Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ နည်းပညာများကူညီပံ့ပိုးရန် ICCO အဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးခြင်း
August, 18 2020
စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ICCO- InterChurch Cooperation Organization တို့ ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခြင်းကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ (၁၈) ရက်နေ့က နဝရတ်ခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။အဆိုပါ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းရွှေ၊ သုတေသနအရာရှိများဖြစ်သော ဒေါက်တာပေါင်ရှင့်ကမ်း၊ ဒေါက်တာမာမာဝင်းနှင့် သက်ဆိုင်ရာ သုတေသနပညာရှင်များ၊ IC...
ပဲခူးတိုင်း (အနောက်ခြမ်း)၊ ကြို့ပင်ကောက်မြို့နယ်တွင် စပါးအထွက်ယှဉ်ပြိုင်စမ်းသပ်ကွက်များ ဆောင်ရွက်ထားရှိခြင်း
August, 15 2020
စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပဲခူးတိုင်း‌ဒေသကြီး (အနောက်ခြမ်း)၊ ကြို့ပင်ကောက်မြို့နယ်တွင် ဒေသ၏ ရေ၊ မြေ၊ ရာသီဥတုနှင့် လိုက်လျောညီထွေသည့် စပါးမျိုးများ အထွက်ယှဉ်ပြိုင်စမ်းသပ်ခြင်း အကွက်ကျယ်သုတေသနကို တောင်သူ ဦးမြင့်သိန်း၏ လယ်ကွက်အတွင်း ဆောင်ရွက်ထားခြင်းအား စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ သုတေသနမှူး ဒေါက်တာခင်သိန်းညွန့်နှင့် သုတေသနပညာရှင်များ၊ စိုက်ပျိုးရေးဦးစီးဌာန ကြို့ပင်ကောက်မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဌေးနှင့...
ပဲစင်းငုံသီးနှံနှင့် နှံစားပြောင်းသီးနှံတို့၏ အာဟာရတန်ဖိုးမြှင့်တင်ရေး အထောက်အကူပြု ကွင်းဆက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ
August, 15 2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် Syngenta Foundation တို့ပူးပေါင်း၍ ပဲစင်းငုံသီးနှံနှင့် နှံစားပြောင်းသီးနှံတို့၏ အာဟာရတန်ဖိုးမြှင့်တင်ရေး အထောက်အကူပြု ကွင်းဆက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ (၂၂) ရက်နေ့ နံနက် (၉:၃၀) နာရီတွင် မြင်းခြံစိုက်ပျိုးရေးသုတေသနခြံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦးနှင့် သုတေသနပညာ...
သဲကုန်းစိုက်ပျိုးရေးသုတေသနခြံတွင် ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခြင်
August, 15 2020
သဲကုန်းစိုက်ပျိုးရေးသုတေသနခြံသည် ပဲခူးတိုင်း (အနောက်ခြမ်း) တွင်ရှိသော စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ လက်အောက်ခံ သုတေသနခြံဖြစ်ပြီး၊ ပဲခူးတိုင်းဒေသ၏ ရေ၊ မြေ၊ ရာသီဥတုနှင့်လိုက်လျောညီထွေမှုရှိသည့် သီးနှံများ သုတေသနပြု ရှာဖွေဖော်ထုတ်ခြင်းနှင့် စိုက်ပျိုးနည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းမျာအား သုတေသနပြု ဆောင်ရွက်လျက်ရှိရာ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းသည် သုတေသနမှူး ဒေါက်တာခင်သိန်းညွန့်နှင့် သုတေသနပညာရှင်များလိုက်ပါလျက် စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)၊ ဒုတိယ တိုင်းဦးစီးမှူ...
ဝက်ထီးကန်ရွာရှိ ဆည်ရေသောက်လယ်စပါးမျိုးများ အထွက်ယှဉ်ပြိုင်ကွက်အား ကွင်းဆင်းစစ်ဆေးခြင်း
August, 15 2020
စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် သုတေသနပညာရှင်များသည် ပဲခူးတိုင်း (အနောက်ခြမ်း)၊ ဒုတိယ တိုင်းဦးစီးမှူး ဦးမျိုးဝင်းနှင့် ပြည်မြို့နယ် ဦးစီးမှူး ဦးအောင်ဆန်းဝင်းတို့ လိုက်ပါ၍ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၁၅) ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့နယ်၊ ဝက်ထီးကန်ရွာတွင် သုတေသနပြု ဆောင်ရွက်ထားသော ဆည်ရေသောက် လယ်စပါးမျိုးများ အထွက်ယှဉ်ပြိုင်ခြင်း အကွက်ကျယ် သုတေသနစမ်းသပ်ကွက်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ကွင်းဆင်းစစ်ဆေးစဉ်အတွင်း ညွှန်ကြားရေးမှူးချုပ်က စိုက်ပျိုးရေးသုတေသနဦးစီ...
လက်ပံတန်းစိုက်ပျိုးရေးသုတေသနခြံတွင် ဆောင်ရွက်ထားရှိသော သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ
August, 15 2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းတွင် တည်ရှိသော လက်ပံတန်း စိုက်ပျိုးရေးသုတေသနခြံ၏ တာဝန်ခံ ဒေါ်လေဘာတီတင် ဦးဆောင်သော သုတေသနပညာရှင်များသည် ဒေသနှင့် ကိုက်ညီသော သီးနှံမျိုးများ သုတေသနပြုခြင်း၊ စိုက်ပျိုးနည်းပညာများ ဖော်ထုတ်ခြင်းနှင့် စိုက်ပျိုးသူလက်ဝယ်သို့ မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးနည်းပညာများ ရောက်ရှိရေးအတွက် ပညာပေးသုတေသနများ ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိရာ၊ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၁၅) ရက်နေ့၊ ညနေပိုင်းတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒ...
