာန (ဇလုပ်)
- ဒေသသုတေသန ဗဟိုဌာန (မကွေး)
- တပ်ကုန်း စိုက်ပျိုးရေးသုတေသနခြံ
- စီပင် စိုက်ပျိုးရေးသုတေသနခြံ
- ညောင်ဦး စိုက်ပျိုးရေးသုတေသနခြံ
- မြင်းခြံ စိုက်ပျိုးရေးသုတေသနခြံ
- ကျောက်မဲ စိုက်ပျိုးရေးသုတေသနခြံ
- ပန်းကုန်း စိုက်ပျိုးရေးသုတေသနခြံ
စက်မှုသီးနှံ နှင့် နှစ်ရှည်ပင်သီးနှံ သုတေသနဌာနခွဲ
- စက်မှုသီးနှံသုတေသနဌာနစု
- နှစ်ရှည်ပင်သီးနှံသုတေသနဌာနစု
- မြစ်သား စိုက်ပျိုးရေးသုတေသနခြံ
- ကင်ပွန်းတောင် စိုက်ပျိုးရေးသုတေသနခြံ
- ကင်ပွန်းတောင် စိုက်ပျိုးရေးသုတေသနခြံ
- ထားဝယ် (၇)မိုင် စိုက်ပျိုးရေးသုတေသနခြံ
ဥယျာဉ်ခြံသီးနှံ သုတေသနဌာနခွဲ
- သစ်သီးဝလံ သုတေသနဌာနစု
- ဟင်းသီးဟင်းရွက် နှင့် ပန်းမန် သုတေသနဌာနစု
- အပူပိုင်းဒေသသစ်သီးဝလံ သုတေသနဗဟိုဌာန (မယ်အောင်ကန်)
- ဟင်းသီးဟင်းရွက် နှင့် ပန်းမန် သုတေသနဗဟိုဌာန (သဲကုန်း)
- အဇင်း-၂ စိုက်ပျိုးရေးသုတေသနခြံ
- ကျောက်တံတား စိုက်ပျိုးရေးသုတေသနခြံ
- ဘော်ခွီး စိုက်ပျိုးရေးသုတေသနစခန်း
- ကမော့ကပို စိုက်ပျိုးရေးသုတေသနစခန်း
စိုက်ပျိုးရေးဆိုင်ရာ သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲရေး သုတေသန ဌာနခွဲ
- မြေဆီလွှာသိပ္ပံသုတေသနဌာနစု
- ရေအသုံးချရေးသုတေသနဌာနစု
- စိုက်ပျိုးရေးအဏုဇီဝသုတေသနဌာနစု
- စိုက်ပျိုးရေးသဘာဝအရင်းအမြစ်များ လေ့လာရေး သုတေသနဌာနစု
- စိုက်ပျိုးရေးအင်ဂျင်နီယာ သုတေသနဌာနစု
မျိုးစေ့ဘဏ်၊ ဇီဝနည်းပညာ နှင့် သီးနှံကာကွယ်ရေး သုတေသန ဌာနခွဲ
- မျိုးစေ့ဘဏ် သုတေသနဌာနစု
- ဇီဝနည်းပညာသုတေသနဌာနစု
- အပင်ဇီဝကမ္မဗေဒ သုတေသနဌာနစု
- အပင်မျိုးသစ်အကာအကွယ်ပေးရေး ဌာနစု
- အပင်ရောဂါ သုတေသနဌာနစု
- ပိုးမွှားသုတေသန ဌာနစု
- ပေါင်းမြက်သုတေသနဌာနစိတ်
- ဒေသသုတေသနဗဟိုဌာန (အောင်ပန်း)
- ထုံးဖိုစိုက်ပျိုးရေးသုတေသနခြံ
စိုက်ပျိုးစီးပွား၊ စိုက်ပျိုးမွေးမြူရေးစနစ် နှင့် နည်းပညာပြန့်ပွားရေး သုတေသန ဌာနခွဲ
- စိုက်ပျိုးစီးပွားရေး နှင့် စျေးကွက် သုတေသနဌာနစု
- စိုက်ပျိုးမွေးမြူရေးစနစ် သုတေသနဌာနစု
- သီးနှံမျိုးစေ့ သုတေသန နှင့် မျိုးစေ့ပွားများရေး ဌာနစု
- သတင်းအချက်အလက် နည်းပညာ နှင့် သုတေသနနည်းပညာ ပြန့်ပွားရေး ဌာနစု
ရိတ်သိမ်းချိန်လွန် နည်းပညာ နှင့် အစားအစာသိပ္ပံ သုတေသန ဌာနခွဲ
- ရိတ်သိမ်းချိန်လွန် နည်းပညာ သုတေသနဌာန
- စပါးဇီဝဥယျာဉ် သုတေသနဌာနစု
- အစားအစာ နှင့် အာဟာရဆိုင်ရာ သုတေသနဌာနစု
- စားကျက် နှင့် တိရိစ္ဆာန်မွေးမြူရေးအစားအစာဆိုင်ရာ သုတေသနဌာနစု
စီမံခန့်ခွဲရေး၊ ငွေစာရင်း၊ စီမံကိန်း နှင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲရေး ဌာနခွဲ
- စီမံခန့်ခွဲရေးနှင့် ပြင်ဆင်ထိန်းသိမ်းရေး ဌာနစု
- စီမံကိန်း နှင့် စီမံကိန်း သုံးသပ်ရေးဌာနစု
- လူ့စွမ်းအားအရင်းအမြစ်ဌာနစု
- ငွေစာရင်းဌာနစု