Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

ASEAN RiceNet ဆိုင်ရာ မြန်မာနိုင်ငံ၏ အမျိုးသားစီမံကိန်း ဆောင်ရွက်ရန် အကြိုညှိနှိုင်းဆွေးနွေးခြင်း

August, 27 2020

ASEAN RiceNet ဆိုင်ရာ မြန်မာနိုင်ငံ၏ အမျိုးသားစီမံကိန်း ဆောင်ရွက်ရန် အကြိုညှိနှိုင်းဆွေးနွေးခြင်း

စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) နှင့် အပြည်ပြည်ဆိုင်ရာဆန်စပါး သုတေသနဌာန (IRRI) တို့ ပူးပေါင်း၍ ASEAN RiceNet ဆိုင်ရာ မြန်မာနိုင်ငံ၏ အမျိုးသားစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် သက်ဆိုင်သော သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆွေးနွေးခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၇) နေ့ နေ့လည်ပိုင်းက ရေဆင်း၊ နေပြည်တော်ရှိ နဝရတ်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာသုတေသနတာဝန်ခံများ၊ IRRI မှ ဌာနေကိုယ်စားလှယ် Robert Caudwell နှင့် အဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။

ASEAN RiceNet စီမံကိန်း၏ သုတေသနလုပ်ငန်းများအား ၂၀၂၁- ၂၀၂၂ ခုနှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး၊ စပါးအခြေခံသီးနှံစိုက်ပျိုးရေးစနစ်များ၊ ဆန်စပါးထုတ်လုပ်မှုကို ကဏ္ဍပေါင်းစုံမှ သုတေသနနှင့် ပညာပေးခြင်းဖြင့် စပါးထုတ်ကုန်များ၏ အရည်အသွေးနှင့် အရေအတွက် ဖွံ့ဖြိုးတိုးတက်လာစေရေး သုတေသနလုပ်ငန်းများအပါအဝင် သုတေသီများ၏ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းများ ဆောင်ရွက်ရန်အတွက်လည်း အဓိကထားဆွေးနွေး၍ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ASEAN RiceNet ဆိုင်ရာ မြန်မာနိုင်ငံ၏ အမျိုးသားစီမံကိန်း ဆောင်ရွက်ရန် အကြိုညှိနှိုင်းဆွေးနွေးခြင်းASEAN RiceNet ဆိုင်ရာ မြန်မာနိုင်ငံ၏ အမျိုးသားစီမံကိန်း ဆောင်ရွက်ရန် အကြိုညှိနှိုင်းဆွေးနွေးခြင်း