Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ခေါ်ယူသည့် တင်ဒါအဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေးခြင်
August, 26 2020
စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ မျိုးစေ့ဘဏ် (Seed Bank) ၏ အပင်ဗီဇ အရင်းအမြစ်များနှင့်ပတ်သက်သော သတင်းအချက်အလက်မှတ်တမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ခေါ်ယူခဲ့ရာ၊ တင်ဒါအဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေးခြင်းကို နဝရတ် အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၆) ရက်၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှ...
အပင်အရင်းအမြစ်များနှင့် ပတ်သက်သော သတင်းအချက်အလက်များ ရှာဖွေကြည့်ရှု့နိုင်သည့်ဝက်ဘ်ဆိုဒ် (www.genesys-pgr.org) မိတ်ဆက်ခြင်းအခမ်းအနား
August, 26 2020
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မျိုးစေ့ဘဏ်သုတေသနဌာနစုရှိ မျိုးစေ့ဘဏ် (Seed Bank) တွင် သိုလှောင်ထိန်းသိမ်းထားသော သီးနှံမျိုးဗီဇကွဲများအား အကျိုးရှိစွာ အသုံးချနိုင်စေရန်ရည်ရွယ်၍ အပင်ဗီဇအရင်းအမြစ်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ရှာဖွေကြည့်ရှု့နိုင်သည့် အပြည်ပြည်ဆိုင်ရာသတင်းအချက်အလက်များကွန်ရက် (www.genesys-pgr.org) မိတ်ဆက်ခြင်း အခမ်းအနားကို နဝရတ်ခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၆) ရက်နေ့၊ နံနက် (၈) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး...
စက်စက်ယိုတောင်သူပညာပေးစခန်းတွင် စိုက်ပျိုးနည်းပညာပေးသင်တန်းဖွင့်လှစ်သင်ကြားခြင်း (နေပြည်တော်)
August, 25 2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနပညာရှင်များနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးပညာရှင်များပူးပေါင်း၍ စိုက်ပျိုးပညာပေးဝန်ထမ်းများနှင့် တောင်သူများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက်ဖွင့်လှစ်ပို့ချသည့် စိုက်ပျိုးနည်းပညာပေးသင်တန်းကို နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်ရှိ စက်စက်ယိုတောင်သူပညာပေးစခန်း၌ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၅) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တ...
ရမည်းသင်း၌ တောင်သူပညာပေး စိုက်ပျိုးရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ဖွင့်လှစ်ခြင်း
August, 25 2020
စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော တောင်သူပညာပေး စိုက်ပျိုးရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကို မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် စိုက်ပျိုးရေးဦးစီးမှူးရုံး၌ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့၊ နံနက် (၉:၀၀) နာရီက ကျင်းပြပြုလုပ်ခဲ့ပါသည်။အဆိုပါ တောင်သူပညာပေး သင်တန်းသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးအဏုဇီဝသုတေသနဌာနစု တာဝန်ခံ သုတေသနမှူး ဒေါက်တာမော်မော်သန်း ဦးဆောင်သော သက်ဆိုင်ရာ သုတေသနပညာရှင်များ၊ စီပင်စိုက်ပျိုးရေးသုတေသနခြံ တာဝန်ခံ...
စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန တို့ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး ၌ ( T O T ) သင်တန်းကျင်းပ
August, 25 2020
စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ပညာရှင်များပေါင်း၍ စွမ်းဆောင်ရည် မြှင့်တင်ရေး( T O T ) သင်တန်းကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၅ ရက်၊ နံနက် (၉: ၃၀)နာရီ အချိန်က ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးနိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဆီထွက်နှင့် ပဲမျိုးစုံသီးနှံသုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းရွှေ က သင်တန်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။အဆိုပါ...
စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ထုတ်ဝေသည့် စပါးမျိုးသစ်များ အကွက်ကျယ် သရုပ်ပြစမ်းသပ်ကွက်အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
August, 23 2020
စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုစီမံကိန်း (ADSP) အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြောက်ယမား ဆည်ရေသောက်ဧရိယာဖြစ်သော ယင်းမာပင်မြို့နယ်၊ ငါးမောင်းကျေးရွာ တောင်သူဦးရွှေဝင်း၏ စိုက်ကွက်တွင် ထုတ်ဝေပြီး စပါးမျိုးသစ်များ အကွက်ကျယ် သရုပ်ပြစမ်းသပ်ကွက်များ စိုက်ပျိုးထားရှိမှုအား စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းသည် ဇလုပ်နှင့် ပန်းကုံး စိုက်ပျိုးရေးသုတေသနခြံမှ တာဝန်ခံများ၊...
