Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

မျိုးဆက်သစ် သုတေသန အလုပ်သင်ဝန်ထမ်းများအား ပူးပေါင်းပါဝင်သည့်ကျေးလက်ဒေသအကဲဖြတ်သုံးသပ်ခြင်းနည်းပညာ သင်ကြားပို့ချပေးခြင်း
August, 12 2020
စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ သီးနှံနှင့် နည်းပညာသုတေသနဌာနစုများ၌ သုတေသနလက်ထောက်- ၄ ကျောထောက်နောက်ခံပြု တာဝန်ထမ်းဆောင်နေသော မျိုးဆက်သစ် သုတေသနအလုပ်သင်ဝန်ထမ်းများအား သုတေသနနှင့် နည်းပညာလက်ဆင့်ကမ်းမျှဝေနိုင်ရေးအတွက် စိုက်ပျိုးစီးပွါးသုတေသနဌာနစု တာဝန်ခံ သုတေသနမှူး ဒေါ်ခိုင်ခိုင်ထွေးဦးဆောင်သော စိုက်ပျိုးစီးပွါး သုတေသနပညာရှင်အဖွဲ့သည် "ပူးပေါင်းပါဝင်သည့် ကျေးလက်ဒေသအကဲဖြတ်သုံးသပ်ခြင်းနည်းပညာ" ခေါင်းစဉ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၁၂) ရက်နေ့က စာတွေ့လက်တွေ့ သင်တန်းပို့ချခဲ့ပါသည်။အဆိုပါ သင်တန်းသို့ စ...
***ဆောင်းပါးကဏ္ဍ*** "သီးနှံစိုက်ပျိုးရေးအတွက် သဘာဝမြေသြဇာ၊ သစ်စိမ်းမြေသြဇာနှင့် ဇီဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းများ" [ဒေါက်တာနိုင်ကြည်ဝင်း- စိုက်ပျိုးရေးသုတေသနဦးစီးဌာန]
August, 11 2020
၃.၈.၂၀၂၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ- ၂၅ နှင့် ၂၆ ပါ ဆောင်းပါးရှင် ဒေါက်တာနိုင်ကြည်ဝင်း၏ "သီးနှံစိုက်ပျိုးရေးအတွက် သဘာဝမြေသြဇာ၊ သစ်စိမ်းမြေသြဇာနှင့် ဇီဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းများ" ဆောင်းပါးအား ဖော်ပြခြင်းဖြစ်ပါသည်။
နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြပါရှိသည့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးအတွက် ဆောင်းပါးနှင့် သတင်းမှတ်တမ်းများ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ
August, 11 2020
နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြပါရှိသည့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးအတွက် ဆောင်းပါးနှင့် သတင်းမှတ်တမ်းများ  ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ
ဒေသနှင့်ကိုက်ညီသော အရွက်ရောဂါများဒဏ်ခံနိုင်ရည်ရှိသည့် မြေပဲမျိုးများ အထွက်ယှဉ်ပြိုင်ခြင်း သုတေသန
August, 11 2020
ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ရေ၊ မြေ၊ ဒေသနှင့် ကိုက်ညီသော အထွက်နှုန်းကောင်း၊ ပိုးမွှား၊ ရောဂါဒဏ်ခံနိုင်ရည်ရှိသည့် အရည်အသွေးကောင်း မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ဆူးပန်း အစရှိသော ဆီထွက်သီးနှံ မျိုးကောင်း၊ မျိုးသန့် မျိုးသစ်များနှင့် စိုက်ပျိုးနည်းစနစ်များအား သုတေသနပြုရှာဖွေခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဆီထွက်နှင့် ပဲမျိုးစုံသီးနှံသုတေသနဌာနခွဲ၊ ဆီထွက်သီးနှံသုတေသနဌာနစုရှိ သုတေသနပညာရှင်များက ဆောင်ရွက်လျက်ရှိပါသည်။ဒေသနှင့် ကိုက်ညီသော အရွက်ရောဂါများဒဏ်ခံနိုင်ရည်ရှိသည့် အထွက်...
ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ၁-၂၀၂၀ သင်တန်းတက်ရောက်နေသော တောင်သူများအား ရေကို ချွေတာသုံးစွဲမည့် စိုက်ပျိုးနည်းစနစ်များ သင်ကြားပို့ချပေးခြင်း
August, 11 2020
စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း (AERDTC)၊ ရေဆင်း၊ နေပြည်တော်တွင် (၁၀.၈.၂၀၂၀) မှ (၁၄.၈.၂၀၂၀) ထိ ဖွင့်လှစ်လျက်ရှိသော ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ၁/ ၂၀၂၀ သင်တန်း၌ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မြေဆီလွှာ၊ ရေအသုံးချရေးနှင့် စိုက်ပျိုးရေးအင်ဂျင်နီယာဌာနခွဲ၊ ရေအသုံးချရေးသုတေသနဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်မာဌေးသည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၁) ရက်နေ့က “ရေ ချွေတာသုံးစွဲမည့် စိုက်ပျိုးနည်းစနစ်” ခေါင်းစဉ်ဖြင့် သင်ကြားပို့ချခဲ့ပါသည်။အဆိုပါ သင်တန်းသည် နေ...
