Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

ကြက်ဟင်းခါး Bitter Gourd Momordica charantia စိုက်ပျိုးထုတ်လုပ်နည်း
April, 22 2020
ကြက်ဟင်းခါးသည် အခါး အရသာရှိခြင်း၊ ဗီတာမင်မျိုးစုံ ပါဝင်ခြင်း၊ အထူးသဖြင့် ဗီတာမင်- စီ (၅၅ %) ပါဝင်ခြင်း၊ သတ္တုဓာတ်များ (ဇင့်၊ ပိုတက်စီယမ်၊ မက်ဂနီစီယမ်)၊ အမျှင်ဓာတ်နှင့် ရေဓာတ်ပါဝင်ခြင်းတို့ကြောင့် နေ့စဉ် စားသုံးသီးနှံအဖြစ်သာမက ဆေးဖက်ဝင်သီးနှံအဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ သို့ဖြစ်ပါသောကြောင့် အထွက်နှုန်းနှင့် အရည်အသွေးကောင်းကာ ရောဂါဒဏ်ခံနိုင်ရည်ရှိ၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်သည့် ကြက်ဟင်းခါး မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ရန် အရေးကြီးပါသည်။ကြက်ဟင်းခါး စိုက်ပျိုးန...
အရွက်စားသီးနှံများအတွက် သင့်တော်သည့် ပဲပုပ်အားဆေးရည်ပြုလုပ်နည်း ပဲပုပ်အားဆေးရည် Soybean Nutrisolution
April, 21 2020
✅ လိုအပ်သော ပစ္စည်းများ၁။ ပဲပုပ် - ၁ ပြည်၂။ ဂလူးကိုစ့် - ၄၀၀ ဂရမ်၃။ သကြား - ၁ ကီလိုဂရမ်၄။ အုန်းသီးအနု - ၄ လုံး (အုန်းစိမ်းရည်နှင့် အုန်းသီးဇွန်းခြစ်)၅။ ဒိန်ချဉ် - ၁၄၀ စီစီ နှင့်၆။ ရှာလကာရည် - ၅၀၀ စီစီ✅ အားဆေးရည် ပြုလုပ်နည်းပဲပုပ်စေ့ကို တစ်ညစိမ်ပြီး ကြိတ်၍ အရည်စစ်ယူပါ။ ထို့နောက် ဂလူးကို့စ် (၄၀၀) ဂရမ်၊ သကြား (၁) ကီလိုဂရမ်၊ အုန်းသီးအနု (၄) လုံး၏ အရည်နှင့် ဇွန်းခြစ်အနှစ်၊ ဒိန်ချဉ် (၁၄၀) စီစီနှင့် ရှာလကာရည် (၅၀၀) စီစီတို့အား ရောထည့်ကာ သမအောင်မွှေပါ။ ယင်းနောက် အဖုံးလုံအောင်ပိတ်ပြီး တစ်လထား...
ငရုတ် Hot Pepper/ Chili Pepper Capsicum annuum စိုက်ပျိုးထုတ်လုပ်နည်း
April, 20 2020
ငရုတ်သည် ၎င်း၌ရှိသော အရောင်၊ အရသာ၊ အစပ်နှင့် အာဟာရဓာတ် အစရှိသော တန်ဖိုးများကြောင့် ကမ္ဘာတစ်ဝန်းတွင် လူကြိုက်များ၍ အရေးပါသော သီးနှံတစ်မျိုး ဖြစ်ပါသည်။ ငရုတ်ကို အစိမ်းသာမက အခြောက်ပါ စားသုံးကြသည်ဖြစ်ရာ ငရုတ်သီးခြောက်အား အရောင်တင်၊ ငရုတ်သီးမှုန့်အပြင် တန်းဖိုးမြှင့်ပစ္စည်းများဖြစ်သော ငရုတ်သီးအနှစ်၊ ငရုတ်ဆီ (Sauce) တို့ကိုလည်း ထုတ်လုပ်နိုင်ပါသည်။ ထို့အပြင် ငရုတ်၌ပါဝင်သော ဗီတာမင်နှင့် သတ္တုဓာတ်များသည် လူသားတို့၏ ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေနိုင်သည့် သီးနှံဖြစ်ရာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်...
