Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

🍚ဆန်မုန့်ဆမ်း 🍚 Flaked Rice 🍚 ဆန်မုန့်ဆမ်း ပြုလုပ်ပုံ အဆင့်ဆင့်

May, 20 2020

🍚ဆန်မုန့်ဆမ်း 🍚 Flaked Rice 🍚 ဆန်မုန့်ဆမ်း ပြုလုပ်ပုံ အဆင့်ဆင့်

အဆင့်- ၁
- စပါးစေ့များကို အပူချိန် (၉၀ - ၉၅) ဒီဂရီစင်တီဂရိတ်အထိ အပူပေးထားသော ရေနွေးဖြင့် (၆) နာရီမှ (၈) နာရီကြာသည်အထိ စိမ်ပါ။
- စပါးစေ့များကို ရေနွေးဖြင့်စိမ်စဉ် ရေပေါ်သို့ ပေါလောပေါ်လာသော အဖျင်းအမှော်များကို ဖယ်ထုတ်ရပါမည်။
- ထို့နောက် ရေနွေးစိမ်ထားသော စပါးစေ့များတွင် အစိုဓာတ်မကျန်သည်အထိ ရေစစ်ပြီး၊ တစ်ညအိပ် လေသလပ်ခံပါ။

အဆင့် - ၂
- ရေစစ်၍ လေသလပ်ခံထားသော စပါးမျာကို ပမာဏ အနည်းငယ်စီခွဲကာ ဒယ်အိုးထဲတွင် အပူချိန် ( ၁၆၀ - ၁၆၅) ဒီဂရီစင်တီဂရိတ်အထိ အပူပေးထားသော သဲနှင့်အတူရော၍ စပါးစေ့အချို့ ပေါက်သည်အထိ လှော်ပါ။

အဆင့်- ၃
- လှော်ထားသော စပါးစေ့များအတွင်း အပူချိန်နှင့် အစိုဓာတ်ညီစေရန်အတွက် ဂုန်နီအိတ်စများဖြင့် ဖုံးအုပ်ထားရပါမည်။

အဆင့်- ၄
- ထို့နောက် စပါးစေ့များကို မုန့်ဆမ်းပြုလုပ်သည့်စက် (Edge Runner) တွင် ထည့်၍ ကြိတ်ကာ မုန့်ဆမ်းရအောင် ပြုလုပ်ပါ။
- ထို့နောက် အဆင့်ခွဲခြားသော ဇကာစက်ဖြင့် မုန့်ဆမ်း၊ ဖွဲနှင့် စပါးခွံများကို သီးခြားစီ ခွဲထုတ်ပါ။
- ဖယ်ရှားလိုက်သော ဖွဲနုများကို အလေအလွင့်မဖြစ်စေဘဲ တိရစ္ဆာန်စာအဖြစ် အသုံးပြုနိုင်ပါသည်။

အဆင့်- ၅
- ရရှိလာသော မုန့်ဆမ်းများကို ကြိုက်နှစ်သက်သလို ဆီဖြင့်ကြော်ကာ မြေပဲကြော်၊ ငရုတ်သီးကြော်တို့နှင့် တွဲဖက်၍သော်လည်းကောင်း၊ ရေနွေးနှင့်နှပ်ကာ အုန်းနှင့် သကြားတို့ဖြင့် ရောမွှေ၍သော်လည်းကောင်း စားသုံးနိုင်ပါသည်။

မူရင်း- စပါးဇီဝဥယျာဉ်သုတေသနဌာနစု၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ဝေသော မုန့်ဆမ်းပြုလုပ်ပုံအဆင့်ဆင့် (အစားအစာဆိုင်ရာ သုတေသန) ပညာပေးလက်ကမ်းစာစောင်

🍚ဆန်မုန့်ဆမ်း 🍚 Flaked Rice 🍚 ဆန်မုန့်ဆမ်း ပြုလုပ်ပုံ အဆင့်ဆင့်🍚ဆန်မုန့်ဆမ်း 🍚 Flaked Rice 🍚 ဆန်မုန့်ဆမ်း ပြုလုပ်ပုံ အဆင့်ဆင့်🍚ဆန်မုန့်ဆမ်း 🍚 Flaked Rice 🍚 ဆန်မုန့်ဆမ်း ပြုလုပ်ပုံ အဆင့်ဆင့်🍚ဆန်မုန့်ဆမ်း 🍚 Flaked Rice 🍚 ဆန်မုန့်ဆမ်း ပြုလုပ်ပုံ အဆင့်ဆင့်