Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

ကောက်ရိုးမှို စိုက်ပျိုးနည်း
September, 29 2020
စပါးဇီဝဥယျာဉ်ဌာနစု သုတေသနပညာရှင်များ သုတေသနပြု ဆောင်ရွက်ထားသည့် ကောက်ရိုးအသုံးပြု၍ မှိုစိုက်ပျိုးခြင်း/ ကောက်ရိုးမှို စိုက်ပျိုးနည်းကို ဖြန့်ဝေသွားမည်ဖြစ်ပါသည်။စပါးဇီဝဥယျာဉ်ဌာနစုသည် စပါးတစ်ပင်လုံးကို အကျိုးရှိစွာ အသုံးချလျက်ရှိရာ၊ ကောက်ရိုးကို အသုံးပြု၍ ကောက်ရိုးမှိုစိုက်ပျိုးခြင်းသည် ကောက်ရိုးများ လေလွင့်ဆုံးရှုံးမှု မရှိစေသည့်အပြင် ကောက်ရိုးများကို မီးရှို့ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုဖြစ်စေခြင်းကို လျှော့ချပေးနိုင်သည်။ ထို့အပြင် ကျေးရွာများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်အခွ...
ကုလားပဲသီးနှံ စိုက်ပျိုးနည်းစနစ်ကောင်းများနှင့် ရေဆင်းကုလားပဲမျိုးများ၏ အရည်အသွေးလက္ခဏာများ
September, 28 2020
စိုက်ချိန်- ကုလားပဲသီးနှံကို မိုးနှောင်းရာသီ/ ဆောင်းရာသီ (အောက်တိုဘာလ- နိုဝင်ဘာလ) တွင် စိုက်ပျိုးနိုင်ပါသည်။- စိုက်ချိန်နောက်ကျပါက (ဒီဇင်္ဘာလ - ဇန်နဝါရီလ) သီးတောင့်ရင့်မှည့်ချိန်၌ အပူချိန်မြင့်မားမှုဒဏ် ခံရခြင်း၊ အစိုဓာတ်မလုံလောက်ခြင်းတို့ကြောင့် အထွက်နှုန်းနှင့် မျိုးစေ့အရည်အသွေး သိသိသာသာ လျော့ကျနိုင်ပါသည်။ မြေအမျိုးအစား- နုံးမြေ၊ စနယ်မြေစေးတို့တွင် အကောင်းဆုံးဖြစ်ထွန်းသည်။- လက်ကျန် အစိုဓာတ်ကို အားပြုစိုက်ပျိုးရခြင်းကြောင့် အစိုဓာတ်ကို ထိန်းထားနိုင်ပြီး၊ ရေမ, ဝပ်သော မြေမျိုးတွင...
အပင်စိပ်စိပ်စိုက်ပျိုးနည်းစနစ်နှင့် ကြားခံကိုင်းကူးပင် အမျိုးမျိုးပေါ်တွင် စိန်တစ်လုံးသရက်၏ အထွက်နှုန်းနှင့် အရည်အသွေးစမ်းသပ်ခြင်းသုတေသန
September, 24 2020
စိန်တစ်လုံးသရက်သည် အရည်အသွေးနှင့် အရသာကောင်းခြင်းတို့ကြောင့် စားသုံးသူကြိုက်နှစ်သက်မှု အများဆုံးဖြစ်သည့် သရက်သီးမျိုးဖြစ်သည့်အပြင်၊ ဈေးကွက်ဝင် ပဒေသာပင်ဖြစ်ပါသည်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၏ လမ်းညွှန်မှုဖြင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်သုတေသနဌာနစု တာဝန်ခံ ဒေါ်လုဘူနှင့် သုတေသနပညာရှင်များသည် အပင်စိပ်စိပ်စိုက်ပျိုးနည်းစနစ်နှင့် ကြားခံကိုင်းကူးပင် အမျိုးမျိုးအပေါ်တွင် စိန်တစ်လုံး၏ အထွက်နှင့် အရည်အသွေးအားလေ့လာခြင်း သုတေသနကို ဆောင်ရွက်လျက်ရှိပါသ...
ဂျုံနှင့် ကုလားပဲသီးနှံ သုတေသနလုပ်ငန်း နှစ်ပတ်လည် ညှိနှိုင်းအစည်းအဝေးကျင်းပ
September, 23 2020
ဂျုံနှင့် ကုလားပဲသီးနှံ သုတေသနလုပ်ငန်း နှစ်ပတ်လည် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့ နံနက်ပိုင်းက Virtual meeting စနစ်ဖြင့် ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦး၊ ဌာနခွဲ ညွှန်ကြားရေးမှူးများဖြစ်သော ဒေါက်တာထွန်းရွှေ၊ ဒေါ်မွှေးမွှေးနှင့် သုတေသနပညာရှင်များ၊ မကွေး၊ စစ်ကိုင်း ၊ မန္တလေး တိုင်းဒေသကြီးများနှင့် ရှမ်းပြည်...
