Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

SRI စိုက်နည်းစနစ်အတွက် ကောက်စိုက်စက်အသုံးပြုစိုက်ပျိုးရန် စပါးပျိုးဗန်းမျိုးစေ့ချစက်ဖြင့် ပျိုးထောင်ခြင်းအား ကြည့်ရှုစစ်ဆေးခြင်း

January, 13 2020

SRI စိုက်နည်းစနစ်အတွက် ကောက်စိုက်စက်အသုံးပြုစိုက်ပျိုးရန် စပါးပျိုးဗန်းမျိုးစေ့ချစက်ဖြင့် ပျိုးထောင်ခြင်းအား ကြည့်ရှုစစ်ဆေးခြင်း

စပါးနှင့် အခြားနှံစားသီးနှံ သုတေသနဌာနခွဲ၊ စပါးသီးနှံသုတေသနဌာနစုရှိ သုတေသနပညာရှင်များသည် စပါးပျိုးသက်နု ကောက်ကွက်ကြဲ စိုက်နည်းစနစ် (သို့မဟုတ်) စပါးအစွမ်းရှိ စိုက်ပျိုးနည်းစနစ် (SRI) ဖြင့် စိုက်ပျိုးရန်အတွက် လိုအပ်သော ပျိုးပင်များရရှိရန်၊ စပါးပျိုးဗန်း မျိုးစေ့ချစက်ဖြင့် ပျိုးထောင်ခြင်းအား စက်မှုလယ်ယာဦးစီးဌာနမှ ပညာရှင်များနှင့် ပူးပေါင်း၍ သုတေသနပြု ဆောင်ရွက်နေလျက်ရှိရာ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦး၊ စက်မှုလယ်ယာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုမောင်၊ ညွှန်ကြားရေးမှူး (သုတေသနနှင့် နည်းပညာ) ဦးဇော်ခင်တို့က ၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ (၁၃) ရက်နေ့၊ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ကွင်းဆင်းစစ်ဆေး ကြည့်ရှုစဉ် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးလှိုင်က ကောက်စိုက်စက်တွင် အသုံးပြုသည့် ပျိုးဗန်းများ ပျိုးထောင်ရာတွင် မျိုးစေ့တစ်စေ့ချင်းချ၍ ပျိုးထောင်နိုင်သည့် စက်၏ စွမ်းဆောင်ရည်နှင့်အားသာချက်တို့အား ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါ ပျိုးဗန်းစပါးမျိုးစေ့ချစက်ကို အသုံးပြုခြင်းဖြင့် တစ်ဧကအတွက် မျိုးစပါး နို့ဆီဗူး (၈) ဗူးမှ (၁၀) ဗူးသာ ကုန်ကျမည်ဖြစ်ခြင်းကြောင့် မျိုးစေ့ကုန်ကျစရိတ်သက်သာခြင်း၊ တစ်နာရီလျှင် ပျိုးပင် (၄၄၈) ပင်ပါ ပျိုးဗန်း (၃၀) ဗန်း မှ (၄၀) ဗန်းအထိ စိုက်ပျိုးပြီးစီးနိုင်ခြင်းကြောင့် အချိန်ကုန်သက်သာခြင်း၊ ပျိုးဗန်းအတွင်း အပင်ဦးရေ (၉၅) ရာခိုင်နှုန်းကျော်အထိ စွမ်းဆောင်ရည်ရှိခြင်းနှင့် ပျိုးဗန်းစပါးမျိုးစေ့ချစက်အသုံးပြုရန် ကျွမ်းကျင်လုပ်သား (၃) ဦးသာ လိုအပ်ခြင်းကြောင့် လုပ်သားရှားပါးမှုပြဿနာကို ကျော်လွှားနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

SRI စိုက်နည်းစနစ်အတွက် ကောက်စိုက်စက်အသုံးပြုစိုက်ပျိုးရန် စပါးပျိုးဗန်းမျိုးစေ့ချစက်ဖြင့် ပျိုးထောင်ခြင်းအား ကြည့်ရှုစစ်ဆေးခြင်းSRI စိုက်နည်းစနစ်အတွက် ကောက်စိုက်စက်အသုံးပြုစိုက်ပျိုးရန် စပါးပျိုးဗန်းမျိုးစေ့ချစက်ဖြင့် ပျိုးထောင်ခြင်းအား ကြည့်ရှုစစ်ဆေးခြင်းSRI စိုက်နည်းစနစ်အတွက် ကောက်စိုက်စက်အသုံးပြုစိုက်ပျိုးရန် စပါးပျိုးဗန်းမျိုးစေ့ချစက်ဖြင့် ပျိုးထောင်ခြင်းအား ကြည့်ရှုစစ်ဆေးခြင်းSRI စိုက်နည်းစနစ်အတွက် ကောက်စိုက်စက်အသုံးပြုစိုက်ပျိုးရန် စပါးပျိုးဗန်းမျိုးစေ့ချစက်ဖြင့် ပျိုးထောင်ခြင်းအား ကြည့်ရှုစစ်ဆေးခြင်း