TSC တွင် မျိုးသစ်အဖြစ် တင်သွင်းလျှောက်ထားဆဲဖြစ်သည့် ရွှေဖရုံမျိုးသစ် (၂) မျိုး၏ မျိုးစေ့ထုတ်လုပ်ခြင်းသုတေသန
April, 13 2020
ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီမှုရှိ၍ ရေ၊ မြေ၊ ဒေသအလိုက် ဖြစ်ထွန်းမှုရှိသည့် အရည်အသွေးကောင်း၊ အထွက်ကောင်း ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံသီးနှံမျိုးများ မွေးမြူထုတ်လုပ်ခြင်း အစီအစဉ်သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်သုတေသနဌာနစု၏ အရေးပါသည့် သုတေသနလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။ အဆိုပါ သုတေသနအစီအစဉ်အရ ခရမ်းချဉ်၊ ခရမ်း၊ ငရုတ်၊ ဟင်းစားပဲပုတ်၊ ရွှေဖရုံ၊ ကြက်ဟင်းခါး၊ ကန်စွန်းဥ၊ ပိန်းဥ နှင့် နနွင်းအပါအဝင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံသီးနှံမျိုးများ မွေးမြူထုတ်လုပ်ခြင်း သုတေသနမ...
တစ်နှစ်ပတ်လုံး စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ကြက်ဟင်းခါး မျိုးသစ်များအား တောင်သူများထံဖြန့်ဝေနိုင်ရေးအတွက် မျိုးစေ့ပွားများထုတ်လုပ်ခြင်း သုတေသန
April, 12 2020
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်သုတေသနဌာနစုအနေဖြင့် အရည်အသွေးနှင့် အထွက်နှုန်းကောင်းသော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်မျိုးသစ်များ ရှာဖွေဖော်ထုတ်ရန်နှင့် အထွက်နှုန်းတိုးတက်၍ စီးပွားရေးတွက်ခြေကိုက်ကာ စားသုံးမှု လုံခြုံစိတ်ချရသည့် စိုက်ပျိုးနည်းစနစ်များ ရှာဖွေဖော်ထုတ်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်သုတေသနဌာနစု၏ သုတေသနလုပ်ငန်းများ ဆောင်ရွက်မှု၏ အောင်မြင်မှုရလဒ်အဖြစ် သဘာဝ ဝတ်မ...
အပူပိုင်းဒေသတွင် ဖြစ်ထွန်း၍ ရောဂါဒဏ်ခံနိုင်ရည်ရှိသော သဘာဝဝတ်မှုံကူး ငရုတ်မျိုးများ ယှဉ်ပြိုင်လေ့လာခြင်း သုတေသန
April, 11 2020
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်သုတေသနဌာနစုမှ သုတေသန ပညာရှင်များသည် အာဟာရပြည့်ဝ၍ လုံခြုံစိတ်ချရသည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ဈေးကွက်အလားအလာကောင်း၊ အရည်အသွေးကောင်းသည့် ပန်းမန်သီးနှံများရရှိရန် မျှော်မှန်းချက်ဖြင့် သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဌာန၏ အစီအစဉ်ဖြင့်သော်လည်းကောင်း၊ ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့် အကျိုးတူ ပူးပေါင်း၍သော်လည်းကောင်း သုတေသနများ ဆောင်ရွက်လျက်ရှိပါသည်။...
အပင်မျိုးသစ်များ၏ ထူးခြားမှု၊ ညီညာမှုနှင့် တည်ငြိမ်မှုတို့အား စမ်းသပ်စစ်ဆေးခြင်းသုတေသန (DUS Test Research)
April, 10 2020
အပင်မျိုးသစ် အကာအကွယ်ပေးရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်-၂၉ ဖြင့် အတည်ပြု ပြဌာန်းပြီးဖြစ်ရာ၊ အပင်မျိုးမွေးမြူသူများက အပင်မျိုးသစ်အဖြစ် ကာကွယ်ခွင့် ရယူမည်ဆိုပါက လျှောက်ထားသည့် အပင်မျိုးသစ်သည် ဥပဒေပါ သတ်မှတ်ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/ မရှိကို စိုက်ပျိုးစစ်ဆေးခြင်း၊ မှတ်တမ်းအချက်အလက်များကို စစ်ဆေးခြင်း၊ အပင်မျိုးမွေးမြူသူ၏ စိုက်ကွင်းသို့ သွားရောက်စစ်ဆေးခြင်းနှင့် စစ်ဆေးပြီး ရလဒ်အဖြေများကို ဝယ်ယူစစ်ဆေးခြင်းဟူသော နည်းလမ်း (၄) သွယ်အနက်မှ သင့်တော်သည့် နည်းလမ်းအား အသုံးပြု၍ သုတေသနပြု စစ...