ကြံသီးနှံ အထွက်ကောင်းစေရန် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ
September, 22 2020
မြေပြင်ခြင်း- မြေပြုပြင်ရာတွင် ထယ်ရေးညက်ညက်နှင့် နက်နက်ရအောင် ကြိုတင်ပြုလုပ်ပါ။- အစိုဓာတ်လုံလောက်စေရန် စိုက်ပျိုးချိန်အမှီ စိုက်ပျိုးပါ။- အစိုဓာတ် မလုံလောက်ပါက ရေခံ၍ စိုက်ပျိုးပါ။- ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများကို အောက်ပါနှုန်းထားများအတိုင်း အသုံးပြုပါ။နွားချေး (သဘာဝမြေသြဇာ) - လှည်း (၅) စီး မှ (၁၀) စီး/ဧကမြေပြင်ချိန်တွင် နွားချေးအား တစ်ဧကလျှင် လှည်း (၅) စီးမှ (၁၀) စီးကို အကွက်အတွင်း သမအောင်ထည့်ပါ။ယူရီးယား (ပုလဲ) ဓာတ်မြေသြဇာ - (၃) အိတ်/ဧကတစ်ဧကလျှင် ယူရီးယား (ပုလဲ) ဓာတ်မြေ...
***ဆောင်းပါးကဏ္ဍ*** စပါးစိုက်ပျိုးစီမံခန့်ခွဲရေးနှင့် ကမ္ဘာကြီး ပူနွေးမှု-ဒေါက်တာခင်မာဌေး (စိုက်ပျိုးရေးသုတေသနဦးစီးဌာန)
September, 22 2020
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍကို အခြေခံသည့်နိုင်ငံ ဖြစ်သည့်အားလျော်စွာ တိုးပွားလာသော လူဦးရေနှင့်အညီ စားနပ်ရိက္ခာဖူလုံရေးသည် အဓိကသော့ချက် ဖြစ်ပါ သည်။ ဆန်စပါးသီးနှံသည် မြန်မာလူမျိုးတို့၏ အဓိကထား စားသုံးသည့် သီးနှံဖြစ်သည့် အားလျော်စွာ ပြောင်းလဲလာသော ရာသီဉတု အခြေအနေကြောင့် သီးနှံအထွက်နှုန်းများ ကျဆင်းလျက်ရှိပါသည်။ တဖက်မှလည်း စပါးခင်းမှထွက်ရှိသော ဖန်လုံအိမ်ဓာတ်ငွေ့များ ကြောင့် စပါးသီးနှံ၏ အထွက်ကိုလည်း ထိခိုက်နိုင်ပါကြောင်း သုတေသနတချို့က တင်ပြ ထားပါသည်။ ၎င်းအပြင် စပါးခင်းမှ ထွက်သော ဖန...
နှံစားသီးနှံ ဗီဇမျိုးကွဲများအား သွေးသစ်လောင်းခြင်းနှင့် မျိုးသန့်ပွါးများစိုက်ပျိုးခြင်း သုတေသန
September, 21 2020
သီးနှံ ဗီဇကွဲမျိုးများ မ, ပျက်စီး၊ မ, ပပျောက်စေရေးအတွက်နှင့် အနာဂတ်တွင် မျိုးစပ်မွေးမြူရေးပညာရှင် (Palnt Breeders) များအနေဖြင့် အရည်အသွေးနှင့် အထွက်ကောင်း သီးနှံမျိုးသစ်များ မွေးမြူထုတ်လုပ်ရာတွင် အသုံးပြုနိုင်ရေးအတွက် သီးနှံဗီဇကွဲမျိုးများ၊ မျိုးရိုင်းများကို မပျောက်ဆုံးခင် အချိန်မီ ရှာဖွေစုဆောင်း၍ မျိုးစေ့ဘဏ်၏ နှစ်တို၊ နှစ်လတ် အအေးခန်းအတွင်း သိုလှောင်ထိန်းသိမ်းထားရာ၊ ယခု ၂၀၂၀ ပြည့်နှစ်အထိ နှစ်လတ်အအေးခန်းတွင် သီးနှံဗီဇကွဲမျိုး စုစုပေါင်း (၁၃၂၈၆) သိုလှောင်ထိန်းသိမ်းထားရှိပြီးဖြစ်ပါသည်။ယင်...
သဘာဝမြေသြဇာ အမျိုးမျိုးသုံးစွဲနည်း
September, 19 2020
စိုက်ပျိုးမြေများတွင် ပိုက်ဆံလျှော်၊ ပဲလွမ်း၊ မတ်ပဲ (ပဲမျိုးရင်းဝင်အပင်များ) တို့ကို သစ်စိမ်းအဖြစ် အများဆုံး စိုက်ပျိုးကြပါသည်။ သစ်စိမ်းပင်အား စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးမြေသည် နိုက်ထရိုဂျင်ဓာတ်၊ ဖော့စဖရပ်စ်ဓာတ်၊ ပိုတက်ရှ်ဓာတ်နှင့် သစ်ဆွေးဓာတ်များ ရရှိမည်ဖြစ်သော်လည်း၊ အဓိကအနေဖြင့် နိုက်ထရိုဂျင်ဓာတ် အများဆုံး ဖြည့်ပေးရန်အတွက် စိုက်ပျိုးကြခြင်းဖြစ်ပါသည်။သစ်စိမ်းမြေသြဇာ အပင် အမျိုးမျိုးအလိုက် ပါဝင်သော အာဟာရဓာတ် ရာခိုင်နှုန်းများကို ပုံ (၁) ရှိ ဇယားတွင် ဖော်ပြထားပါသည်။ ထယ်ထိုးနစ်မြ...