Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

ကောက်ရိုးတွင် ပါဝင်သော လစ်ဂနင်ဓာတ်ကို ဖယ်ရှားခြင်းနှင့် အာဟာရဖြည့် နွားစားတုံးပြုလုပ်ခြင်း
September, 17 2020
နိဒါန်းမြန်မာနိုင်ငံတွင် ကောက်ရိုး (၃၃) မက်ထရစ်တန် ရရှိနိုင်သော်လည်း အချို့သော နေရာဒေသများတွင် လယ်ကွင်းများအတွင်း မီးရှို့ပစ်ခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့်အပြင်၊ နွားစာရှားပါးသော ဒေသများသို့ ကောက်ရိုး မျှဝေပေးနိုင်မှု အခြေအနေမှာလည်း အကန့်အသတ်များ ရှိပါသည်။ ထို့အပြင် နွားစာအနေဖြင့် ကောက်ရိုးကို စဉ်း၍သာ ကျွေးလျှက်ရှိရာ၊ ကောက်ရိုးတွင် ပါဝင်သော အာဟာရဓာတ်များမှာ ပြည့်ဝမှုမရှိပေ။ သို့ဖြစ်ပါ၍ ကောက်ရိုးတွင် ပါဝင်သော အာဟာရဓာတ်များ ပိုမိုပြည့်ဝစွာ ရရှိနိုင်စေရန် စပါးဇီဝဥယျာဉ်ဌာနစုသည် အ...
အလားအလာကောင်းသော ကြံမျိုးများ၏ ရိတ်သိမ်းချိန်အလိုက် အရည်အသွေးနှင့် အထွက်နှုန်းအား လေ့လာခြင်းသုတေသန
September, 16 2020
စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၏ လမ်းညွှန်မှုဖြင့် စက်မှုသီးနှံသုတေသနဌာနစု တာဝန်ခံ သုတေသနမှူး ဒေါ်သီသီမြင့်နှင့် သုတေသနပညာရှင်များသည် အရည်အသွေးကောင်း၊ အထွက်ကောင်း စက်မှုသီးနှံမျိုးသစ်များ သုတေသနပြု ရှာဖွေဖော်ထုတ်ရန်၊ အထွက်နှုန်းတိုးစေမည့် စိုက်ပျိုးနည်းစနစ်များ စမ်းသပ်ရှာဖွေရန်နှင့် ရရှိလာသော စက်မှုသီးနှံ မျိုးသစ်များနှင့် စိုက်ပျိုးနည်းစနစ်များအား တောင်သူများထံ ဖြန့်ဝေပေးရန်ဟူသော ရည်ရွယ်ချက်များဖြင့် သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြိုးစာ...
***ဆောင်းပါးကဏ္ဍ*** မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်ဒေသ စိုက်ပျိုးရေးအတွက် ရေစုဆောင်းနည်းနှင့် ရေချွေတာသုံးစွဲနည်းလမ်းများဝင်းစိုး(စိုက်ပျိုးရေးသုတေသနဦးစီးဌာန)
September, 15 2020
မြန်မာနိုင်ငံအလယ်ပိုင်းရှိ အပူပိုင်းဒေသဖြစ်သော မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့သည် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံအဓိက စိုက်ပျိုးထုတ်လုပ်သော ဒေသများဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၅၄၃၉၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်း၍ မြန်မာနိုင်ငံ စုစုပေါင်းဧရိယာ၏ ၁၀ ရာခိုင်နှုန်းခန့်ရှိသည်။ တစ်နှစ်ပတ်လုံး ပျမ်းမျှမိုးရေချိန် ၇၀၀- ၁၀၀၀ မီလီမီတာခန့်သာ ရရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဓိက အဟန့်အတား ဖြစ်နေသည်။ ဇွန်လနှင့် ဇူလိုင်လတို့တွင် မိုးရွာသွန်းမှုနည်းခြင်း၊ အပူချိန် မြင့်မားခြင်းနှင့် လေ...
နည်းစနစ်ကျသော လယ်ယာလုပ်ငန်းခွင်သုံး ခေတ်မီနည်းပညာ (Smart Farm Technology) ဖြစ်သည့် Low-Tech, Medium-Tech & Hi-Tech များ အသုံးပြု၍ စိုက်ပျိုးရေးသုတေသနများ ဆောင်ရွက်လျက်ရှိခြင်း
September, 7 2020
စိုက်ပျိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာ၌ မတူကွဲပြားသော ရေ၊ မြေ၊ ရာသီဥတု အခြေအနေအသီးသီးတွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြသည့် တောင်သူလယ်သမားများနှင့် စိုက်ပျိုးထုတ်လုပ်သူများ၏ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများကို လိုက်ပါဆောင်ရွက်မှုသည် အရေးကြီးသည်ဖြစ်ရာ၊ စိုက်ပျိုးရေးသုတေသနပညာရှင်များအနေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ခေတ်မီစိုက်ပျိုးနည်းပညာများကို တောင်သူများ လက်ခံကျင့်သုံးနိုင်ရေးအတွက် ရှေ့ပြေးသုတေသနများ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ခေတ်မီ နည်းပညာ...
