Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

နှံစားပြောင်းနှင့် ဆတ်သီးနှံ စိုက်ပျိုးနည်းစနစ်ကောင်းများ
October, 19 2020
- မြေပြင်ရာတွင် ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက်ရရှိအောင် ဆောင်ရွက်ပါ။- တစ်ဧက အပင်ဦးရေ (၆၅၀၀၀) ပင် ရရှိအောင် ပင်ကြား (၄) လက်မ၊ တန်းကြား (၂) ပေဖြင့် စိုက်ပါ။- သဘာဝ မြေသြဇသြဇာကို တက်နိုင်သမျှ ထည့်သွင်းပါ။မြေသြဇာနှုန်းထားယူရီးယား (ပုလဲ) ဓာတ်မြေသြဇာ - ၂၈ ပေါင်/ဧက၊တီစူပါ (ကြွက်ချေး) ဓာတ်မြေသြဇာ - ၅၆ ပေါင်/ဧက နှင့်ပိုတက်ရှ် (ဓာတ်ဆား) ဓာတ်မြေသြဇာ - ၂၈ ပေါင်/ဧက နှုန်း မြေပြင်ချိန်တွင် ထည့်ပါ။အပင်သက်တမ်း (၂၀) ရက်သားအား ယူရီးယား (ပုလဲ) ဓာတ်မြေသြဇာ ၂၈ ပေါင်/ဧက နှုန်း၊ အပင်သက်တမ်း (၃၅...
စပ်မျိုးနေကြာ အကြောင်းသိကောင်းစရာ (Talk Show) [စီပင်စိုက်ပျိုးရေးသုတေသနခြံ] - Video
October, 17 2020
  တွေ့ဆုံမေးမြန်းသူ - ဒေါ်ခိုင်ဇံ၊ ဒုဦးစီးမှူး၊ ခရိုင် ပြန်/ဆက် ရမည်းသင်းဖြေကြားသည့်ပညာရှင် - စီပင်စိုက်ပျိုးရေးသုတေသနခြံ တာဝန်ခံ ဒေါ်ခင်ပပအေးစီပင် စိုက်ပျိုးရေးသုတေသနခြံ နှင့် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်တင်ဆက်သည်။   
ပဲတီစိမ်းစိုက်ပျိုးနည်းစနစ်
October, 16 2020
- မြေ၏ ချဉ်/ ငန်ဓာတ် (၆.၅ မှ ၇) အတွင်းရှိ နုန်းမြေနှင့် သဲနုန်းမြေများတွင် စိုက်ပျိုးပါ။- စိုက်ချိန်မှန် စိုက်ပျိုးပါ။မိုးကြိုရာသီ - ဖေဖော်ဝါရီလလယ် မှ မတ်လထိမိုးရာသီ - မေလ မှ ဇွန်လလယ်ထိမိုးနှောင်းရာသီ- အောက်တိုဘာလလယ်မှ နိုဝင်ဘာလလယ်ထိ- အပင်ပေါက်ရာခိုင်နှုန်း ကောင်းသောမျိုး (၈၅- ၉၀) ရာခိုင်နှုန်းအထက်၊ အဝါရောင်မိုစေ့ ရောဂါဒဏ်ခံနိုင်ရည်ရှိသော ပဲတီစိမ်းမျိုးများကို အသုံးပြုပါ။- စိုက်ပျိုးချိန်တွင် တစ်ဧကလျှင် ပဲမြစ်ဖုဇီဝမြေသြဇာ တစ်ထုတ်နှုန်း မျိုးစေ့နှင့် လူးနယ်စိုက်ပျိုးပါ။...
၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း
October, 16 2020
၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ ၁၆ ရက်နေ့ ၊ နံနက်(၉)နာရီ အချိန်က Web Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီးမ...
မတ်ပဲစိုက်ပျိုးနည်းစနစ်
October, 15 2020
- မြေ ချဉ်/ ငန်ဓာတ် (၆.၅ မှ ၇) အတွင်းရှိသော မြေများတွင် စိုက်ပျိုးနိုင်သည်။- ရေထုတ်ရန်လွယ်ကူပြီး၊ အနည်းငယ်စေးသော မြေသားအနက်ရောင်ရှိသည့် မြေများတွင် ဖြစ်ထွန်းမှု အကောင်းဆုံးဖြစ်ပါသည်။- အပင်ပေါက်ရာခိုင်နှုန်း (၈၅ မှ ၉၀) နှင့် အထက်ရှိသော မတ်ပဲမျိုးများကို အသုံးပြုစိုက်ပျိုးပါ။- အပင်ငယ်စဉ် မှိုရောဂါရောက်ဖျက်ဆီးလေ့ရှိသဖြင့် မစိုက်မီ မျိုးစေ့တစ်ဧကစာ (၈) ပြည် မှ (၁၀) ပြည် ကို မှိုသတ်ဆေးတစ်မျိုးမျိုး (၁၀) ဂရမ်ဖြင့် လူးနယ်၍ စိုက်ပျိုးပါ။- စိုက်ပျိုးချိန်တွင် တစ်ဧကလျှင် ပဲမြစ်ဖုမ...