နတ်တလင်းမြို့နယ်၊ အောင်သာယာအုပ်စုတွင် ဆည်ရေသောက်စပါး အထွက်ယှဉ်ပြိုင်စမ်းသပ်ကွက်များ ဆောင်ရွက်ထားရှိခြင်း
August, 15 2020
နတ်တလင်းမြို့နယ်၊ အောင်သာယာအုပ်စုတွင် ဆည်ရေသောက်စပါးမျိုး (၆) မျိုးကို အသုံးပြု၍ ဒေသနှင့် လိုက်လျောညီထွေမှုရှိသော အထွက်ကောင်းစပါးမျိုးများ ယှဉ်ပြိုင်ခြင်းသုတေသနကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ သုတေသနပြု ဆောင်ရွက်လျက်ရှိရာ၊ အဆိုပါ အကွက်ကျယ်သုတေသနစိုက်ပျိုးထားရှိမှု အခြေအနေများကိုသိရှိရန်အတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် သုတေသနပညာရှင်များသည် နတ်တလင်းမြို့နယ်ဦးစီးမှူးနှင့် စိုက်ပျိုးပညာပေးဝန်ထမ်းများလိုက်ပါလျက် ၂၀၂၀ ပြည်နှစ်၊ သြဂုတ...
ခဝဲဗီဇမျိုးကွဲများအား မျိုးသန့်ပွါးများခြင်း သုတေသန
August, 14 2020
သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် အထွက်ကောင်း မျိုးကောင်း၊ မျိုးသစ်များ ပြောင်းလဲစိုက်ပျိုးလာခြင်း၊ မြို့ပြဧရိယာတိုးချဲ့ခြင်းကြောင့် စိုက်ပျိုးဧရိယာ လျော့နည်းလာခြင်း၊ သဘာဝဘေးအန္တရာယ်များကျရောက်ခြင်း စသည်တို့ကြောင့် ရေ၊ မြေ၊ ဒေသအသီးသီးရှိ သီးနှံမျိုးများနှင့် ယင်းတို့နှင့် ဆက်နွယ်နေသော မျိုးရိုင်းများ၊ ဗီဇမျိုးကွဲများနှင့် ဗီဇလက္ခဏာများမှာ တစ်စတစ်စ ကွယ်ပျောက်ဆုံးရှုံးလျက်ရှိရာ၊ ယင်းဗီဇလက္ခဏာကောင်းများ မပျောက်ပျက်ရေးအတွက် မျိုးစေ့ဘဏ်သုတေသနဌာနစုမှ သုတေသနပညာရှင်များသည် ဟုမ္မလင်း၊ နာဂနှင့် ရှမ်းပြည...
စိုက်ပျိုးရေးသုတေသနဦးစီးဌာနရေဆင်းသို့ လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်းမှ လာရောက်လေ့လာလည်ပတ်ခြင်း
August, 13 2020
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အနာဂတ်တွင် အရည်အသွေးမြင့်မားသော စိုက်ပျိုးရေးပညာရှင်လူငယ်များ တိုးတက်များပြားလာစေရန် ရည်ရွယ်၍ လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း (နေပြည်တော်) ကို ဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းသားများအား သင်ကြားပို့ချပေးမည့် ဒေါက်တာခင်မြတ်စိုး ဦးဆောင်သည့် သင်တန်း ဆရာ၊ ဆရာမ (၆) ဦးတို့သည် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီက စိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရုံးချုပ်) သို့ လေ့လာရေးလာရောက်ခဲ့ပါသည်။ရှေးဦးစွာ လေ့လာရေးအဖွဲ့သည် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ဌာနစု ရှ...
မကွေးတိုင်းဒေသကြီးမှ စပါးစိုက်တောင်သူများအတွက် စပါးပင်၏ အစိတ်အပိုင်းအားလုံးအား အကျိုးရှိစွာ အသုံးချနိုင်မည့် နည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်း
August, 13 2020
မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်တွင်းကြီးမြို့၊ မြို့သစ်မြို့၊ နတ်မောက်မြို့၊ မကွေးမြို့နှင့် မင်းဘူးမြို့တို့မှ စပါးစိုက်တောင်သူများအား အာဟာရပြည့်ဝသော နွားစာတုံးပြုလုပ်ခြင်း၊ ကောက်ရိုးမှိုမွေးမြူခြင်း၊ ကောက်ရိုးမှ စက္ကူပြုလုပ်ခြင်း၊ စပါးခွံဖွဲပြာသုံး စွမ်းအင်မဲ့ အအေးခန်းပြုလုပ်ခြင်း၊ စပါးခွံနှင့် ကောက်ရိုးအသုံးပြု တီကျစ်မြေသြဇာနှင့် ဇီဝမြေသြဇာများ ပြုလုပ်ခြင်း၊ အဇိုလာမွေးမြူခြင်း၊ ပေါင်းဆန်အခြေခံ အာဟာပြည့် မုန့်မျိုးစုံပြုလုပ်ခြင်း၊ တာရှည်ခံဖွဲနုထုတ်လုပ်ခြင်း၊ ဆန်မကြိတ်မီ အရည်အသွေးစစ်ဆေးခြင်း...