ဗီဇအချက်အလက် နည်းပညာများကိုအသုံးပြု၍ မြန်မာနိုင်ငံ၏ ဆန်စပါးမျိုး မွေးမြူရေးကဏ္ဍ မြှင့်တင်ခြင်းစီမံကိန်း၏ သုတေသနဆောင်ရွက်နေမှုများ
April, 2 2020
ဗီဇအချက်အလက် နည်းပညာများကို အသုံးပြု၍ မြန်မာနိုင်ငံ၏ ဆန်စပါး စိုက်ပျိုးမွေးမြူရေး ကဏ္ဍမြှင့်တင်ခြင်း (၅) နှစ်တာ စီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီအဖွဲ့ (JICA)၊ Kyushu University နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ အကျိုးတူပူးပေါင်းကာ ရေဆင်း၊ မြောင်းမြ၊ သဲကုန်းနှင့် အောင်ပန်းတို့တွင် စပါးသုတေသန လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။စီမံကိန်း၏ အဓိကလုပ်ငန်းစဉ်များဖြစ်သည့် အင်းမရဲဘော်နှင့် ပေါ်ဆန်းစပါးမျိုးတို့၏ အထွက်ကောင်းဗီဇ (၂) မျိုးဖြစ်သည့် GN1 နှင့် WFP1 ဗီဇမျ...
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ဆောင်ရွက်လျက်ရှိသော မြေပဲသုတေသနလုပ်ငန်းများ
March, 31 2020
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဆီထွက်သီးနှံသုတေသနဌာနစုအနေဖြင့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်းနှင့် ဆူးပန်း အစရှိသော ဆီထွက်သီးနှံများအား သုတေသနပြု ဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်း၌ စားသုံးဆီဖူလုံရေးအတွက် ရေ၊ မြေ၊ ဒေသ၊ ရာသီဥတုနှင့်ကိုက်ညီ၍ အထွက်နှုန်းကောင်းခြင်း၊ ရောဂါပိုးမွှားဒဏ်ခံနိုင်ခြင်း၊ အရည်အသွေးကောင်းမွန်ခြင်း စသည့် အရည်အချင်းလက္ခဏာများနှင့် ပြည့်စုံသော မျိုးကောင်း၊ မျိုးသန့်များအား သုတေသနပြု မွေးမြူရွေးချယ်ထုတ်လုပ်ရေးသည် ဆီထွက်သီးနှံသုတေသနဌာနစု၏ အဓိကလုပ်ငန်းစဉ်များ ဖြစ်ပါသည်။မြေပဲသီးနှံ သ...
သားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာတွင် ရိတ်သိမ်းနည်းပညာတို့၏ ထုတ်ဝေပြီးစပါးမျိုးများအပေါ် အကျိုးသက်ရောက်မှု လေ့လာခြင်းသုတေသန
March, 26 2020
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေအသုံးချရေးသုတေသနဌာနစုသည် သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေဘဲ စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်မြင့်မားရေး ရည်မှန်းချက်ထား၍ တောင်သူများ အကျိုးရှိစေမည့် ရေအသုံးချရေးဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် ရရှိလာသော သုတေသနရလဒ်များကို လက်တွေ့အသုံးချနိုင်ရေးအတွက် နည်းပညာများ ဖြန့်ဝေပေးနိုင်ရန် မျှော်မှန်းချက်ဖြင့် သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ရေအသုံးချရေးသုတေသနဌာနစုအနေဖြင့် စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် မျိုး၊ စိုက်ပျိ...