ဂလိုင်ရီစီးဒီးယား (Gliricidia) အား သစ်စိမ်းမြေသြဇာအဖြစ် သုံးစွဲနည်း
September, 3 2020
စပါးစိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် ဓာတ်မြေသြဇာများကို စနစ် တကျသုံးစွဲရမည့် နှုန်းထားနှင့် နည်းများသာမက သဘာဝ မြေသြဇာအဖြစ် သတ်မှတ်နိုင်သော သစ်စိမ်းမြေသြဇာတစ်မျိုးဖြစ်သည့် ဂလိုင်ရီစီးဒီးယား (Gliricidia) ကို စပါးစိုက်ပျိုးသော လယ်မြေများတွင် သုံးစွဲနိုင်ပါသည်။ဂလိုင်ရီစီးဒီးယား (Gliricidia) သည် ပဲမျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပြီး မခုတ်ဖြတ်ဘဲထားပါက (၃၀) ပေ မှ (၃၆) ပေ အထိ မြင့်တက်နိုင်ပါသည်။မြေအမျိုးအစားများစွာ၌ အလွယ်တကူ စိုက်ပျိုးနိုင်ခြင်းကြောင့် လယ်မြေတွင်သာမက ယာမြေ များ၊ ခြောက...
ပဲပုပ်မျိုးများကွင်းသရုပ်ပြပွဲနှင့် ပဲပုပ်စိုက်နည်းစနစ်ဆွေးနွေးပွဲကျင်းပ
September, 1 2020
စိုက်ပျိုးရေသုတေသနဦးစီးဌာန၊ အောင်ပန်းစိုက်ပျိုးရေးသုတေသနခြံ၏ ရှမ်းပြည်နယ်ဒေသကိုယ်စားပြု သုတေသနဗဟိုဌာန (RRC) အဖြစ် အဆင့်မြှင့်တင်ရေး အစီအစဉ်အရ တောင်သူအခြေပြု သုတေသနများ တိုးမြှင့်လုပ်ဆောင်လျက်ရှိရာ အလားအလာကောင်း ပဲပုပ်မျိုးများကွင်းသရုပ်ပြပွဲနှင့် စိုက်နည်းစနစ်ဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ (၁) ရက်နေ့၊ နံနက် (၈) နာရီက ကလောမြို့နယ်၊ နန်းတိုင်းကျေးရွာအုပ်စု၊ ရွာတော်ရွာရှိ တောင်သူ ဦးထွန်းရီ၏ စိုက်ခင်းတွင် ပြုလုပ်ခဲ့ပါသည်။အခမ်းအနားသို့ ကလောမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယ မြို့နယ်ဦးစ...
သဘာဝ ဝတ်မှုံကူး (OP) ခရမ်းချဉ်မျိုးများ၏ အရည်အချင်းနှင့် အရည်အသွေး လက္ခဏာများ နှိုင်းယှဉ်လေ့လာသည့် သုတေသနဆောင်ရွက်ခြင်း
September, 1 2020
စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၏ လမ်းညွှန်မှုဖြင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်သုတေသနဌာနစု တာဝန်ခံ ဒေါ်လုဘူ၊ သုတေသနပညာရှင် ဒေါ် သိင်္ဂီမြင့်နှင့် အဖွဲ့သည် ကမ္ဘာ့ဟင်းသီးဟင်းရွက်ဗဟိုဌာန (World Vegetable Center) မှ သဘာဝ ဝတ်မှုံကူး (OP) ခရမ်းချဉ်မျိုးများနှင့် မြန်မာနိုင်ငံ ဒေသအသီးသီးမှ စုဆောင်းရရှိထားသော ဒေသမျိုး (OP) ခရမ်းချဉ်မျိုးများ၏ အရည်အချင်းနှင့် အရည်အသွေး လက္ခဏာများ နှိုင်းယှဉ်လေ့လာသည့် သုတေသနအား ဆောင်ရွက်လျက်ရှိပါသည်။အဆိုပါသုတေသနကို ခရမ်း...
ASEAN RiceNet ဆိုင်ရာ မြန်မာနိုင်ငံ၏ အမျိုးသားစီမံကိန်း ဆောင်ရွက်ရန် အကြိုညှိနှိုင်းဆွေးနွေးခြင်း
August, 27 2020
စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) နှင့် အပြည်ပြည်ဆိုင်ရာဆန်စပါး သုတေသနဌာန (IRRI) တို့ ပူးပေါင်း၍ ASEAN RiceNet ဆိုင်ရာ မြန်မာနိုင်ငံ၏ အမျိုးသားစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် သက်ဆိုင်သော သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆွေးနွေးခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၇) နေ့ နေ့လည်ပိုင်းက ရေဆင်း၊ နေပြည်တော်ရှိ နဝရတ်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။အဆိုပါဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် သက်ဆို...