စပါးပင်၏ အစိတ်အပိုင်းအားလုံးအား အကျိုးရှိစွာ အသုံးချနိုင်မည့် နည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်း
August, 10 2020
Covid- 19 ကာလအတွင်း စပါးပင်၏ အစိတ်အပိုင်းအားလုံးအား အကျိုးရှိစွာ အသုံးချနိုင်မည့် နည်းပညာပေးသင်တန်း ဖွင့်လှစ်ပို့ချခြင်း အခမ်းအနားကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးဇီဝဥယျာဉ်သုတေသနဌာနစု၊ သင်တန်းခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၁၀) ရက်နေ့၊ နံနက် (၈) နာရီအချိန်က ကျင်းပပြုလုပ်ရာ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊ ဌာနစုတာဝန်ခံများ၊ သုတေသနပညာရှင်များနှင့် မန္တလေးတိုင်းဒေသကြီးမှ တောင်သူ (၁၅) ဦး တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည...
တောင်သူအခြေပြု သုတေသနစခန်းထူထောင်ရေးအတွက် ဟဲဟိုးမြို့၊လေးကျောင်းတိုက်ရွာရှိ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်
August, 9 2020
စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦး၊ ဒေသသုတေသနဌာနစု တာဝန်ခံ ဦးဇော်ဝင်း၊ သုတေသနမှူး ဒေါက်တာမင်းစံသိန်း၊ အောင်ပန်းစိုက်ပျိုးရေးသုတေသနခြံမှ တာဝန်ခံ ဒေါက်တာဝင်းဝင်းနွယ် နှင့် သုတေသနပညာရှင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကလောမြို့နယ်ဦးစီးမှူး ဒေါ်သက်သက်ဦး ပါဝင်၍ တောင်သူအခြေပြု သုတေသနစခန်းထူထောင်ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလော မြို့နယ်၊ ဟဲဟိုးမြို့၊ လေးကျောင်းတိုက်ရွာရှိတောင်သူ ဦးစိုးဝင်း နေအိမ်၌ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၉) ရက်နေ့၊ နံနက်ပိုင်းက ဒေသခံတောင်သူများ...
သုံးခွမြို့နယ်မှ ပဲတီစိမ်းစိုက်ပျိုးတောင်သူများ စီပင်စိုက်ပျိုးရေးသုတေသနခြံသို့ လာရောက်လေ့လာခြင်း
August, 9 2020
ဧရာဝတီတိုင်း၊ သုံးခွမြို့နယ်မှ တောင်သူဦးသိန်းကျော်ဦး ဦးဆောင်သော လေ့လာရေးအဖွဲ့ တောင်သူများသည် ပဲတီစိမ်းသီးနှံအား စီးပွါးဖြစ်စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ၊ အဝါရောင်မိုစေ့ရောဂါဒဏ် ခံနိုင်ရည်ရှိ၍ ဈေးကွက်အလားအလာရှိသော အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်း ပဲတီစိမ်းမျိုးကောင်း မျိုးသန့်များ ရရှိရန်နှင့် စိုက်ပျိုးနည်းပညာများလေ့လာရန်အတွက် စီပင်စိုက်ပျိုးရေးသုတေသနခြံသို့ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ပထမပတ်က လာရောက်ခဲ့ကြပါသည်။သုံးခွမြို့နယ်မှ တောင်သူများအား စီပင်စိုက်ပျိုးရေးသုတေသနခြံ တာဝန်ခံ ဒေါ်ခင်ပပအေးနှင့် သ...
အောင်ပန်းစိုက်ပျိုးရေးသုတေသနခြံ၌ ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း
August, 9 2020
ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦး ဦးဆောင်သော သုတေသနပညာရှင်များအဖွဲ့သည် ပြောင်းနှင့် အခြားနှံစားသီးနှံများ အများဆုံံး စိုက်ပျိုးသည့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ အောင်ပန်းစိုက်ပျိုးရေးသုတေသနခြံတွင် သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၉) ရက်နေ့၊ ညနေပိုင်းက ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။အောင်ပန်းစိုက်ပျိုးရေးသုတေသနခြံ၏ ဝန်ထမ်းရုံးခန်းတွင် သုတေသနပညာရှင်များ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် ရင်းနှီးစွာတွေ့ဆုံပြီး ဒေသခံတောင်သူများ လိုအပ်သည...
ပဲတီစိမ်းကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခြင်း [မကွေး- ဆီထွက်သီးနှံဗဟိုသုတေသနခြံ]
August, 8 2020
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် Syngenta Foundation တို့ ပူးပေါင်းကျင်းပသည့် ပဲတီစိမ်းအထွက်ကောင်းမျိုးများ ကွင်းသရုပ်ပြပွဲအခမ်းအနားကို မကွေး- ဆီထွက်သီးနှံ ဗဟိုသုတေသနခြံ၌ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၈)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားတွင် ပြောင်းလဲလာသော ရာသီဥတုကိုအခြေပြု၍ ရာသီဥတုနှင့် လိုက်လျောညီထွေရှိစေမည့် သီးနှံမျိုးများ၊ သီးနှံစိုက်စနစ်များကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များက ရှာဖွေဖော်ထုတ်လျက်ရှိကြောင်း၊ ဒေသရှိ တောင်သူမျာ...