Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

Climate Smart Village (CSV) စီမံကိန်း၏ကျေးရွာဖြစ်သော ညောင်ဦးမြို့နယ်၊ ထီးပုကျေးရွာမှ တောင်သူများလေ့လာရေးလာရောက်ခြင်း

January, 30 2020

Climate Smart Village (CSV) စီမံကိန်း၏ကျေးရွာဖြစ်သော ညောင်ဦးမြို့နယ်၊ ထီးပုကျေးရွာမှ တောင်သူများလေ့လာရေးလာရောက်ခြင်း

လူမှုဖွံ့ဖြိုးတိုးတက်‌ရေးအသင်း (CDA)၊ International Institute of Rural Reconstruction (IIRR) နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် Climate Smart Village (CSV) စီမံကိန်း ဧရိယာတစ်ခုဖြစ်သော မန္တလေးတိုင်း‌ဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ထီးပုကျေးရွာများမှ တောင်သူ (၂၀) ဦး ပါဝင်သည့် လေ့လာရေးအဖွဲ့သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်း (ရုံးချုပ်) သို့ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့က လေ့လာရေးလာရောက်ခဲ့ပါသည်။

အဆိုပါလေ့လာရေးအဖွဲ့သည် စိုက်ပျိူး‌ရေးနည်းပညာဗဟုသုတများ၊ ဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံမျိုးသစ်များနှင့် စိုက်နည်းစနစ်များ၊ ရိတ်သိမ်းချိန်လွန် နည်းပညာဗဟုသုတများတို့ကို လေ့လာရန်ရည်ရွယ်၍ လူမှုဖွံ့ဖြိုးတိုးတက်‌ရေး အသင်း (CDA) မှစိုက်ပျိုးရေးပညာရှင်ဦးဆောင်ကာ လေ့လာရေးလာရောက်ခြင် းဖြစ်ပါသည်။

လေ့လာရေးအဖွဲ့အား စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုခဲ့ပြီး၊ ပဲမျိူးစုံသီးနှံသုတေသနဌာနစုတွင် မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစင်းငုံ တို့၏ စိုက်ပျိုးနည်းစနစ်များ၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းများနှင့် ‌‌တောင်သူများဖြစ်ပေါ်နေသော စိုက်ပျိုးရေးဆိုင်ရာအခက်အခဲများဖြေရှင်းဆွေးနွေးပေးခြင်း၊ ဆီထွက်သီးနှံသုတေသနဌာနစုတွင် မြေပဲသီးနှံ၏ စိုက်နည်းစနစ်များနှင့် ပေါင်းသတ်ဆေးသုံးစွဲပုံနည်းလမ်းများတို့ကို ရှင်းလင်းဆွေးနွေးပေးခြင်း၊ မျိုးစေ့ဘဏ်ပြခန်း (၁) အတွင်း ခင်းကျင်းပြသထားသော စပါး၊ ပြောင်းနှင့် နှံစား၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်သုတေသနပြခန်းများ၊ ဆီထွက်နှင့် စက်မှုသီးနှံပြခန်းများ၊ သီးနှံစိုက်စနစ်၊ သီးနှံပိုးမွှားနှင့် ရောဂါကာကွယ်ရေးသုတေသန၊ ဇီဝနည်းပညာ (အပင်တစ်သျူးနည်းပညာ)၊ အဏုဇီဝ၊ မြေဆီလွှာနှင့် ရေအသုံးချရေး သုတေသနပြခန်းများအားလည်းကောင်း၊ မျိုးစေ့ဘဏ်ပြခန်း (၂) အတွင်း ခင်းကျင်းပြသထားသည့် စပါးမျိုးရိုးဗီဇကွဲများ၊ သီးနှံအရင်းအမြစ်များ ထိန်းသိမ်းထားမှုများ၊ အာဟာရဖျော်ရည်ဖြင့် မြေလွှာမဲ့ (Hydroponic) စိုက်ပျိုးထားရှိသော ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာသုတေသနလုပ်ငန်းများကို စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

Climate Smart Village (CSV) စီမံကိန်း၏ကျေးရွာဖြစ်သော ညောင်ဦးမြို့နယ်၊ ထီးပုကျေးရွာမှ တောင်သူများလေ့လာရေးလာရောက်ခြင်းClimate Smart Village (CSV) စီမံကိန်း၏ကျေးရွာဖြစ်သော ညောင်ဦးမြို့နယ်၊ ထီးပုကျေးရွာမှ တောင်သူများလေ့လာရေးလာရောက်ခြင်းClimate Smart Village (CSV) စီမံကိန်း၏ကျေးရွာဖြစ်သော ညောင်ဦးမြို့နယ်၊ ထီးပုကျေးရွာမှ တောင်သူများလေ့လာရေးလာရောက်ခြင်းClimate Smart Village (CSV) စီမံကိန်း၏ကျေးရွာဖြစ်သော ညောင်ဦးမြို့နယ်၊ ထီးပုကျေးရွာမှ တောင်သူများလေ့လာရေးလာရောက်ခြင်းClimate Smart Village (CSV) စီမံကိန်း၏ကျေးရွာဖြစ်သော ညောင်ဦးမြို့နယ်၊ ထီးပုကျေးရွာမှ တောင်သူများလေ့လာရေးလာရောက်ခြင်းClimate Smart Village (CSV) စီမံကိန်း၏ကျေးရွာဖြစ်သော ညောင်ဦးမြို့နယ်၊ ထီးပုကျေးရွာမှ တောင်သူများလေ့လာရေးလာရောက်ခြင်းClimate Smart Village (CSV) စီမံကိန်း၏ကျေးရွာဖြစ်သော ညောင်ဦးမြို့နယ်၊ ထီးပုကျေးရွာမှ တောင်သူများလေ့လာရေးလာရောက်ခြင်း