Greater Mekong Subregion Agriculture and Education Development Center (GMSAEDC) အဖွဲ့မှ လာရောက်လေ့လာခြင်း
August, 23 2020
Greater Mekong Subregion Agriculture and Education Development Center (GMSAEDC) သည် ကရင်ပြည်နယ်အတွင်း ‌ဒေသဖွံ့ဖြိုးရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် နေရပ်ပြန် တိုင်းရင်းသားများပြန်လည်ထူထောင်ရေးဒေသ (KNU) ဖြစ်သော လေးကေ့ကော်မြို့သစ်တည်ထောင်ခြင်းနှင့် ဘက်စုံဖွံ့ဖြိုးရေးစံပြခြံတွင် ပံ့ပိုးပေးခြင်းအပါအဝင် အခြားသောစိုက်ပျိုးမွေးမြူရေးသင်တန်းများ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ၊ ကွန်ပျူတာသင်တန်းနှင့် စိုက်ပျိုးထုတ်ကုန် စျေးကွက်များရှာဖွေဖော်ထုတ်ခြင်းစသည့် လုပ်ငန်းများကို လုပ်ဆောင်နေသည့်...
ရှေ့ပြေး‌ဆောင်ရွက်နေသော တောင်သူအခြေပြု သုတေသနစခန်း (Farmer Based Research Station) နှင့် ဒေသသုတေသနဗဟိုဌာန (RRC) အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် စိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးခြင်း
August, 22 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာရှိ တောင်သူအခြေပြု သုတေသနစခန်းအဖြစ် သတ်မှတ်ထားသော တောင်သူ ဦးတင်အုန်း၏ နေအိမ်သို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် သုတေသနပညာရှင်များသည် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၂) ရက်က သွားရောက်ခဲ့ပြီး၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။အဆိုပါ ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက စိုက်ပျိုးသူ တောင်သူများ၏ လူမှုစီးပွါးဘဝ တိုးတက်ရေးအတွက် စိုက်ပျိုးရေး...
ဇလုပ်စိုက်ပျိုးရေး သုတေသနခြံအား ဒေသသုတေသန ဗဟိုဌာနအဖြစ် အဆင့်မြှင့်တင်နေမှုများနှင့် ထပ်မံဆောင်ရွက်ရန်များအတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် သုတေသနပြု ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်း
August, 22 2020
၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၂) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဇလုပ်စိုက်ပျိုးရေးသုတေသနခြံအား အဆင့်မြှင့်တင်မှုများ ဆောင်ရွက်နေသော သုတေသနဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ရာ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက သုတေသနခြံအနေဖြင့် ဒေသနှင့် တိုင်းဒေသကြီးကို ကိုယ်စားပြုသည့် သုတေသန လုပ်ငန်းများကို ဦးတည်ဆောင်ရွက်ရာတွင် မိရိုးဖလာနည်းလမ်းများကို လျော့ချကာ အဆင့်မြှင့်တင်၍ သိပ္ပံနည်းကျ သုတေသနလုပ်ငန်းများ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထိုသို့အဆင့်မြှင်တင် ဆောင်ရွက်နိုင်ရေးအတွက် ဌာနစွမ်းဆောင်ရ...
နှင်းဆီပန်းမျိုးများစုဆောင်း၍ ဒေသဖြစ်ထွန်းမှုကိုလေ့လာသည့် သုတေသနဆောင်ရွက်ခြင်း
August, 19 2020
နှင်းဆီပန်းသည် အရောင်အဆင်းနှင် ပုံသဏ္ဍာန်လှပခြင်း၊ သင်းပျံ့သောရနံ့ရှိခြင်းတို့ကြောင့် လူကြိုက်များသည့် ပန်းတစ်မျိုးအဖြစ် ရေပန်းစား၍ ကမ္ဘာ့နေရာအနှံ့အပြားတွင် စိုက်ပျိုးလျက်ရှိသော်လည်း၊ ရေ၊ မြေ၊ ရာသီဉတုအပေါ်မူတည်၍ အပင်ဖြစ်ထွန်းမှုနှင့် ပန်းပွင့်အရွယ်အစား၊ အရောင်အသွေး ကွဲပြားခြားနားလေ့ရှိပါသည်။ယခုအခါ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက ပန်းမန်သုတေသနလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန် ဟင်းသီးဟင်းရွက် သစ်သီးဝလံနှင့် ပန်းမန်သုတေသနဌာနစု၌ သုတေသနပြုဆောင်ရွက်လျက်ရှိ...