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ B.Agr.Sc. ဘွဲ့ရ စိုက်ပျိုးရေးသုတေသန အလုပ်သင်ဝန်ထမ်းများ ဆောင်ရွက်လျက်ရှိသော သုတေသနများအား ကြည့်ရှု့အားပေးမှုဆောင်ရွက်ခြင်း
October, 14 2020
စိုက်ပျိုးရေးသုတေသနဦးစီးဌာနသည် တောင်သူလယ်သမားများ၏ လူမှုစီးပွါးဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ၊ လူငယ်မျိုးဆက်သစ် စိုက်ပျိုးရေးပညာရှင်များ၏ သုတေသန စွမ်းဆောင်ရည်မြှင့်တင်ရေးသည်လည်း အရေးပါသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် သုတေသနလက်ထောက်- ၄ ကျောထောက်နောက်ခံပြု အလုပ်သင်တာဝန် ထမ်းဆောင်လျက်ရှိသည့် သုတေသနဝန်ထမ်းများအတွက် "ဘွဲ့ရများ COVID- 19 ကာလအ...
မျိုးထွန်းနည်းပညာနှင့် အပင်တစ်သျူးနည်းပညာတို့အသုံးပြု၍ အရည်အသွေးကောင်းဈေးကွက်ဝင် မြန်မာငှက်ပျောမျိုးများရရှိရန် ဆောင်ရွက်ခြင်းသုတေသန
October, 13 2020
မျိုးထွန်းနည်းပညာနှင့် အပင်တစ်သျှူးမွေးမြူရေးတို့ ပူးတွဲအသုံးပြု၍ သီးနှံမျိုးသစ်များ သုတေသနပြု ရှာဖွေဖော်ထုတ်ရေးတာဝန်သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ အပင်ဇီဝနည်းပညာသုတေသနဌာနစုရှိ သုတေသနပညာရှင်များ၏ ရည်မှန်းချက်တာဝန်များထဲမှ တစ်ခုအပါအဝင်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဈေးကွက်ဝင် အရည်အသွေးကောင်း မြန်မာငှက်ပျောမျိုးဖြစ်သည့် ခွံဝါငှက်ပျော မျိုးထွန်းလိုင်းသုတေသနကို ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် ဇီဝနည်းပညာသုတေသနဌာနစု၊ သုတေသနကွင်း၌ ဆောင်ရွက်လျက်ရှိရာ၊ အဆိုပါသုတေသနကို ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက...
နှံစားပြောင်းသီးနှံသုတေသနလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခြင်း
October, 12 2020
စိုက်ပျိုးရေးသုတေသနဉီးစီးဌာန (ရေဆင်း) ရှိ ပြောင်းနှင့်အခြားနှံစားသီးနှံသုတေသနဌာနစုတွင် နှံစားပြောင်း နှင့် ဆတ်သီးနှံတို့၏ သုတေသနလုပ်ငန်းများကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦးက ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ဒေသအတွင်း စိုက်ပျိုးမှုအားနည်းနေသည့် နှံစားပြောင်းသီးနှံကို ဈေးကွက်ဝင်သီးနှံမျိုးဖြစ်လာနိုင်စေရေး၊ တောင်သူများအနေဖြင့်လည်း အာဟာရတန်ဖိုးများစွာပါဝင်သည့် နှံစားပြောင်း၊ ဆတ် သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်စေရန်နှင့် တိရိစ္ဆာန်စာ အခက...
COVID- 19 ကာလ လုပ်သားရှားပါးမှုကို ကျော်လွှားနိုင်ရန် ပဲတီစိမ်းနှင့် ပဲပုပ်သီးနှံများအား စက်ဖြင့်စိုက်ပျိုးခြင်းသုတေသန
October, 9 2020
နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်တွင်းအသားတင်ကုန်ထုတ်စွမ်းအား မြင့်မားရေးကဏ္ဍတွင် အဓိကသော့ချက်ဖြစ်သော စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများနှင့် အသေးစားနှင့် အလတ်စား ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် ယခုကဲ့သို့ COVID- 19 ကာလအတွင်း လုပ်သားရှားပါးမှု အခက်အခဲပြဿနာများ ကျော်လွှားနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဆီထွက်နှင့် ပဲမျိုးစုံသီးနှံသုတေသနဌာနခွဲ၊ ပဲမျိုးစုံသီးနှံသုတေသနဌာနစု၌ ပဲတီစိမ်းနှင့် ပဲပုပ်သီးနှံများအား စက်ဖြင့်စိုက်ပျိုးခြင်းကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၉) ရက...